www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Friday, May 17, 2013

ကိတ်မစ်ဒယ်တန်၏ ကိုယ်ဝန်ဆောင်စဉ် ပျို့အန်သော ဝေဒနာဖြေရှင်းနည်းများ

ကိုယ်ဝန်ဆောင်စဉ် ပျို့ချင် အန်ချင်ဖြစ်တာနဲ့ အန်တာက အဖြစ်များတဲ့ ဝေဒနာပါ။ ဗြိတိန် အိမ်ရှေ့မင်းသား ၀ီလျံရဲ့ဇနီး ကိတ်ဟာလည်း အခုအခါ ကိုယ်ဝန်အစောပိုင်း အဆင့်မှာ အလွန်အမင်း ပျို့ချင် အန်ချင်တဲ့ ဝေဒနာကို အပြင်းအထန် ခံစားနေရတာကြောင့် ဆေးရုံတက်ရောက် ကုသမှု ခံယူနေရပါတယ်။
ပျို့ချင်အန်ချင်ဝေဒနာ
အပြင်းအထန်လား၊ အသေးအမွှားလား
ကိုယ်ဝန်ဆောင်ကာလ အစောပိုင်းအချိန်မှာ အဖြစ်များတဲ့ ပျို့ချင်အန်ချင် ဝေဒနာဟာ နံနက်စော စော နိုးလာချိန်မှာ အပြင်းထန်ဆုံးဖြစ်ပါတယ်။ တစ်ခါတစ်ရံ ဝေဒနာအဆင့်အပေါ် မူတည်ပြီး ဆေးရုံ တင်ပြီး ကုသမှုပေးဖို့ လိုအပ်သလို အိမ်မှာ နားနေတဲ့ နည်း၊ အအန်ပျောက်ဆေး သောက်တဲ့နည်း၊ စား သောက်နေထိုင်မှု ပုံစံပြောင်းလဲတဲ့ နည်းနဲ့ သက်သာ ရာရအောင် ကုသနိုင်ပါတယ်။ စိတ်ဖိစီးမှုနဲ့ တချို့ သော အနံ့ အသက်တွေကြောင့် ကိုယ်ဝန်ဆောင်ချိန် ပျို့ချင်အန်ချင်စိတ် ဖြစ်ပေါ်တာကို ပိုဆိုးစေနိုင်ပါ တယ်။ ဒါကြောင့် အောက်ပါနည်းလမ်းတွေနဲ့ သက် သာရာရအောင် လုပ်ဆောင်သင့်ကြောင်း ကိတ်မစ် ဒယလ်တန်ရဲ့ ဆရာဝန်တွေက ဆိုပါတယ်။
- နေ့စဉ် အစာနည်းနည်းစီကို ခြောက်ကြိမ်နဲ့ အထက် ပုံမှန်စားပေးပါ။
- အဆီနည်းနွားနို့၊ ဒိန်ချဉ်နဲ့ သစ်သီးဖျော်ရည် အေးအေးလေး သောက်ပေးပါ။
- အဆီအအိမ့်မများတဲ့ ပေါ့ပေါ့ပါးပါး အစာတွေကို စားသင့်ပါတယ်။
- ကော်ဖီ၊ အသား၊ ဥအမျိုးမျိုး၊ ဆီကြော်စာစတာ တွေက ကိုယ်ဝန်ဆောင်စဉ် ပျို့အန်တဲ့ ဝေဒနာကို ဖြစ်အောင် လှုံ့ဆော်နိုင်တာကြောင့် ရှောင်သင့်ပါ တယ်။
- တကယ်လို့ အစာမစားနိုင်ရင် သဘာဝအာဟာရ မှုန့်ကို ဖြည့်စွက်ပြီး စားပေးပါ။
- နံနက်အိပ်ရာနိုးချိန်မှာ ပြုလုပ်သင့်တဲ့ အလွယ် နည်းကတော့ အိပ်ရာထဲမှာ လှဲလျောင်းရင်း ဘီစကွတ် မုန့်ခြောက်နဲ့ သံပရာရည်ညှစ်ထားတဲ့ ရေနွေးကြမ်း တစ်ခွက်ကို သောက်ပေးပါ။ ဒါက ပျို့ချင်အန်ချင်စိတ် ပေါ်တာကို သက်သာလျော့ပါးစေတဲ့ နည်းဖြစ်ပါတယ်။
- ပျို့ချင်အန်ချင်စိတ်ပေါ်လာရင် သံပရာသီးစိတ် ကို စုပ်ပေးပါ ဒါမှမဟုတ် ရေခဲငုံပေးပါ။
By Good Health

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်