ပါဝင်သောပစ္စည်းများ
ကြက်/ဝက်
ကန်စွန်းရွက်
ကြက်သွန်ဖြူကြော်
နှမ်း
မြေပဲ
ငံပြာရည်
ဟင်းခတ်မှုန့်
ဆီချက်
ပုစွန်ခြောက်မှုန့်
ပုစွန်ခြောက်အကောင်
ပြုလုပ်ပုံအဆင့်ဆင့်
ပထဦးစွာ အသားကို နူးအောင်ပြုတ်ပါ။ အသားတုံးများကို အနေတော်အတုံးကလေးများ တုံးပါ။ ကန်စွန်းရွက်ကို ရေနွေးဖျောပါ။ ကန်စွန်းရွက်များကို အနေတော်ညှပ်ပါ။ ထို့နောက် ရေညှစ်၍ ကန်စွန်းရွက်ထဲသို့ အသားတုံးကလေးများနှင့် အသင့်ပြုလုပ်ထားသော အစာ များကို ထည့်ပြီးနောက် သမစွာနယ်ပါ။ ထို့နောက် ကြက်သွန်ဖြူကြော်ကို အပေါ်မှ ဖြူး၍ မြိန်ယှက်စွာ သုံးဆောင်နိုင်ပါပြီ။
Ref : 8 Days

0 comments:
Post a Comment