မိုးကုတ်ဝိပဿနာရှုနည်းအရ ယောဂီပုဂ္ဂိုလ်သည် ရှေးဦးစွာ အာနာပါနဖြင့်
သမာဓိထူထောင်ပါ။ ထို့နောက်ခန္ဓာ၊ အာယတန၊ဓါတ်၊ သစ္စာ၊ ပဋိစ္စသမုပ္ပါဒ်တရားများ
နာကြားသင်ယူ၍ ဒိဋ္ဌိကိုအသိဥာဏ်ဖြင့်ခွာနိုင်အောင်
ကြိုးစားကြရပါမည်။ ထို့နောက် ထိုသမာဓိ ဥာဏ်ပညာ အသိဥာဏ်များဖြင့်
မိမိသဏ္ဍာန်၌ ပေါ်လာသောခန္ဓာငါးပါးမှတပါး ဖြစ်သောစိတ်(သို့) ဝေဒနာ တွေကို
ပေါ်တိုင်းပေါ်တိုင်းသိအောင်ကြိုးစားရပါမည်။ ထို့နောက်ထိုခန္ဓာတွေ၏အပျက်ကို
မြင်အောင်ရှုကြရပါမည်။ ထို့နောက် ဒုက္ခသစ္စထင်မြင် လာသည်အထိ
ဆက်လက်ရှုပွားကြရပါမည်။ ဖြစ်ပျက်၊ အနိစ္စ၊ဒုက္ခသစ္စာ သိသောဥာဏ်ကို
ကြိမ်ဖန်များစွာဖြစ်အောင် ပွားများကြရပါမည်။ သို့မှသာ ၄င်းဖြစ်ပျက်၊
အနိစ္စ၊ဒုက္ခသစ္စာကို မလိုချင်သော၊ မုန်းသောဥာဏ်ပေါ်လာပြီး ဆက်လက်ရှုပွားသွားပါက
ဖြစ်ပျက်၊ အနိစ္စ၊ ဒုက္ခသစ္စာတို့၏ချုပ်ဆုံးရာ နိဗ္ဗာန်ကို
မျက်မှောက်အာရုံပြုနိုင်မည် ဖြစ်သည်။ ယောဂီအပေါင်း တို့သည် မိမိသဏ္ဍာန်၌
ပေါ်လာသောစိတ်(သို့)ဝေဒနာတွေ၏ ဖြစ်မှုပျက်မှုကို သတိထား၊၀ီရိယစိုက်ပြီး
ပညာဖြင့် ဖြစ်ပျက်ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်သည်အထိ
ကျင့်ကြံပွားများနိုင်ကြပါစေသတည်း။
ကိုနိုင်လင်းဟန်(ဓမ္မရောင်ခြည်) ဓမ္မဒါန
by facebook
ကိုနိုင်လင်းဟန်(ဓမ္မရောင်ခြည်) ဓမ္မဒါန
by facebook










0 comments:
Post a Comment