www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Friday, May 17, 2013

တစ်နေ့လုံး မွှေးရနံ့ သင်းပျံ့နေအောင်

သင်အနှစ်သက်ဆုံး ရေမွှေးဆွတ်ထားပြီး တစ်နေ့ လုံး မွှေးရနံ့ သင်းပျံ့မနေမှာကို စိုးရိမ်တတ်သူတွေ သိထားသင့်တဲ့ အမေးအဖြေတွေကို ဖော်ပြပေးလိုက်ပါ တယ်။
 ရေမွှေးတစ်ပုလုလင်းက ရနံ့ မပြယ်ဘဲ ဘယ်လောက်ကြာ ကြာ သုံးနိုင်ပါသလဲ။ 
ယေဘုယျအားဖြင့် ပြောရ ရင် ရေမွှေးတစ်ပုလင်းက တစ်နှစ် ကျော်ကြာတဲ့အထိ လတ်ဆတ်ပြီး မွှေး ရနံ့သင်းပျံ့နေတတ်ပါတယ်။ ဒါပေမဲ့ ရေမွှေးပုလင်းကို နေရောင်ခြည်တိုက်ရိုက် မကျတဲ့နေရာ၊ အေးမြခြောက်သွေ့တဲ့ အခန်းထဲမှာ ထားဖို့တော့ လိုပါတယ်။ ဒီလို မှမဟုတ်ရင် အရောင်နဲ့ အနံ့အပြောင်း အလဲတွေဖြစ်ပြီး အာနိသင်ပါ ဆုံးရှုံးရ တတ်ပါတယ်။
ကျွန်မအမျိုးသား မကြိုက်တဲ့ ရေ မွှေးနံ့ကို ကျွန်မက သဘောကျနေတယ်။ ဘယ်လိုလုပ်သင့်ပါသလဲ။
ရေမွှေးနံ့ရဲ့ ပြင်းအားကို ဖုံးအုပ်ဖို့ အနံ့မပြင်းတဲ့ ဘော်ဒီလိုးရှင်းကို လိမ်း ပေးသင့်ပါတယ်။ ရေမွှေးနံ့ရဲ့ ပြင်းအား ကို လျော့ကျစေနိုင်တဲ့ အနံ့တွေက ဗနီ လာနံ့နဲ့ စန္ဒကူးနံ့တွေ ဖြစ်ပါတယ်။ ဒီရနံ့ တွေပါတဲ့ ဘော်ဒီလိုးရှင်းကို လိမ်းပေးပါ။
 အမျိုးသမီးဟာ ရေမွှေးနံ့ တစ်မျိုးတည်းကိုပဲ ဆွတ်သင့် တာလား။ တကယ်လို့ ရေမွှေးနံ့နှစ်မျိုး ကိုကြိုက်နေရင် တစ်လှည့်စီ ဆွတ်သင့် သလား။
ရေမွှေးနံ့ အများစုဟာ သင့်ကို စိတ် ကြည်နူးမှု ရရှိစေတယ်ဆိုရင် ကောင်းပါ တယ်။ တခြားဖန်စီလက်ဝတ်လက်စား တွေလိုပဲ ရာသီဥတုအခြေအနေ၊ နေ့တစ် နေ့ရဲ့ အချိန်ကာလနဲ့ စိတ်ခံစားမှုအပေါ် မူတည်ပြီး ရေမွှေးနံ့ကို ပြောင်းဆွတ်နိုင်ပါ တယ်။ မွှေးရနံ့ တစ်ခုပြယ်သွားအောင် ဆပ်ပြာနဲ့ ရေသုံးပြီး ရေချိုးလိုက်ပါ။ ဒါ ဆိုရင် နောက်ရေမွှေးတစ်မျိုးကို ပြောင်း ဆွတ်နိုင်ပါပြီ။
ရေမွှေးနံ့တစ်မျိုးကို ဆွတ်တာ တစ် ပတ်လောက်ကြာပြီဆိုပေမယ့် အဲဒီအနံ့ ကို သဘောမကျတော့ပါဘူး။ တခြားသူတွေက အဲဒီအနံ့ကို သဘောကျကြတယ်။ ဘာကြောင့် အဲ့လို ဖြစ်ရတာလဲ။
ဒါက အရင်ကကြိုက်ခဲ့တဲ့ ရေမွှေးနံ့ ကို ယာယီ သဘောမကျတော့တာမျိုးပါ။ အရင်က ဒအီ နံ့ကို သငသ် ဘောကျခဲ့ပေ မယ့် နောက်ပိုင်းမှာ သင့်ဦးနှောက်က ထပ်ပြီးလက်မခံလိုတော့တာမျိုးပါ။ သင့် အနံ့ခံအာရုံမှာ အပြောင်းအလဲဖြစ်တာ ကြောင့် ဖြစ်နိုင်တဲ့အတွက် ကော်ဖီစေ့ရှူ တာမျိုးနဲ့အနံ့ခံအာရုံပြန်ကောင်းအောင် လုပ်ဆောင်ပါ။ တစ်ပတ်လောက် အဲဒီရေ မွှေး ကို မဆတွ ဘ်ဲ ထားလိုက်ပါ။ နောက် ပိုင်းမှာ ဒီရေမွှေးနံ့ကို သင်ပြန်လည် သဘော ကျသွားပါလိမ့်မယ်။
တစ်နေ့လုံးမွှေးရနံ့ စွဲနေအောင် ဘာလုပ်သင့်ပါသလဲ။
သင်ကြိုက်တဲ့ မွှေးရနံ့ပါတဲ့ ဆပ်ပြာ နဲ့ အရင်ဆုံးရေချိုးလိုက်ပါ။ ဒါဆိုရင် သင့် အရေပြားက သင်းပျံ့နေပါလိမ့်မယ်။ ပြီး ရင် ရနံ့သင်းပျံ့တဲ့ အစိုဓာတ်ထိန်းခရင်မ် လိမ်းပါ။ အဓိကအချက်က ရေချိုးပြီး အရေ ပြား စိုထိုင်းစရှိနေတုန်းမှာ အစိုဓာတ်ထိန်း ခရင်မ်လိမ်းပေးဖို့ ဖြစ်ပါတယ်။ ဒါဆိုရင် အရေပြားက အကောင်းဆုံး စုပ်ယူနိုင်ပါ လိမ့်မယ်။ ပြီးရင် ရေမွှေးကို အယ်လ်ကို ဟောပါဝင်မှု အနည်းဆုံးဖြစ်မယ့် အမျိုး အစားရွေးချယ်ပါ။ ရေမွှေးထဲမှာ အယ်လ် ကိုဟောပါဝင်မှု အနည်းဆုံးဖြစ်လေလေ၊ မွှေးရနံ့က ကြာကြာခံလေလေပဲ ဖြစ်ပါတယ်။ နောက်ထပ် အရေးပါတဲ့အချက်က သင့်အဝတ်အစားတွေကို မီးပူတိုက်တဲ့အ ခါမှာ မွှေးရနံ့ပါတဲ့ အရည်ကို ပက်ဖျန်း ပေးဖို့ ဖြစ်ပါတယ်။ မီးပူအပူရှိန်က မွှေး ရနံ့တွေကို အဝတ်အစားထဲ စိမ့်ဝင်သွား စေပါတယ်။ အပြင်ထွက်ခါနီးမှာ ရေမွှေး ကို လက်ထဲ အနည်းငယ်ဖျန်းပြီး လက် ချောင်းတွေနဲ့ ဆံပင်ကြားထဲ ထိုးဖွလိုက် ပါ။ ဒါဆိုရင် တစ်နေ့တာလုံး သင်ဟာ ရနံ့သင်းပျံ့နေပါလိမ့်မယ်။
 ရေမွှေးနှစ်မျိုးကို ပေါင်းစပ်ပြီး အသုံး ပြုသင့်ပါသလား။
ရေမွှေးနှစ်မျိုးကို ပေါင်းစပ်ပြီး ဆွတ် တာက သင့်ကိုယ်ပိုင်ရနံ့ကို ဖော်ပြနိုင်ပါ တယ်။ ရေမွှေးအများစုကလည်း တစ်ခု နဲ့ တစ်ခု ပေါင်းစပ်သုံးလို့ရအောင် ထုတ် လုပ်ထားတာပါ။ ဒါကြောင့် ရောစပ်ပြီး သုံးတတ်ရင်လည်း သင့်အတွက် ထူးခြား တဲ့ ကိုယ်နံ့ကို ဖြစ်စေနိုင်ပါတယ်။
 ရေမွှေးဝယ်မယ်ဆိုရင် ကိုယ်ကြိုက် တဲ့ ရေမွှေးနံ့ဟုတ်၊ မဟုတ် သိအောင် ဘယ်လို စမ်းသပ်ရမလဲ
ရေမွှေးကောင်တာတွေမှာ စမ်းပြီး ဆွတ်ကြည့်လို့ရတဲ့ ရေမွှေးတွေ ရှိပါတယ်။ ရေမွှေးကို လက်ကောက်ဝတ်အတွင်းဘက် အရေပြားမှာ ပွတ်လိမ်းပြီး သင့်ကိုယ်ပိုင် အရေပြားနဲ့ ဓာတ်ပြုမှုရှိ၊ မရှိ စောင့် ကြည့်သင့်ပါတယ်။ တစ်မိနစ်လောက် ကြာရင် ရေမွှေးနံ့ကို နမ်းကြည့်ပါ။ တစ် နေ့လုံး အဲဒီအရေပြားနေရာမှာ နီမြန်းတာ၊ ရောင်တာ၊ ယားတာစတဲ့ အပြောင်းအလဲ တွေ ရှိ၊ မရှိ စောင့်ကြည့်သင့်သလို ရေ မွှေးနံ့က ဘယ်လိုပြောင်းလဲမှုရှိသလဲ ဆို တာကိုလည်း သိအောင် မွှေးကြူသင့်ပါ တယ်။ ရေမွှေးနံ့က ကြာရှည်စွဲပြီး သင့် အရေပြားနဲ့ သင့်တော်တယ်ဆိုရင် ဝယ်သင့် ပါတယ်။
ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

By Good Health

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်