www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

ဝင်လေထွက်လေဆိုတာ

နိဗ္ဗာန်ဝင်ဖို့ ၊ ကိလေသာထွက်ဖို့ ပါ
အတိတ်က အသင်္ချေအနန္တ မရေမတွက်နိုင်အောင် များပြား
လှတဲ့ ဘုရားရှင်တွေလည်း အာနာပါနကမ္မဋ္ဌာန်းနဲ့ ပဲ ဘုရားဖြစ်ခဲ့တယ်။
အခုဂေါတမမြတ်စွာဘုရားရှင်လည်း အာနာပါနကမ္မဋ္ဌာန်းနဲ့ ပဲ
ဘုရားဖြစ်ခဲ့တယ်။ နောင်ပွင့်မယ့် အရိမေတ္တယျဘုရားရှင်နဲ့ တကွ အသင်္ချေ
အနန္တ မရေမတွက်နိုင်အောင် ပွင့်တော့မူကြဦးမယ့် ဘုရားရှင်တွေ အားလုံး
လည်း အာနာပါနကမ္မဋ္ဌာန်းနဲ့ ပဲ ဘုရားဖြစ်ကြဦးမယ်။
အာနာပါနကမ္မဋ္ဌာန်းမှတစ်ပါးသော ကမ္မဋ္ဌာန်းကို အားထုတ်ပြီးဖြစ်တဲ့
ဘုရားဆိုတာ အတိတ်မှာလည်းမရှိ၊ ပစ္စုပ္ပန်မှာလည်းမရှိ၊အနာဂတ်မှာလည်း
မရှိ၊ ဘယ်တော့ဆိုဘယ်တော့မှ မရှိနိုင်ဘူး။ ဒါဟာ ဘုရားရှင်တိုင်းရဲ့  ဓမ္မတာ
တစ်ခုပါပဲ။
ဘုရားဖြစ်ရုံသက်သက်ပဲလားဆိုတော့ မဟုတ်ဘူး။ ဘုရားဖြစ်
ပြီးတဲ့ နောက်ပိုင်းမှာလည်းပဲ တရားဟောစရာရှိရင်ဟောမယ်။ ချေချွတ်
ရမယ့်သတ္တ၀ါတွေကို ဥာဏ်နဲ့ ဖြန့် ပြီးတော့ ရှာတဲ့အလုပ်ကို လုပ်ချင်လုပ်မယ်။
အဲဒီအလုပ်တွေ လုပ်စရာမရှိလို့  အချိန်ရပြီဆိုလို့ ရှိရင် ဘုရားရှင်တို့ ဟာ
အာနာပါန ကမ္မဋ္ဌာန်းကို အားထုတ်ပြီးတော့ အာနာပါနဈာန်ဝင်စားပြီး
တော့ပဲ အချိန်ကို ကုန်ဆုံးလေ့ရှိကြပါတယ်။
မြတ်စွာဘုရားရှင်ဟာ တစ်ရံတစ်ခါ ကယ်ချွတ်ရမယ့် သတ္တ၀ါ
တွေ မရှိတော့တဲ့အခါ တစ်ခါတလေ ခုနှစ်ရက်၊ တစ်ခါတလေ
ဆယ့်ငါးရက်၊ တစ်ခါတလေ တစ်လ၊ သုံးလ အဲ့ဒီလို ရဟန်းပုဂ္ဂိုလ်၊
လူပုဂ္ဂိုလ် ဘယ်သူနဲ့ မှအတွေ့ မခံဘဲနဲ့  ဆွမ်းပို့ တဲ့ရဟန်းတစ်ပါးက
လွဲရင် ငါဘုရားဆီ ဘယ်သူမှမလာရဘူးလို့  အမိန့် ထုန်ပြီးတော့
တစ်ပါးတည်း ကိန်းအောင်တော်မူလေ့ ရှိတယ်။ ကယ်ချွတ်ရမယ့်
သတ္တ၀ါရှိရင်သာ အများထဲမှာ ရောနေတာနော်။
ကယ်ချွတ်ရမယ့် သတ္တ၀ါမရှိဘူးဆိုတာကို အနာဂတံသဥာဏ်
နဲ့  ကြိုပြီးတော့ ကြည့်ထားပြီးသားပါ။အဲဒီလိုတစ်ပါးတည်း
ကိန်းအောင်းရာကနေ ထလာပြီ၊ တစ်လ၊သုံးလ စသည်ဖြင့် အချိန်
စေ့လို့ ပြန်ထွက်လာပြီဆိုရင် မြတ်စွာဘုရားက ရဟန်းတော်များကို
မိန့် ကြားလေ့ရှိတယ်။
`ချစ်သားရဟန်းတို့ ၊ ငါဘုရား သုံးလအတွင်း ဘယ်သူနဲ့ မှ
အတွေ့ မခံဘဲ တစ်ပါးတည်း သီတင်းသုံးတယ်။ အဲဒီလို တစ်ပါးတည်း
သီတင်းသုံးတဲ့အချိန်မှာ ဘာအလုပ်လုပ်ပြီး အများဆုံးနေလေ့ရှိတယ်လို့ 
သင်ချစ်သားတို့ ထင်ကြသလဲ`
`မှန်လှပါဘုရား၊ မြတ်စွာဘုရား မိန့် ကြားတောမူမှ တပည့်
တော်တို့ သိရပါမယ်`
မှတ်ထားကြ ချစ်သားတို့  ငါဘုရားဟာ သုံးလအတွင်း တစ်
ပါးတည်း နေပြီးတော့ အာနာပါနကမ္မဋ္ဌာန်းကိုပဲ အချိန်အများဆုံး
အားထုတ်ပြီးနေပါတယ် ချစ်သားတို့ ။သင်တို့လည်းပဲ အာနာပါနကမ္မဋ္ဌာန်နဲ့ 
မွေ့ လျော်ပျော်ပိုက်ကြပါ`
အဲဒီလို မြတ်စွာဘုရား မိန့် ကြားတော်မူပါတယ်။ မြတ်စွာဘုရားရှင်
ဆိုတာ ကမ္မဋ္ဌာန်းမျိုးစုံရဲ့  ပွားများနည်းတွေလည်း သိတယ်၊ ပွားများလို့ 
ရှိရင်ရလာမယ့် ကမ္မဋ္ဌာန်းအားလုံးရဲ့ အစွမ်း သတ္တိတွေကို သိမြင်တော်မူတဲ့
မြတ်စွာဘုရားရှင်က ကိုယ်တိုင် ကမ္မဋ္ဌာန်းတစ်ခုပွားများတော့မယ်ဆိုတော့
အာနာပါနကမ္မဋ္ဌာန်းကိုပဲ ရွေးပြီး ပွားများတောမူတယ်။
*မြင်မြတ်သူတို့ ၏စံအိမ်*
အရှင်ဆန္ဒာဓိက (စာမျက်နှာ ၇၈)

Credit to Dennis Mg Pein

by facebook

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်