www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Friday, May 17, 2013

အာဒမ်၏တဏှာ

တစ်နေ့ ဧဒင် ဥယျာဉ်ပန်းခြံ ကျယ်ကြီးရဲ့ပန်းခင်းအဆုံးထိ လမ်းလျှောက်တွေးတောရင်းနဲ့ .. စဉ်းစားမိတယ် .. သူဆုံးဖြတ်လိုက်တယ် .. ငါ့အရှင်ကို မေးမှရတော့မယ် .. ချက်ချင်းပဲ

သူ့အရှင်ကိုခေါ်လိုက်တယ် ..

“ အို … အရှင် .. ကျွန်ုပ် အရှင့်ကို မေးစရာရှိတယ် “

“ အို … ချစ်သား အာဒမ် .. ဘာများလဲမေးစရာရှိတာမေးပါ “

“ အရှင် .. အရှင်သည် ကျွန်ုအားဖန်ဆင်းပေးခဲ့ပြီး ကျွနုပ်အတွက် ကြီးမားလှပတဲ့ ပန်းခြံရယ် … အံသြစရာကောင်းတဲ့ ချစ်စရာကောင်းတဲ့ တရိစ္ဆာတွေကို ဖန်ဆင်းပေးသနားတော်မူခဲ့တယ်”

“ ဒါပေမယ့် … ကျွန်တော်မပျာ်တော့ဘူးအရှင် “

“ အို .. ချစ်သား .. ဘာကြောင့်များလဲကွ “

“ အရှင် .. ဒီနေရာ .. ဒီစားစရာတွေကို .. ကျွန်ုပ်အတွက် ပျော်ရွင်အောင်လို့ ချစ်စရာကောင်း

တဲ့သတ္တ၀ါတွေကို .. ဖန်ဆင်းပေးခဲ့သနားတော်မူခဲ့တယ် … “ ဒါပေမယ့်….

` ကျွန်ုပ်အဖို့ ဒါတွေဟာတော်တော်လေးကို အထီးကျန်ဆန်လှပါတယ် ´

` ကောင်းပြီ .. ချစ်သား .. ငါ မင်းအတွက်အကောင်းဆုံးဖြည့်ဆည်းပေးနိုင်မယ့် … မိန်းမဆို

သောသတ္တ၀ါအား .. ငါဖန်ဆင်းပေးမယ် .. ´

´ အရှင် .. မိန်းမဆိုတာ ဘယ်လို သတ္တ၀ါပါလိမ့် ´

 ´ ချစ်သား .. မိန်းမဆိုတာ … ချစ်သားလိုပဲ .. ပုံအဆင်းက ´ ဒီမိန်းမဟာ … ဥာဏ်ရည်ထက်မြတ်မယ် … စေ့ဆော်မှုအားကောင်းတယ် .. ဂရုစိုက်တတ်တယ် ..

ပြီးတော့ မင်းအတွက်ချစ်စရာကောင်းတဲ့ အလှအပ .. အနှစ်သာရတွေကို .. ဖန်တီးပေးလိမ့်မယ် ..

´ သူဟာ ဥာဏ်ရည်ထက်မြတ်လွန်းတဲ့အတွက် .. မင်းလိုအပ်တာကို ထုတ်မပြောခင်မှာ

ပဲ .. မင်းအရိပ်အကဲ ကိုကြည့်ပြီး .. မင်းဆန္ဒတွေကို ဖြည့်ဆည်းပေးလိမ့်မယ် ….

ပြီးတော့သူဟာ .. စေ့ဆော်မှုအားကောင်းပြီး .. ဘယ်လိုဂရုစိုက်ရမယ်ဆိုတာကို

ကောင်းကောင်းသိတဲ့အတွက် မင်းရဲ့လှုပ်ရှားမှုတွေတိုင်း ၊ မင်းရဲ့အရိပ်အကဲကို

ကြည့်ပြီး မင်းကိုပျော်ရွင်အောင်လုပ်ပေးနိုင်တဲ့အပြင် .. မင်းလိုအပ်တဲ့အခါ

မင်းတောင့်တလိုက်တဲ့အခါတိုင်း … မင်းဆွံအသွားတဲ့ အထိ မင်းကိုကြင်နာမှုတွေ

ပေးလိမ့်မယ် .. ချစ်သား ´

သူမဟာ .. မင်းအတွက်အကောင်းဆုံးအဖော်တစ်ယောက်ပဲ ….

` အို .. အရှင်ကြားရတာတော့ သိပ်ဝမ်းသာစရာကောင်းလှပါတယ် ´

ဒါပေမယ့် .. ချစ်သား .. မင်းဒီမိန်းမအတွက် တစ်ခုတော့ပြန်ပေးဆပ်ရလိမ့်မယ်

´ အို .. အရှင် ဘယ်လိုများပြန်ပေးဆပ့်ရမှာလဲ ´

´ ချစ်သား … သူ့ကို ဖန်ဆင်းဖို့ မင်းရဲ့ အရိုးတစ်ချောင်းကိုအသုံးပြုမှရမယ် ´

အာဒမ် … ခဏတွေဝေပြီးလေးလေးနက်နက်စဉ်းစားလိုက်တယ် …

` အရှင် .. တစ်ခုလောက်မေးပါရစေ ´

` မေးပါ .. ချစ်သား ´

` အရိုးတစ်ချောင်းဟာ . .တစ်ယောက်ပဲဖန်ဆင်းနိုင်မှာလား ´

` ဟုတ်တယ် .. ချစ်သား ဘာကြောင့်လဲကွ ´

` ဒါဆိုရင် … သားတော်၏ ခန္ဓာကိုယ်ထဲမှာ အရိုးပေါင်း 206 ချောင်းရှိပါတယ် ´

  အချောင်း 100 ကိုယူပြီး အယောက် 100 ဖန်ဆင်းပေးပါခင်ဗျာ …..

` ဟေ…. ဘာကြောင့်လဲကွ ´

` သားတော် .. တစ်ယောက်ထဲနဲ့ မတင်းတိမ်နိုင်လို့ပါ ´

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်