www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Friday, May 17, 2013

ဒီနှစ်သင်္ကြန်မှာ ဘယ်လို ဆံပင် ဒီဇိုင်းလေးနဲ့ လန်းမလဲ

မြန်မာ နှစ်သစ် ကူးဖို့ အချိန်က တဖြည်းဖြည်းနဲ့ နီးကပ် လာနေပါပြီ။ လူငယ်လေး တွေကတော့ သင်္ကြန်နား နီးကပ်လာလေ၊ စိတ်ကူးယဉ် အိပ်မက် လေးတွေနဲ့ အတူ ပျော်ရွှင် လာလေ ဖြစ်မှာပါပဲ။

သင်္ကြန်မှာ အခုခေတ် လူငယ်ယောကျာ်းလေးတွေဟာ သူတို့ရဲ့ ဆံပင်ပုံစံကို Emo သို့မဟုတ်Punk ပုံစံ ဒီဇိုင်းလေးတွေနဲ့ လန်းကြ တာ ပိုများသလိုပါပဲ။ အဲဒါကြောင့် Emo နဲ့ Punk ဒီဇိုင်းကို ကြိုက်နှစ် သက်တဲ့ ယောကျာ်းလေးတွေအတွက် သင်္ကြန်ဖက်ရှင်ဒီဇိုင်းကို ရန်ကုန်မြို့၊ အင်းစိန်လမ်းမမှာ ဖွင့်လှစ်ထားတဲ့ Honey II Beauty Spa မှ လူငယ်ဖန် တီးရှင်ဆီသွားပြီးတော့ လေ့လာဖြစ်ခဲ့ ပါတယ်။

Emo နဲ့ Punk ဒီဇိုင်းကို ကြိုက် နှစ်သက်တဲ့ ယောကျာ်းလေးတွေ အတွက် လှပစေမယ့် သင်္ကြန်ဒီဇိုင်း လေးတွေကို ဖော်ပြခြင်းဖြစ်ပါတယ်။ ပထမဆုံး ခေါင်းလျှော်ပြီး Emo ပုံစံ ညှပ်ပေးပါမယ်။

- ညာဘက်ခြမ်းက ဆံပင်ကိုလက် ၅ လုံးလောက် ရှိပ်ထိုးပေးပြီး အမည်းဆိုးပေးလိုက်ပါတယ်။ ပြီးရင် ပိုပြီးလန်းသွားအောင် ကြယ်ပုံသဏ္ဌာန် အကြီး ၁ လုံး၊ အသေး ၁ လုံး ပုံဖော်ပေးလိုက်ပါတယ်။

- ဘယ်ဘက်ခြမ်းရဲ့ အရှေ့ဆံပင် ကို သင်္ကြန်နဲ့လိုက်ဖက်တဲ့ ကာလာ အရောင်ကို ရွေးချယ်သုံးပေးပါတယ်။အခုတော့ ပန်းဆီရောင်နဲ့ အမည်းကို ဟိုက်လိုက် (Highlight) အကြီးပုံဖောက်ပေးထားပါတယ်။

အပေါ်မှာ ကျန်နေတဲ့ဆံပင်ကို တော့ အပေါ်ထောင်ထောင်ပွပွပုံစံ သွင်းပေးရပါမယ်။ နောက်ပိုင်းမှ ဆံပင်များကို တစ်ခြမ်းစုယူပြီး စောင်း စောင်းလေးပုံ လုပ်ပေးရပါမယ်။ ဒီလိုလုပ်ပေးလိုက်တော့ လူငယ် တစ်ယောက်ရဲ့ သင်္ကြန်ဖက်ရှင်ဒီဇိုင်းကို ပေါ်လွင်စေပါတယ်။

Emo ဒီဇိုင်းဟာ လူငယ်ယောကျာ်းလေးတွေကို ပိုမို ဆွဲဆောင် မှုရှိစေပြီး အလန်းစားလေးနဲ့ လှပစေပါတယ်။ ဒီနှစ် သင်္ကြန်မှာ သူများနဲ့ မတူတဲ့ အလန်းဆုံးဒီဇိုင်းတွေကို ပိုင်ဆိုင်နိုင် ပါလိမ့်မယ်။ ဒီလိုလုပ်မယ်ဆိုရင် ငွေကျပ် ၁၀ဝ၀ဝ ခန့်ရှိပြီး အချိန်က ၁ နာရီခွဲ လောက်ကြာတယ်လို့ သိရပါတယ်။

by apytz

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်