www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Friday, May 17, 2013

အယူခံ

သစ္စာကို....ယုံမှတ်လို့
မေတ္တာကို....ပုံအပ်ခဲ့တာပါ ..။

မယုံကြည်တာ...မဟုတ်
ဆုံးရှုံးရမှာ....ကြောက်လို့
တစ်ချို့ကိစ္စတွေ
တားမြစ် ပိတ်ပင်ခဲ့တာ
သိပ်ချစ်လို့ပါ ...။

မထားခဲ့ပါနဲ့ ...
မင်းအနားမရှိရင်
အောက်စီဂျင်ပျက်တဲ့... ငါးလို
ငါ.....
အသက်ရှုမ၀တော့ဘူး.....။

တကယ်ပါ...
တစ်သက်မှာ တစ်ခါ
တစ်ခါမှာ....တစ်ယောက်ထဲ
ချစ်ခဲ့တာ ..
တစ်ကယ်ပါ...။

ကြိုမသိလို့
မနက်ဖြန်...
ဘာဖြစ်မှန်းမသိပေမယ့်
ဒီနေ့လေးတော့ ...
ငါ့....အနား
ရှိနေပေးပါ
ညီမလေးရာ....။ငါ့လိုလူ(ရွှေကျင်)

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်