ကမ္ဘာပေါါ်မှာလူဦးရေ သိန်းသန်းပေါင်းများစွာရှီတယ်ဆိုတာမှန်ပါတယ်..
လူအမျိုးမျိုးစိတ်အထွေထွေရှီတယ်ဆိုတာလည်းမှန်ပါတယ်.. ဒါပေမယ့်
လူတွေဆက်ဆံတဲ့ အပြုအမူတွေထဲမှစရိုက် က (၆)ခုပဲရှိပါတယ်..
အဲံလိုပြောရင်ယုံနိုင်မယ်မထင်ဘူး.. ဒါပေမယ့် လေ့လာကြည့်ပါ..
ဘယ်သူပဲဖြစ်ဖြစ် အဲ့စရိုက်ထဲက တစ်ခုတော့ ပါဝင်မှာပါ..
လော့လာကြည့်ရအေင်ပေါ့..
စရိုက်ခြောက်ပါး ကိုမလေလ့လာခင် စရိုက်ရဲ့ ဆိုလိုရင်းကိုသိဖို့လိုပါတယ်..စရိုက်ဆိုသည်မှာ ပင်ကိုယ် ရိုးရာ လူတစ်ကာ တို့ဖြစ်ရိုးဖြစ်စဉ်ထက် လွန်ကဲ စွာ ဖြစ်တက်သော အကျင့်ကိုခေါ်ပါသည်။ ဥပမာ အစာအသောက်ကို သူတစ်ပါးထက် ပိုပြီးမက်မောခြင်း...
လူတို့တွင် စရိုက် (၆) ပါ်းရှိလေသည်။ ထိုစရိုက် များမှာ..........
၁။ ရာဂစ၇ိုက်။ ။ ငါးပါးအာရုံကာမဂုဏ် နှင့်တစ်ကွ ၀တ္ထု စည်းစိမ် ဥစ္စာတိ့ကို လွန်ကဲစွာတပ်မက် တက်သော အကျင့်။
၂။ ဒေါသ စရိုက်။ ။ အမျက်ထွက်ခြင်း ရန်ငြိုးဖွဲ့တက်ခြင်း မနာလိုခြင်း စသော အကျင့်တို တွင် လွန်ကဲ နေသော အကျင့်။
၃။ မောဟ စရိုက်။ ။ ထိုင်းမှိုင်း တွေဝေခြင်း တွင်လွန်ကဲ နေတက်တေသာအကျင့်။
၎။ သဒ္ဒါစရိုက်။ ။ ယုံကြည်လွယ်တက်သော အကျင့်။
၅။ ၀ိတက်စရိုက်။ ။ စိတ်ကူယဉ်တက်သော အကျင့်။
၆။ ပညာ စရိုက်။ ။ အရာရာတွင် အကြောင်းအကျိုး၊ အကောင်းအဆိုကို ဆင်ခြင်တက်သော အကျင့်။
ထိုစရိုက်တိုသည် လူတိုတွင် တစ်ပါးဖြစ်စေ ၊ သုံးပါးဖြစ်စေတွဲလျှက်ရျိနေတက်ပါသည်။ ထိုသူအဘယ် စရိုက် ရှိသည်ဟု အကဲခတ်နိုငမှုမှာအသွာအလာ အနေအထိုင် အပြောအဆို အလုပ်အကိုင် အစားအသောက် စသည်တို့ကို ကြည့်ပြီး အကဲခတ်နိုင်ပါသည်။ လူတိုတွင် စရိုက်တို့သည် တဏှာ ကိလေသာတည်းဟူသော သမုဒယ အကြောုင်းခံကြောင့်လွန်ကဲသော အစွဲတို့ဖြစ်ပေါ်ပြီးပူပန်မှု နှလုံးမသာယာခြင်း စသော ဒုက္ခသစ္စာ သည်ဖြစ်ထွန်းပေါ်ပေါက် ရလေသည်။ စရိုက် တစ်ခုကို မချိုးနိုင်သော သူသည် ထိုစရိုက်ကြောင့် မရေမတွက်နိုင်သော ဆင်းရဲ တရားတို့ပေါ်ပေါက်ပြီးဆင်း၇ဲ ရပေလိမ့်မယ်(ဥပမာ.. အစားအသောက်ကိုခုံမင်သူသည် ရာဂစရိုက်ကြောင့် အစားအသောက်အမျိုးမျိုးကို ငွေကုန်ခံပြိး ချက်ပြုတ်စားသောက်ခြင်း အနာရောဂါအမျိုးမျိုးဖြစ်ခြင်း ထိုရောဂါ ကင်းရန်ငွေကုန် ပြိးဆေးကုသခြင်း ကိုယ်စိတ်ဆင်း၇ဲခြင်းစသော ဒုက္ခတရားတိုကို ခံစားရသည်။)
ထို့ကြောင့် လူသားတို့သည် ထိုထင်ရှာသော အစွဲစရိုက် တို့သည် အတွင်စိတ် တွင် ရှိသည့် ကိလေသာတရားတိ့ကြောင့် ဖြစ်သဖြင့် ကမ္မဌာန်းတရားတို့နဲ့ ချိုးနှိမ် ပယ်ဖျောက်ရန် လိုအပ်ပေသည်။
ရာဂစရိုက် ရှိသူဧ။်ဝိသေသ လက္ခာဏာ
နေထိုင်မှု။ ။ ရာဂ စရိုက်ရှိသူသည် သွးလာသည်ရှိသော် ခြေလှမ်း သည် ညီညီကြွပြီး ညီညီချသည်။ ကိုယ်အမူမရာယဉ်ကျေးတင့်တယ်သည်အလုပ်အကိုင်သေသပ်သည်။ အ၀တ်ကားသေသေ သပ်သပ် ၀တ်လေ့ရှိသည်။ အမွေးအကြိုင် ကြိုက်သည်။
စိတ်နေစိတ်ထား။ ။ ငါးပါးအာရုံကာမဂုဏ် ကိုလွန်ကဲစွာ စွဲမက်သည်။ ပရိယာယ် မာာယာ အလိမ်အကောက်များသည်။ မာနကြိးသည် လိုချင် လောဘ ကြိးသည်။ ရှေ့းဘ၀ တို့တွင် အခြံအရံပေါသော တိရိစ္ဆာန် ပြိတ္တာ လူစသည်တို့ဖြစ်ခဲ့သည်။
နှလုံသွေး။ ။ သွေးအရောင်နီ၇ဲသည်။
ကမ္မဌာန်း။ ။ ကာယ နုပသနာ စက်ဆုပ်ဖွယ်ဆင်ခြင်းပြီး အသုဘ ၉ ပါး ဆင်ခြင်းတိုးပွား ခြင်းဖြင့် ရာဂ စရိုက်ကို လျှော့ချ ချိုးနှိမ်ရသည်။
ဒေါသ စရိုက်ဧ။် ၀ိသေသလက္ခာဏာများ
နေထိုင်မှု။ ။ ဒေါသစရိုက်ရှိသူသည် ကိုယ်အမူအရာ နှုတ်အမူအရာ ကြမ်းတမ်းသည်။သွားလာသည်ရှိသော် တွန်းတိုက်ပြီး သွားလာတက်သည်။ ယဉ်ကျေးမှုမရှိ အလုပ်အကိုင် တို့တွင် သေသပ်မှုမရှိပါ။အ၀တ်အစား တွင်လဲ ရောင့်ရဲမှု မရှိ သေသပ်မှု မရှိပဲ ၀တ်စားဆင်ယင်လေ့ရှိသည်။ အချဉ် အငံ အစပ် အခါး စူးရှ သော အစာမျိုးကို ကြိုက်သည်။
စိတ်နေစိတ်ကူး။ ။ ကောင်းသော အဆင်း အသံစသည် တိ့တွင် သည်ခံ ချုပ်တည်းမှု မရှိ။ ဆဲဆို ငေါက်ရမ်း တက်သည်။ စိတ်တိုလွယ်သည် ရန်ငြိုးဖွဲ့တက်သည် သူတစ်ပါးတွင် ငြူစူ သည် ပျက်စီးစေလိုသည် သူတစ်ပါးဧ။် ဂုဏ်သိက္ခာကို ပျက်စီးစေလိ့ ပြှိုင်ဆိုင်စေလိုသော အကျင့်ရှိသည်။
နှလုံးသွေး။ ။ အညို ရောင်ဖြစ်သည်။
ကမ္မဌာန်း။ ။ မေတ္တာာ ဂရုဏာ မုဒိတာ ဥပေက္ခာဟူသော တရားလေးပါးကို သတ္တ၀ါတိ့အပေါ် ဖြန့်ကျက်ပွးများ ပြီးဒေါသစရိုက်ကို ချုပ်ထိန်းရမည်။
မောဟ စရိုက်ဧ။်ဝိသေသလက္ခာဏာ
နေထိုင်မှု။ ။ မောဟ စရိုက်ရှိသူသည် သွးလာသည့်အခါ အပြင်းကြိးစွာသွားလာတက်သည်။ ဖိနပ်ကို ရှက်တိုက်ပြိး လမှ်းေလျှာက်တက်သည် လူအများရှေ့တွင် ကြောက်တက်သည်။ ခြေလျမ်းခြေကြွမှာ မငြိမ်ပဲ မှားယွင်းနေတက်သည်။ ရှပ်ထွေ်းပွေလီစွာနေထိုင်တက်သည်။ မိမိ အစွမ်းဖြင့်မယ်မယ်ရရ ပြီးမြှောက်ခြင်းမရှိပေ။ အ၀တ်အစားဝတ်ရတွင်လည်း ကြုံကြိုက်သလို ၀တ်စားဆင်ယင်တက်သည်။ အစားအသောက်တွင်လည်းသီသန်နှစ်သက်မှု မရှိပါ။
စိတ်နေစိတ်ထား။ ။ အကြောင်းအကျိုး ဆင်ခြင်နိုင်မှု မရှိ ရှေ့နောက်ဆင် ခြင်နိုင်မှု မရှိ။ ဦးဆောင် လိုသော် စိတ်မရှိ။ နောက်လိုက်သာဖြစ်သည် သတိပညာကင်းပြိး ထိုင်မှိုင်းနေတက်သည် ပျင်းရိစိတ်အလွန်များသည်။ ပျံလွင့်နေတက်ပြီး အရာရာတိုင်းကို စိတ်ကူယဉ်နေတက်သည်။ လူလေ လူလွင့် လူပေါ်ကျော့ တိ့နှင့် ပျော်မွေ့ကာ နေထိုင်တက်သည်။
နှလုံးသွေး။ ။ အမဲသား ဆေးသော ရေဧ။် အရောင်ကဲ့သို့သွေးအရောင် ဖျော့တော့တော့ စြဖ်သည်။
ကမ္မဌာန်း။ ။ ကာယ နုပသနာ တွင်ပါဝင်သော ၀င်လေ ထွက်လေ ဆင်ခြင်ခြင်းကို ကြိမ်ဖန်များစွာ လုပ်ပေးရမယ်။ ထိုမှသာမောဟ စရိုက်ကို ချု့ပ်တည်းနိုင်မာ်။
သဒ္ဒါစရိုက် ဧ။် ၀ိသေသ လက္ခာဏာများ
နေထိုင်မှု။ ။ သဒ္ဒါစရိုက် ရှိသူသည် သွားလာသည်ရှီသော် ခြေလှမ်းမှန်မှန်ဖြင့် ညီညီကြွပြီးညီညီ ချလေ့ရှိသည် ကိုယ်အမူအယာ ယဉ်ကျေး တင့်တင့်တယ်တယ် ရှိသည် အလုပ်အကိုင်သေသပ်သည်။
အ၀တ်အစားကိုလည်းသေသေ သပ်သပ် ၀တ်လေ့ရှိသည်။ ချိုသော။ စိမ့်သော ကောင်းသော အစားအသောက်များကိုသာ ကြိုက်သည်။
စိတ်နေစိတ်ထား။ ။ သနားကြင်နာတက်သည်။ ရတနာသုံးပါး နှင့်တစ်ကွ မိဘ ဆရာသမား တို့တွင်ဝပ်တွားခယ သည်။ သူတစ်ပါးတိုတွင် ယုံကြည်လွယ်သည်။ ထိုသူတိ့သည် ဆင်ခြင်း တိုင်းတွမှု ရှိသော်လည်း ယုံကြည်မှုကို ဦးစားပေးသဖြင့် အလိမ်အကောက် ခံ ရခြင်း။ သူတစ်ပါးအသူံး ချမှုကို ခံရခြင်း ဖျားရှိတက်သည်။ ပေးကမ်းစွန့်ကြဲ မှုကိုပြုလေ့ရှိသည်။
နှလုံးသွေး။ ။ အ၀ါရောင်ရှိသည်။
ကမ္မဌာန်း။ ။ ပညာကိုထွန်စေသော သစ္စာလေးပါး ၀ိပသနာ တရားတို့ကို အထူဂရုပြုပြီး ကျင့်ကျံ အားထုတ်မှသာ သဒ္ဒါစရိုကိကို ချိုးနှိမ်နိုင်မည်။
ဝိတက်စရိုက်ဧ။် ၀ိသေသလက္ခာဏာများ
နေထိုင်မှု။ ။ ၀ိတက်စရိုက် ရှိသူသည် သွားလာသည်အခါ ယမ်းဖယ် ယမ်းဖယ် သွားလာတက်သည် ဘိနပ်ကို ရှပ်တိုက်ပြီး လမ်းလျှောက်တက်သည်။ လူအများအရှေ့တွင် ကြောက်တက်သည်။ အလုပ်အကိုင် တိ့တွင် မေ့မေ့ လျှော့်လျှော့ မှားမှားယွင်းယွင်း ဖြစ်တက်သည်။ ၂ ခါ ပြန်လုပ်ရလေ့ရှိသည် ရှုပ်ပွေလီစွာ နေတက်သည်။ အစားအသောကိုလည်းကြုံကြိုက်စွာစားတက်သည်။
စိတ်နေစိတ်ထား။ ။ အမြဲစိတ်ကူယဉ်နေတက်သည် အကြောင်းအကျိုးဆင်ခြင် နိုင်သော်လည်း လက်တွေ့အကောင်အထည် ဖောဖိ့ စိတ်ကူမရှိပေ။ ဦးဆောင်လိုစိတ်မရှိ တပည်ခံလိုသောစိတ်သာလျှင်ရှိသည်။ရည်မှန်းချက် အခိုင်အမာ မရှိ အကြံများပြီးအလကားဖြစ်နေတက်သည်။
နျလုံးသွေး။ ။ ပဲပြုတ် ရေ အဆင်းရှိသည်။
ကမ္မဌာန်း။ ။ ကာယ နုပသနာ တွင်ပါဝင်သော ၀င်လေထွက်လေ မှတ်ခြင်း ကို အဖန်ဖန် ပွားများရမယ်။
ပညာစရိုက် ဧ။် ၀ိသေသလက္ခာဏာများ
နေထိုင်မှု။ ။ ပညစရိုက်ရှိသူသည် အပြောအဆိုမော်ကြ်ွးတက်သည်။ နိုင်ထက်စီးနင်းလုပ်တက်သာ်။ ကိုယ်အမူအရာ နှုတ်အမူ အရာကြမ်းတမ်းသည်။ သွားလာရာ တွင်လည်း တိုက်တွန်းပြီး သွးလေ့ ရှိသည် ။ အလုပ်အကိုင် သေသပ်မှုမရှိ စားသောက်နေထိုင်မှုတွင်လည်း အတိုင်းအဆ ချင့်ချိန်ပြီးစားသောက်သည်။
စိတ်နေစိတ်ထား။ ။ မာနေ ထာင်လွှားသည်။ ဆဲဆို ငေါက်ရမ်း တက်သည်။
စိတ်တိုလွယ်သည်။ သတိပညာရှိပြီး အမြှောအမြင်ကြိးသည်။ လုံ့ လရှိပြိး မှန်မှန် ကြိုးစားလေ့ရှိသည်။ သတိပညာ ရှိသည်အတွက် ကောင်းရာ လမ်းသို ဦးတည်နိုင်သည်။
နှလုံးသွေး။ ။ ပတ္တမြား ကျောက်မျက် ကဲ့သိုသော အရောင်ရှိသည်။
ကမ္မဌာန်း။ ။ ကာယ နုပသနာ စက်ဆုပ် ဖွယ် တိ့ကို ဆင်ခြင်ခြင်း။ အနိစ္စ ဒုက္ခ အနတ္တ ၀ိပသနာကို ဆင်ခြင် ရမည်။
ကဲ သူငယ်ငချ်းတို့ရေ အခုလိ့ စရိုက်လေးတွေသိရတော့ မိမိကိုယ်တိုင်ပဲ ဖြစ်ဖြစ် မိမိ သူငယ်ငချ်းတွေပဲဖြစ်ဖြစ် ဘယ်စရိုက်ရှိတယ်ဆိုတာကိုသိပြီး အပေါင်းအသင်းကို ရှာပြီးပေါင်းလို့ရတာပေါ့.. အကျိုါ်ရှီမယ်လိ့ ထင်ပါတယ်.. အားလုံ ၀င်ပြီးဖတ်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတ.ယ်...

0 comments:
Post a Comment