www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

စီပါ (သီးရွက်စုံတောင်ယာဟင်း)

ပါဝင်ပစ္စည်းများ
ရွှေဖရုံသီး၊ ရုံးပတီသီး၊
ပင်စိမ်းပဲတောင့်ရှည်၊
ဘူးညွှန့်၊ ဂေါ်ရခါးညွန့်၊
ဟင်းနုနွယ်၊ မုန်ညင်းရွက်၊
မှိုတုံတုံမျှစ်တိုခြောက်၊
နံနံပင်၊ ငရုတ်သီးစိမ်း၊
ကြက်သွန်ဖြူ၊ဆီ၊ ကန်စွန်းရွက်။
ပြုလုပ်ပုံ အဆင့်ဆင့်
အသီးအရွက်တွေကို သန့်စင်ပြီး အရွယ်တော် လှီးထားပါ။ အိုးပူလာရင် ဆီကို ထမင်းစား ဇွန်းတစ်ဝက်ခန့် ထည့်ပြီး ကြက်သွန်ဖြူသုံးလေးတက် လောက်ကို ဓားပြားရိုက်ပြီး ထည့်ပါ။ ရွှေဖရုံသီးနဲ့ပဲသီးကိုထည့်ပြီး တစ်မိနစ်လောက်ဖုံးထားပါ။
ပြီးမှကျန်တဲ့ အသီးအရွက်တွေထည့်ပြီး ရောမွှေပါ။ ဟင်းရွက်က အရည်လေးတွေ နည်းနည်း ထွက်လာပြီဆိုရင် မျှစ်တိုခြောက်နဲ့ ဆားအနည်းငယ် ထည့်ပါ။
ရေနွေး အနည်းငယ်ထည့်ပြီး ခဏဖုံးထားပါ၊ အငွေ့တက်လာပြီမှ အရွက်တွေကို မွှေပါ။ အရသာ အနေတော်ဖြစ်ပြီဆိုရင် ငရုတ်သီးစိမ်းနဲ့ နံနံပင်ကို ထည့်ပြီး သုံးဆောင်လို့ ရပါပြီ။ သီးရွက်စုံတောင်ယာဟင်းချက်ဖို့ အသီးအရွက်တွေကို ရာသီပေါ်သီးနှံတွေနဲ့ အဆင်ပြေ သလိုချက်လို့ရပါတယ်။
Ref : The Myanmar Times

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်