www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Friday, May 17, 2013

သတ္တ၀ါသည် သေသည့်၏နောက်၌

သတ္တ၀ါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း ရှိ မဖြစ်သည်လည်း ရှိပုံကို အင်ဒိုနီးရှား

ပြည်တွင် ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး တရားဟောတော်မူစဉ် အခါက

အင်ဒိုနီးရှားပြည်သား တို့က မေးသော အမေးကို မဟာစည်ဆရာတော်ဘုရားကြီး ဖြေကြား

သောအဖြေများမှာ မှတ်သားဖွယ်ကောင်းလှ၏ ။ အမြင်ရှုပ်ထွေး နေသူများအတွက် အမြင်

အလင်း ကို ဆောင်နိုင်သောကြောင့် ဤတွင် ဖော်ပြသင့်သည် ထင်ပါ၏ ။

ဖော်ပြရသော် အောက်ပါအတိုင်းဖြစ်သည် ။

မေး ။ ။ တရားအားထုတ်လျှင် ရှေးဘ၀ နောင်ဖြစ်မည့် ဘ၀တွေကို သိမြင် နိုင်ပါသလား ။

ဖြေ ။ ။ သိမြင်နိုင်တာလည်းရှိပါတယ် ။ မသိ မမြင် နိုင်တာလည်းရှိပါတယ် ။ ဘယ်လိုလဲ

ဆိုလျှင် သမထ ဘာဝနာ ကို အားထုတ်လျှင် ဈာန်ရိုးရိုး လောက် ရတာလည်းရှိပါတယ် ။

အဘိညာဉ်ပါ ရတာလည်း ရှိပါတယ် ။ ၀ိပဿနာ ဘာဝနာ အားထုတ်လျှင်လည်း မဂ်ဖိုလ်

လောက်သာ ရတာလည်း ရှိပါတယ် ။ အဘိညာဉ် ပါ ရတာလည်း ရှိပါတယ် ။ ဒီပုဂ္ဂိုလ် တွေထဲ

မှာ အဘိညာဉ် ခေါ် တဲ့ ဥာဏ်ထူး များ ကိုပါ ရသူဟာ ရှေးဘ၀ နောက်ဘ၀ တွေကို သိမြင်

နိုင်ပါတယ် ။ ဈာန် မဂ်ဖိုလ် လောက်သာ ရတဲ့ ပုဂ္ဂိုလ် ကတော့ မသိ မမြင် နိုင်ပါဘူး ။

မေး ။ ။ လူ့ဘ၀ က သေပြီးတဲ့နောက်မှာ တစ်ဖန် ဘ၀ သစ်ဖြစ်တယ်ဆိုတာ ဟုတ်ပါ

သလား ။ ဘယ်လိုဖြစ်ပါသလဲ ။

ဖြေ ။ ။ လောဘ ဒေါသ စသော ကိလေသာ မကင်းသေးတဲ့ သူဟာ သေပြီးတဲ့နောက်မှာ

ဘ၀သစ်ဖြစ်ရပါတယ် ။

ဖြစ်ပုံကတော့ စိတ်ဆိုတာ ရုပ်ကိုယ် ကို မှီပြီး တော့ တစ်ခုပြီးတစ်ခု မပြတ်ဖြစ်

နေတယ် ။ဓာတ်မီးလုံးထဲမှာ လျှပ်စစ်ဓာတ်အားတွေ အသစ်သစ်လာပြီး လင်းနေသလိုပါပဲ ။

အကယ်၍ ဗတ်သီး ( မီးလုံး ) က ပျက်သွားလျှင် အဲဒီ ဗတ်သီး (မီးလုံး ) ထဲမှာ မီးမလင်းတော့

ဘူး ။ ဒါပေမယ့် ဓာတ်ကြိုးထဲမှာ ဓာတ်အားကတော့ ရှိနေလျက်ပဲ ။ အဲဒီ ပျက်နေတဲ့မီးလုံး

ကိုဖယ်ပြီး ဓာတ်မီးလုံးအသစ်ကို ထည့်ပေးလိုက်၇င် အဲဒီ မီးလုံး အသစ်ထဲမှာ မီးဟာ ယခင်

ကလိုပဲ လင်းမြဲ လင်းနေပြန်ပါတယ် ။ ဒါလိုပဲ ရုပ်ကိုယ် အဟောင်းက ပျက်သွားတဲ့အခါမှာ

စိတ်က အဲဒီကိုယ်ထဲမှာ မဖြစ်နိုင်တော့ဘူး ။ အဲဒါကို သေတယ်လို့ခေါ်ကြပါတယ် ။ဒါပေမယ့်

စိတ်ကတော့ လုံးလုံး ပျောက်သွားတာ မဟုတ်ပါဘူး ။ တခြား ကိုယ်ရုပ်အသစ်ထဲမှာ သွားဖြစ်

ပြန်တယ် ။ မီးလုံး အသစ်ထဲမှာ မီးလင်းမြဲ လင်းနေပြန်သလိုပဲ ။

ဆက်လက်ပြီးဖြစ်ပေါ်ပုံက ဘယ်လိုလဲဆိုရင် စိတ်ဆိုတာ အာရုံတစ်ခုခုကို စွဲလမ်း

ပြီး မပြတ်ဖြစ်နေတယ် ။ အာရုံ ကို လုံးလုံး စွန့်လွှတ် မေ့ပျောက် မပစ်နိုင်ဘူး ။ သစ်ပင်ပေါ်က

မျောက်ဟာ သစ်ကိုင်းကို လုံးလုံး စွန့်လွှတ် မထားနိုင်သလိုပဲ ၊ ဒါကြောင့် သေခါနီးမှာ ကိုယ်

ပြုခဲ့တဲ့ အမှုကိစ္စ တစ်ခုခု ကို စွဲလမ်းနေရင်းနဲ့သေသွားတယ် ။သေတယ်ဆိုတာကလည်း

လက်ရှိ ရုပ်ဟောင်းထဲမှာ စိတ်အသစ် ပြန်မဖြစ်ပေါ်လာတော့တာပဲ ။ ပြတ်စဲသွားတာကို

ခေါ်ပါတယ် ။ ဒီလိုပြတ်စဲသွားတဲ့အခါမှာ သေခါနီး စွဲလမ်းခဲ့တဲ့ အာရုံကိုပဲ စွဲပြီးတော့

ရုပ်ကိုယ်အသစ်ထဲမှာ စိတ်အသစ်ဖြစ်ပေါ်လာပါတယ် ။အဲဒါကို ဘ၀ အသစ်ဖြစ်တယ်လို့

ခေါ်ပါတယ် ။

ဥပမာ အိပ်မက်ထဲက စွဲလာတဲ့ အာရုံကို နိုးလာသည့်တိုင်အောင် မပျောက်ပဲ

စွဲလမ်းနေတာနှင့်တူပါတယ် ။အလှူပေးခြင်း စသော ကောင်းမှုကိုစွဲလမ်းပြီး သေလာခဲ့လျှင်

မြင့်မြတ်တဲ့ ဘ၀ မှာဖြစ်ပါတယ် ။ သတ်ဖြတ်ခြင်းစသော မကောင်းမှုကိုစွဲလမ်းပြီးသေလာခဲ့

လျှင် ယုတ်ညံ့တဲ့ ဘ၀ မှာ ဖြစ်ပါတယ် ။ ဒီလိုဖြစ်တာကို ကုသိုလ်ကံ က ကောင်းကျိုးပေးတယ်

အကုသိုလ် ကံ က မကောင်းကျိုးပေးတယ် လို့ခေါ်ရပါတယ် ။ ကံ ဆိုတာ ပြုမှုပဲ ၊ ပြုတာရှိလျှင်

တန်ပြန်မှုရှိတယ် ။ တောအုပ်ထဲ မှာဖြစ်စေ ၊ လိုဏ်ခေါင်းထဲမှာဖြစ်စေ ဟေး လို့ အော်လိုက်

ရင် အဝေကနေပြီး ဟေး ဆိုတဲ့ ပဲ့တင်သံ ပြန်လာပါတယ် ။ မြေကြီးပေါ်ကို ဘောလုံးပေါက်

လိုက်ရင် အထက်ကိုပြန်တက်လာတယ် ။ တစ်စုံတစ်ခုကို တုတ် နှင့် ရိုက်လိုက်ရင် အရိုက်ခံရ

တဲ့ ၀တ္ထု က အသံမြည်လာတယ် ။ ဒါတွေ ဟာ တန်ပြန်မှု တွေပဲ ။

အခါးမျိုးစေ့ စိုက်လျှင် အခါးသီး သီးတယ် ၊ အချိုမျိုးစေ့စိုက်လျှင် အချိုသီး သီး

တယ်၊ ခွေးကို ခဲ နှင့် ပေါက်လျှင် အဲဒီ ခွေးကပြန်ဟောင်တယ် ၊ ခွေးကို ချိုချိုသာသာ ခေါ်ပြီး

ကျွေးလျှင် အဲဒီခွေး က အမြီးနှံ့ပြီး အရိုအသေပြုတယ်၊ လူတစ်ယောက်ကိုဆဲလိုက်လျှင်အဲဒီ

လူက ပြန်ဆဲတတ်တယ် ။ ပြုံးရွှင်ပြီး ချိုချိုသာသာ နှင့် နှုတ်ခွန်းဆက်လျှင် အဲဒီလူကလည်း

ပြုံးရွှင်ပြီး ချိုချိုသာသာနှင့်ပြန်ပြီး နှုတ်ခွန်းဆက်တယ် ။ ဒါတွေလည်း တန်ပြန်လာတဲ့အကျိုး

တွေပဲ ။

ထို့အတူ ကောင်းသောပြုမူရှိလျှင် ကောင်းသော ဘ၀အကျိုး တန်ပြန်လာတယ် ။

မကောင်းသောပြုမှုရှိလျှင် မကောင်းသော ဘ၀အကျိုး တန်ပြန်လာတယ် ။ ဒီနည်းဖြင့်

သတ္တ၀ါ တွေဟာ ကိလေသာ မကင်းသေးသမျှ ကာလပတ်လုံး တစ်ဘ၀က သေပြီးလျှင်

အခြား ဘ၀မှာ မိမိပြုထားတဲ့အမှု ကံ အားလျော်စွာ အသစ်ဖြစ်ဖြစ်သွားပါတယ် ။

ဝိပဿနာ ဘာဝနာ အလုပ်ကို အားထုတ်ပြီး ရဟန္တာ ဖြစ်သွားတဲ့အခါမှာ

ကိလေသာတွေ လုံးဝ ကင်းစင်သွားပါတယ် ။ အဲဒီလို ကိလေသာ လုံးလုံးကင်းစင်သွားတဲ့

ရဟန္တာပုဂ္ဂိုလ် မှာတော့ ပရိနိဗ္ဗာန်စံသည်၏ အခြားမဲ့မှာ ဘ၀သစ် မဖြစ်ရတော့ပဲ အစဉ်

ထာဝရ ငြိမ်းအေး သွားပါတယ် ။

မေး ။ ။ နောက်ဘ၀ ဘယ်မှာဖြစ်မယ် ဆိုတာသိပါသလား ။

ဖြေ ။ ။ ဘယ်မှာ ဖြစ်မယ်လို့တော့ မသိပါဘူး ။ ဒါပေမယ့် ဗုဒ္ဓဘာသာတရားတော်

အရ ကိလေသာ မကင်းသေးလျှင် ဘ၀သစ် ဖြစ်ဦးမယ် လို့တော့ ပြောနိုင်ပါတယ် ။သီဟိုဠ်

မှာလည်း ဖြစ်နိုင်ပါတယ် ၊ မြန်မာပြည်မှာလည်း ဖြစ်နိုင်ပါတယ် ၊ အင်ဒိုနီးရှားမှာလည်း

ဖြစ်နိုင်ပါတယ် ။ ဥရောပ အမေရိကန် တို့မှာလည်း ဖြစ်နိုင်ပါတယ် ။ဗုဒ္ဓဘာသာတရားတော်

အရ ဘယ်နိုင်ငံက လူမျိုးပဲ ဖြစ်ဖြစ် ၊ ဘယ်ဘာသာ အယူရှိတဲ့ လူပဲ ဖြစ်ဖြစ် ကောင်းမှု

ကုသိုလ်ကံ ရှိလျှင် ကိုယ်ဖြစ်လိုရာ နိုင်ငံ ၊ ကိုယ်ဖြစ်လိုရာ အရပ် မှာဖြစ်နိုင်ပါတယ် ။

( အင်ဒိုနီးရှား မှာ ဖြစ်ဖို့တော့ နီးစပ်ပါတယ် ဟု အရှင်ပီယဒဿီ က နိဂုံး သတ်လိုက်သော

အခါ ပြုံးရယ်ကြသည် ။ )

ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် အင်ဒိုနီးရှားပြည်သူများ မေး

သော အမေးကို ဖြေရှင်းတော်မူသော အချက်သည် ခေတ်အမြင် ၊ ခေတ်အသိ ဖြင့် ဖြေရှင်း

တော်မူသည် ဖြစ်ရာ ခေတ်လူ များအဖို့ အလွန်ရှင်းလင်း ပြီး သိလွယ်လှပါပေတကား ။ ။

by facebook page

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်