ဘိက္ခဝေ ရဟန်းတို့ အရိယော မြတ်သော အယမေ၀မဂေါ မဂ်တရားဆိုသည်မှာ အဌိဂီင်္ကော အင်္ဂါ(၈) ပါးနှင်ပြည့်စုံသည်။
က္ကု - မဂဂီင်္ ထို မဂ္ဂင် သည် သေယျာထာ ကတ မံ အဘယ်နည်း။
၁။ သမ္မာဒိဌိအမြင် မှန်ကန်သောအမြင်။ ။ လောကဌ် သတ္တ၀ါတို့သည် အကုသိုလ် တရားတို့ကို ပြုကျင့်ပါက ပစ္စုပ္ပန် သံသရာဆင်းရဲ သည်။ ကုသိုလ် တရားတို့ကို ပြုကျင့်ပါက ပစ္စပ္ပုန် သံသရာ ချမ်းသာသည်။ ငါးပါးအာရုံ ကာမဂုဏ် ကို တပ်မက် လျှင် ဆင်းရဲသည်။ ကာမဂုဏ် မှ လွတ်ကင်းလျှင် ချမ်းသာသည်။ ရုပ်၊နာမ် ဘ၀ တိုတွင် သာယာခြင်း တပ်မက်ခြင်း သည်ဆင်း၇ဲသည်။ ရုပ် နာမ် ဘ၀ တို့တွင်ငြီးငွေ့ချင်း မသာယာခြင်းသည် ချမ်းသာ သည် ထိုသို့ အရိယာ တိုသည် တရားအမြင်သည်မှန်ကန်သောအမြင်ဖြစ်သည်။.
၂။ သမ္မာ သင်္ကပ္ပ။ မှန်ကန်သော အကြံ။ ။ မှန်ကန်သော အမြင်အတိုင်းကာမဂုဏ် ကိလေသာ တိ့မှ လွတ်ကင်းသော်အကြံသည် မှန်ကန်သော အမြင်ဖြစ်သည်။
၃။ သမ္မာဝါစာ၊ မှန်ကန်သော အလုပ်။ ။ မှန်သောအမြင်အတိုင်း သူ့အသက်သတ်ခြင်းမှ ရှေင်ကြဉ်ခြင်း၊ သူပစ္စည်း မခိုးခြင်း၊ သူ့သားမယား မပြစ်မှားခြင်း၊ သေမသောက်ခြင်းသည် မှန်ကန်သောအလုပ်ဖြစ်သည်။
၎။ သမ္မာကမ္မ္မန္တ၊မှန်သောအလုပ်။ ။ မှန်သောအမြင်အတိုင်း သူ့အသက်သတ်ခြင်းမျရှေင်ကြဉ်ခြင်း သူ့ပစ္စည်းခိုးခြင်းမှ ရှောင်ကြဉ်ခြင်း သူ့သားမယား မပြစ်မှားခြင်းး သေရည်မသောက်ခြင်း သည်မှန်သောအလုပ်ဖြစ်သည်။
၅။ သမ္မာအာဇီဝ ၊ မှန်သောအသက်မွေးမှု။ ။ မှန်သော အမြင်အတိုင်း မိမိ/ သူတစ်ပါး ကိုမပူပန်စေဘဲ မျှတသော၊ မှန်ကန်သော၊ သင့်လျှော်သော အသက်မွေးမှု သည်မှန်သောလုံလ ဖြစ်သည်။
၆။ သမ္မာဝါယမ မှန်ကန်သောလုံ့လ။ ။ မှန်သောအမြင်အတိုင်း ထိုကားကုသိုလ်တရားတိုဆုတ်ယုတ် ပြီး ကုသိုလ်တရားတို့ တိုးပွားစေရန် အားထုတ် သောလုံ့လသည် မှန်ကန်သော လုံ့လ ဖြစ်သည်။
၇။ သမ္မာသတိ မှန်ကန်သောသတိ။ ။ မှန်သောအမြင်အတိုင်း ထိုကားအကုသိုလ် တည်း ဟု မမေမလျှော့ ရှိပြီး သတိပဌာန် လေးပါးတွင် မပြတ်ပွားနေခြင်းသည် မှန်ကန်သော သတိဖြစ်သည်။
၈။ သမ္မာ သမာဓိ မှန်ကန်သောတည်ကြည်မှု။ ။ မှန်ကန်သောအမြင်အတိုင်း ကိုယ် နှုတ် နှလုံး သုံးပါးကို ယောက်ယက် မခတ်ပဲ တည်ကြည်စွာ ထိန်းသိမ်းထားခြင်းသည် မှန်ကန်သောတည်ကြည်မှုဖြစ်သည်။
ထို မဂ်(၈) ချက်တွင် မိမိ ဘယ်အချက်နဲ့ ကိုက်ညီအောင် ကျင့်ပြီပြီလဲ စစ်ကြည့်လိုက်ပေါ့သူငယ်ခင်ျးတို့ရယ်... ဆရာတော်ရှင်အရိယဓမ္မကိုဆက်သွယ်ချင်တယ်ဆိုရင်တော့ ဖုန်း- ၀၉ ၄၃၀ ၃၈၈၀၂ ကိုဆက်သွယ်ပြီးမသိသေးတဲ့တရားမျာား သိချင်သောအကြောင်းအရာများအားမေးမြန်းနိုင်ပါသည်။

0 comments:
Post a Comment