www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Friday, May 17, 2013

ကျောက်ပေါက်ခွက် မျက်နှာပိုင်ရှင် ဖြစ်နေပါသလား

လူတော်တော်များများဟာ ဝက်ခြံ ထွက်လာပြီး မှည့်လာရင် အဲဒီဝက်ခြံဖုကို ညှစ်ချင်ကြတာ ပါပဲ။အဲဒီလို ညှစ်လိုက်ရင်တော့ ပျောက်သွားတဲ့ အခါမှာ ချိုင့်ခွက် လေးတွေ ကျန်နေတတ်တာပါပဲ။ ချိုင့်ခွက်က ၁ ခု၊ ၂ ခု ဆိုရင် မသိသာလှပေမယ့် ချိုင့်ခွက်တွေ များသွားရင် တော့ မျက်နှာဟာ ကျောက်ပေါက်ခွက် မျက်နှာလို ဖြစ်သွားတော့တာပါပဲ။ ဒီလို ကျောက် ပေါက်ခွက်လေးတွေ ပျောက်ကင်းသွားပြီး မျက်နှာ အသားအရေကို တင်းတင်းရင်းရင်း လေးပြန်ဖြစ်စေ နိုင်မယ့် DrDermic စက်နဲ့ကုသတဲ့နည်းကို ဖော်ပြပေး လိုက်ပါတယ်။
ဒီနည်းကတော့
- ပထဆုံး မျက်နှာမှာရှိနေတဲ့ သနပ်ခါး သို့မဟုတ် မိတ်ကပ်နဲ့ အညစ်အကြေးတွေ ကင်းစင် သွားအောင် မျက်နှာကို သန့်စင်ပေးပါတယ်။
- ပြီးရင် မျက်နှာတစ်ပြင်လုံး ထုံဆေးလိမ်းပြီး ပလတ်စတစ်အကြည်နဲ့ အုပ်ထားပေးပါတယ်။ ထုံဆေးကို မိနစ် ၃၀ ထားရပါတယ်။
- မိနစ် ၃၀ ပြည့်ရင်တော့ ထုံ ဆေးတွေကို ရေနဲ့ဆေးချ ပေးပြီး မျက်နှာတစ်ပြင်လုံးကို အရက်ပြန်နဲ့ ပွတ်ပေးပါ တယ်။
- အဲဒီနောက် အသားအရေ တင်းရင်းစေတဲ့ဆေးရည်နဲ့ ချိုင့်ခွက်တွေမှာ အသားပြည့်လာစေမယ့် ဆေးရည်နှစ် မျိုးကို ဆေးထိုးအပ်နဲ့ စုပ်ယူပါတယ်။ ပြီးတော့ အဲဒီ ဆေးရည်တွေကို မျက်နှာပေါ်မှာ နည်းနည်းစီ ညှစ်ချ ပြီး အပ်သေးသေးလေး ၁၁ ချောင်းပါတဲ့ ကိရိယာနဲ့ မျက်နှာတစ်ပြင်လုံး လိုက်ပွတ်ပေးပါတယ်။ ဒီလိုပွတ်ပေးတဲ့ အချိန်မှာ အဲဒီ အပ်လေးတွေက လည်နေပါတယ်။ အပ်မှာ နံပါတ်တွေက မတူပါဘူး။ အပ်အရွယ်အစားက ဝ.၅ မှ ၂.၅ mm အထိ အစားစားရှိပါ တယ်။ ချိုင့်ခွက်အရွယ်အစားပေါ် မူတည်ပြီး သုံးရတဲ့အပ် အရွယ်အစားက ကွာသွားတာပါ။ အဲဒီလို အပ်သေးသေးလေးနဲ့ ပွတ်ပေး လိုက်တော့ မျက်နှာက နီရဲသွားတတ်ပါတယ်။
- အဲဒီနီရဲနေတဲ့ မျက်နှာကို အအေး ဓာတ်ပေးဖို့အတွက် ရေအေးဓာတ် ပေးတဲ့စက်နဲ့ မျက်နှာကို လိုက်ပွတ် ပေးပါတယ်။ အဲဒီအချိန်မှာ ပြုလုပ်ခံတဲ့ သူဟာ ရေအေးပေးတဲ့စက်မှာရှိတဲ့ ကိရိယာတစ်ခုကို လက်တစ်ဖက်နဲ့ ဆုပ်ပေးထားရပါတယ်။ ဒါမှ ခန္ဓာကိုယ် ထဲကို လျှပ်စီးဓာတ်ဝင်စေတယ်လို့ ပြောပါတယ်။
- ပြီးရင် Mask နဲ့ မိနစ် ၂၀ လောက် အုပ်ပေးထားလိုက်ရုံပါပဲ။
ဒါက ကုထုံး ၁ ခါပါ။
မျက်နှာအသားအရေကနီရင် နောက်ရက်မှာ ပြန်လာပြီး ကုထုံး ၁ ခါ ခံယူရပါတယ်။ မျက်နှာက မနီဘူးဆိုရင်တော့ အိမ်မှာ Mask နဲ့ အုပ်ပေးရုံနဲ့ရပါတယ်။ ဒီကုထုံးက ၂ ပတ်နေရင် နောက်တစ်ခါ ပြန်လုပ်ရပါတယ်။ ကုသမှု ၁ ကြိမ်ပြည့်ဖို့ ၄ ခါ ပြုလုပ် ရပါတယ်။ ဒီလိုပြုလုပ်ခြင်းဖြင့် မျက်နှာမှာရှိတဲ့ ချိုင့်ခွက်တွေကို ပျောက်ကင်း စေပါတယ်။ ဒါ့အပြင် မျက်နှာ အသားအရေကို ပြန်လည် တင်းရင်းစေပါ တယ်။ ဒီကုထုံးကို ခံယူချင်တယ်ဆိုရင် တော့ အမှတ် ၆၂(အေ)၊ အခန်း(၄)၊ ယောမင်းကြီးလမ်း၊ ဒဂုံမြို့နယ်၊ ရန် ကုန်မြို့မှာရှိတဲ့ Face Life Skin Beauty ဖုန်း-၂၅၄၉၅၇၊ ဝ၉- ၂၀၃၄၇၄၆ မှာ ရရှိနိုင်ပါတယ်။ Face Life မှာ ဒီဇင်ဘာလ ၁ လလုံးကို Discount ချထားပါတယ်တဲ့။ ဘယ်ကုထုံးကိုမဆို ၂၀ ရာခိုင် နှုန်းလျှော့ဈေးနဲ့ ကုသပေးမှာဖြစ် တယ်လို့ သိရပါတယ်။



By Health Digest

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်