ဓာတု
ပစ္စည်းတွေ ပါတဲ့ အသား အရေနဲ့ ဆံကေသာ ထိန်း ပစ္စည်း တွေဟာ မျက်ဝန်း၊
ဆံပင်နဲ့ အသားအရေ တွေကို လှပစေတာ မှန်ပေမယ့် ဘေးထွက်ဆိုး ကျိုးတွေ
ရရှိနိုင်ပါတယ်။ မီးဖိုချောင် ထဲက ရရှိတဲ့ သဘာဝ အသားအရေထိန်း ပစ္စည်း
တွေကတော့ ဘေးအန္တရာယ်ကင်း ကင်းနဲ့ သင့်ကို လှပအောင် ကူညီနိုင်ပါ တယ်။
အောက်ပါ နည်းလမ်းတွေဟာ ရုပ်ပြင်ခွဲစိတ် ဆရာဝန် (Plastic Surgeon) တွေက
လမ်းညွှန်ထားတဲ့ လွယ်ကူတဲ့ အ သားအရေနဲ့ ဆံကေသာ ထိန်းသိမ်းနည်း
လျှို့ဝှက်ချက်တွေ ဖြစ်ကြပါတယ်။
ထောပတ်သီး-ပျားရည် တို့ဖြင့် အစိုဓာတ် ထိန်းနည်း
အစိုဓာတ်ထိန်းခရင်မ်ဟာ အိုမင်းမှု တားပစ္စည်းဖြစ်ပါတယ်။ အရေပြားမှာ အ စိုဓာတ်ထင်ကျန်နေအောင်နဲ့ အရေး ကြောင်း ကင်းအောင် ဆောင်ရွက်ပေးတဲ့ အဖြည့်ပစ္စည်းဖြစ်တာကြောင့် အရေပြား က ချောမွေ့နေတတ်ပါတယ်။ ဒီအစို ဓာတ်ထိန်းနည်းဟာ အသားအရေကို နုပျို ကြည့်ကောင်းစေတာကြောင့် သူ့လူနာ တွေက သဘောကျကြတယ်လို့ ရုပ်ပြင်ခွဲ စိတ်ဆရာဝန် Dr. Ordon ကဆိုပါတယ်။
ပါဝင်ပစ္စည်းများ
-လတ်ဆတ်တဲ့ ခရင်မ်(Cream) ထမင်းစားဇွန်း သုံးဇွန်း
-ထောပတ်သီး တစ်လုံးရဲ့ လေးပုံတစ်ပုံ
-ပျားရည် ထမင်းစားဇွန်း တစ်ဇွန်း
ပြုလုပ်နည်း
-ပါဝင်ပစ္စည်းအားလုံးကို မွှေစက်ထဲ ထည့်ပြီး ချောမွေ့တဲ့ ခရင်မ်တစ်မျိုးရတဲ့ အထိ လုပ်ဆောင်ပါ။ ဒီအရောအနှောကို အသားအရေပေါ် လိမ်းပေးပြီး တစ်နာရီ ခန့်ထားပါ။ ပြီးရင် ကြက်သီးနွေးရေနဲ့ ဆေးကြောသန့်စင်ပေးရပါမယ်။
သစ်သီးစုံဖြင့် အရေးကြောင်း ကင်းစေမည့် နည်း
စွမ်းအား တိုးစေတဲ့ သစ်သီးစုံမှာ အင် တီအောက်ဆီးဒင့်တွေ ပါဝင်ပြီး အသား အရေကို နေရောင်ခြည်ကြောင့် ထိခိုက်မှု မှ ကာကွယ်နိုင်ပြီး သွေးလှည့်ပတ်မှု ကောင်းစေကာ အရေပြားဆီ မရှိမဖြစ် အာဟာရဓာတ်တွေ ရောက်ရှိစေပါတယ်။ဒီသစ်သီးစုံကတော့ နံနက်စာအနေနဲ့ စား ပေးရမှာ ဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
-လတ်ဆတ်တဲ့ ဘလူးဘယ်ရီသီး ခွက် တစ်ဝက်စာ၊
-လတ်ဆတ်တဲ့ စတော်ဘယ်ရီသီး ခွက် တစ်ဝက်စာ၊
- ကီဝီသီး တစ်လုံး၊
-တလည်းစေ့ ခွက်တစ်ဝက်စာ၊
-လိမ္မော်ရည်ခွက် တစ်ဝက်စာ၊
-ကြေညက်အောင် လုပ်ထားတဲ့ သီ ဟိုဠ်စေ့ လက်တစ်ဆုပ်စာ
ပြုလုပ်နည်း
အပေါ်ဆုံး ပါဝင်ပစ္စည်းလေးမျိုးကို ပန်းကန်လုံးတစ်ခုထဲကို ထည့်ပြီး မွှေပါ။ ပြီးရင် လိမ္မော်ရည်လောင်း ထည့်ပြီး သီ ဟိုဠ်စေ့ဖြူးကာ စားပါ။
ဝက်ခြံ အမာရွတ် ပျောက်အောင် ကုသမှု
ဝက်ခြံ ပေါက်တဲ့အခါ ဝက်ခြံပျောက် သွားရင်တောင် အစက်အပြောက်တွေ ထင်ကျန်ရစ်တတ်ပါတယ်။ တစေးဟာ ဘက်တီးရီးယားပိုးတွေကို တွန်းလှန် နိုင်ပြီး လီမွန်သီးအရည်က အမည်းစက် နဲ့ အပြစ်အနာအဆာတွေကို သက်သာ စေပါတယ်။
ပါဝင်ပစ္စည်းများ
-ဘီယာချက်ရာတွင် သုံးတဲ့တစေး
-လီမွန်သီး အရည်၊
-ရေ
ပြုလုပ်နည်း
-ဘီယာချက်တဲ့အခါမှာ သုံးတဲ့ တစေး (brewer’s yeast) ကို ပျစ်တဲ့ အရော အနှောရအောင် လီမွန်သီးအရည် တစ် စက်၊ ရေသင့်တင့်ရုံပမာဏနဲ့ ရောလိုက် ပါ။ ဝက်ခြံနဲ့ အပြစ်အနာအဆာတွေပေါ် လိမ်းပြီး ၁၀ မိနစ်လောက်ထားပါ။
ပင်စိမ်းရွက် တိုနာ
ဒီနည်းဟာ ဝက်ခြံပေါက်လွယ်တဲ့ အရေပြားအတွက် အထူးသင့်တော်ပါ တယ်။ ပင်စိမ်းရွက်ဟာ ပိုးသတ်အာနိ သင်ရှိပြီး ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီး ယားပိုးတွေ ကင်းစင်စေကာ အရေပြားဆီ သို့ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေ ပါတယ်။
ပါဝင်ပစ္စည်းများ
-ပင်စိမ်းရွက်ခြောက်မှုန့် ထမင်းစား ဇွန်း သုံးဇွန်း၊
-ရေနွေးတစ်ခွက်၊
ပြုလုပ်နည်း
-ခြောက်သွေ့တဲ့ ပင်စိမ်းရွက်တွေနဲ့ ဆူ ပွက်နေတဲ့ ရေနွေးတစ်ခွက်ကို ထည့်ကာ ရောမွှေပြီး အေးအောင်ထားပါ။ အရွက် တွေကို စစ်ထားပြီး စပရေးဖျန်းလို့ရတဲ့ ပုလင်းထဲထည့်ကာ အရေပြားကို ပက် ဖျန်းပေးပါ။ မျက်နှာသန့်စင်ပြီးတိုင်း မျက် နှာပြင်အနှံ့ ဝါဂွမ်းစနဲ့ တိုနာ လိမ်းသလို လိမ်းပေးပါ။
သက်ကြီးအစက်အပြောက် ဖယ်ရှားနည်း
သင့်လက်တွေဟာ သင့်အသက်အ ရွယ်ကို ဖော်ညွှန်းပြနေပါတယ်။ သက် ကြီးအစက်အပြောက်တွေပေါ်နေရင် ဒီ ကြေးချွတ်ပစ္စည်းကို သုံးနိုင်ပါတယ်။ လက် အရေပြားကို ကြေးချွတ်ပေးတာကြောင့် အရေပြားဆဲလ်သေတွေကို ကွာကျစေပါ တယ်။ ဆန်ဟာ အရေပြားကို ကြေးချွတ်ပေးပြီး အစိုဓာတ်ထိန်းပေးကာ လီမွန်သီး က အရေပြားကို တောက်ပစေပါတယ်။
ပါဝင်ပစ္စည်းများ
-ချက်ထားတဲ့ ထမင်း ခွက်တစ်ဝက်၊
-လီမွန်ရည် ထမင်းစားဇွန်းတစ်ဇွန်း၊
-ပျားရည် ထမင်းစားဇွန်း တစ်ဇွန်း
ပြုလုပ်နည်း
-ပါဝင်ပစ္စည်းအားလုံးကို မွှေစက်ထဲ ထည့်မွှေကာ ပျစ်အောင်လုပ်ပါ။ အရော အနှောကို ခြောက်သွေ့နေတဲ့ လက်တွေ ပေါ်လိမ်းပေးကာ စက်ဝိုင်းပုံအတိုင်း တစ်မိနစ်-နှစ်မိနစ်ခန့် ပွတ်တိုက်လှည့် လည်ပေးပါ။ အသားမာတွေရှိရင်လည်း လက်ဖဝါးတွေပေါ် ပွတ်တိုက်လိမ်းပေး နိုင်ပါတယ်။
ဗာဒံစေ့-သကြားတို့ဖြင့် မျက်နှာကြေးချွတ်နည်း
မျက်နှာကို ပုံမှန်ကြေးချွတ်ပေးတာ က အရေပြားဆဲလ်သေတွေကို ကွာကျ စေတာကြောင့် အသားအရေက ပိုမို ချော မွေ့ပြီး တောက်ပြောင်လာပါတယ်။
ပါဝင်ပစ္စည်းများ
-လတ်ဆတ်တဲ့ ခရင်မ် ထမင်းစားဇွန်း သုံးဇွန်း၊
-အညိုရောင် သကြား ခွက်တစ်ဝက်၊
သံလွင်ဆီ ထမင်းစားဇွန်း နှစ်ဇွန်း
ပြုလုပ်နည်း
အထက်က ပါဝင်ပစ္စည်းအားလုံးကို ရောမွှေလိုက်ပါ။ ပြီးရင် ခြောက်သွေ့တဲ့ မျက်နှာပေါ်လိမ်းပြီး စက်ဝိုင်းပုံ အတိုင်း လှည့်လည်ကာ နှိပ်ပေးပါ။ ကြက်သီးနွေး ရေနဲ့ ဆေးကြောပေးပြီး ရေအေးနဲ့ ထပ် မံဆေးကာ မျက်နှာကို ခြောက်အောင် သုတ်လိုက်ပါ။ ကျန်နေတဲ့ ကြေးချွတ် ပစ္စည်းတွေကို ရေခဲသေတ္တာထဲ သိမ်းထား ပြီး နောက်တစ်ကြိမ်သုံးနိုင်ပါတယ်။
အုန်းဆီဖြင့် ဆံပင်သားပြုပြင်နည်း
ဆံပင်သားကို ချောမွေ့စိုပြည်စေ ကာ တောက်ပစေတဲ့ အိမ်တွင်းနည်းပါ။ တစ်ပတ်တစ်ကြိမ် ပြုလုပ်နိုင်ပါတယ်။
ပါဝင်ပစ္စည်းများ
-မရောနိစ် ခွက်တစ်ဝက်၊
-အုန်းဆီ ထမင်းစားဇွန်း တစ်ဇွန်း၊
-အုန်းသီးအနှစ် လက်ဖက်စားဇွန်း တစ် ဇွန်း
ပြုလုပ်နည်း
-ပါဝင်ပစ္စည်းအားလုံးရောမွှေပြီး ဦးရေ ပြားပေါ် လိမ်းကာ ခေါင်းစွပ်စွပ်ထားပါ။ ပြီးရင် မိနစ် ၂၀-၃၀လောက်ထားပြီး ရေ နဲ့ သေချာဆေးကြောပေးရမှာပါ။
နှုတ်ခမ်းသား ကြေးချွတ်နည်း
ခြောက်သွေ့ကာ ဆဲလ်သေတွေ ရှိနေတဲ့ နှုတ်ခမ်းသားတွေ ပန်းရောင်သန်း ပြီး ပြည့်တင်းနေစေဖို့ လုပ်သင့်တဲ့ နည်းပါ။
ပါဝင်ပစ္စည်းများ
-အစိုဓာတ်ထိန်းလိုးရှင်း လက်ဖက်စား ဇွန်းတစ်ဝက်၊
-ကော်ဖီစေ့မှုန့် လက်ဖက်စားဇွန်း လေး ပုံတစ်ပုံ၊
-ဆားခါး လက်ဖက်စားဇွန်းလေးပုံတစ်
ပြုလုပ်နည်း
-ပါဝင်ပစ္စည်းအားလုံးကို ပန်းကန်တစ် လုံးထဲ ထည့်ပြီး မွှေကာ နှုတ်ခမ်းနေရာ တစ်ဝိုက် လိမ်းပြီး ငါးမိနစ်လောက် နှိပ် ပေးပါ။ ပြီးရင် စိုစွတ်နွေးထွေးတဲ့ ပိတ်စ နဲ့ သုတ်ကာ သန့်စင်ပေးပါ။
By Good Health

0 comments:
Post a Comment