တစ်ချိန်တုန်းက ဒကာကြီးတစ်ယောက် လျှောက်ဖူးတယ်။
"အရှင်လတ်လတ်က ဘ၀ပြောင်းသွားတယ်" ဆိုတာ ဘယ်လို
ပါလဲဘုရားတဲ့၊ တရားအားထုတ်တဲ့ပုဂ္ဂိုလ်တွေ အရှင်လတ်လတ်က
ဘ၀ပြောင်းသွားတယ်လို့  ပြောသံကြားဖူးတာကို မေးလျှောက်တာပါ။
> ဒါဆို မှန်တယ်လို့ ......။
ကိုယ်ကပြောင်းသွားတာ မဟုတ်ဘူး၊ စိတ်က ပြောင်းသွားတာ။
နဂို မသိတဲ့လူတစ်ယောက်က သိတဲ့သူ ဖြစ်သွားတယ်။
> မကျင့်သေးတဲ့လူတစ်ယောက်က ကျင့်တဲ့ဘ၀ ရောက်သွားတယ်။
အသိမရှိသေးတဲ့သူက အသိရှိတဲ့ဘ၀ ရောက်သွားတယ်။
တရားမရှိတဲ့ဘ၀က တရားရှိတဲ့ဘ၀ ရောက်သွားတယ်။
> အသိဥာဏ်ပြောင်းလို့  သူတော်ကောင်းဘ၀ ရောက်သွားတယ်။
ကိုယ်နဲ့ နှုတ်လည်း စင်ကြယ်မှုရသွားတယ်။ စိတ်တွေလည်း
စင်ကြယ်အောင်၊ အေးချမ်းအောင် နေတတ်သွားတယ်။
တရားမရှိတဲ့ဘ၀ကနေ တရားရှိတဲ့ဘ၀သို့်  ပြောင်းသွားတာပါ။
"ရွှေဥမင်ဆရာတော်ဘုရားကြီး ၏ နုတ်တော်မြွက်ကြား သြ၀ါဒစကားများ"
by facebook

0 comments:
Post a Comment