www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Friday, May 17, 2013

အင်းတစ်ပြား


အုနဲ..အုနဲ....
အုနဲ...အုနဲ....
“အောင်မလေးတော်...ယောင်္ကျားလေးဟဲ့”
ငါးခြောက်ပွဲစား ကို အောင်ခန့်၏ မိန်းမ မိရွှေ ကလေးမွေးခြင်းဖြစ်သည်။ကိုအောင်ခန့်တို လင်မယားသည် တဇောင်းပင်ရွာ သူရွာသားများ ဖြစ်ကြသည်။တရွာလုံး ငါးဖမ်းလုပ်ငန်းကို လုပ်ကိုင် ကြသော်လည်း အောင်ခန့်တို့က မြို့တက်ပြီး ငါးခြောက်ပွဲစားလုပ်လေသည်။တစ်ရွာလုံးမှာ သူတစ်ယောက်ထဲ ပွဲစားဖြစ်သဖြင့် ငွေရေးကြေးရေးအတော်အတန် အဆင်ပြေလေသည်။ လင်မယားနှစ်ယောက်စလုံး အသက်၃၀ကျော်လေးတွေသာဖြစ်ပြီး လင် မြို့တက်လျင် မယားက ရွာထဲ ငါးခြောက်ဝယ် ၊အိမ်မှာ လှမ်းသင့်တာလှမ်း၊ သိမ်းသင့်တာ သိမ်းသည်။သားသမီး မရတော့ဟု လင်မယား နှစ်ယောက်ထင်ထားသော်လည်း အိမ်ထောင်သက်တမ်း ၇ နှစ်ကျော်မှ မမိရွှေတစ်ယောက် ကိုယ် ၀န်ရခြင်းဖြစ်သည် ။ ကိုယ်ဝန်ရခါစ က လင်မယားနှစ်ယောက် အလွန်ပျော်ရွှင်ခဲ့ကြသည်။ကိုယ်အောင်ခန့်လဲ အလုပ်ကို ယခင်ကထက် ပိုမို လုပ်ဆောင်ခဲ့သည်။ကိုယ်ဝန် ၃ လကျော်တွင်
“ယောင်္ကျားရေ..”
စရင်းရေးနေသော ကိုအောင်ခန့်က
“ပြောလေ မိန်းမ”
“ကျွန်မလေ ဒီရက်ပိုင်း ...တော်ပါပြီးပြောတော့ပါဘူး”
“ပြောပါ မိန်းမရဲ့ ဘာဖြစ်လို့လဲ”
“ဟိုလေ..ကျွန်မ ဒီရက်ပိုင်း အမဲသားဟင်း သိပ်စားချင် တာဘဲ”
“သြော်...ဘာများလဲလို့ မိန်းမကလဲ ကိုယ်ဝန်ကြီးနဲ့ဟာ ဒီလိုဘဲ ချင်ခြင်းတက်တာ နေမှာပေါ့”
“မဟုတ်သေးပါဘူး ယေင်္ကျားရယ် သူများတွေက အချဉ် အငံ ချင်းခြင်းတက်တာ ကျွန်မက..”
“နေနေ..ငါ ညနေကျရင် ရွာတောင်ဘက်က ၅၀ သားလောက် ဆွဲခဲ့မယ် ငါလဲနင့်ကိုကျွေးမလို့လုပ်နေတာ နင်ကလေးမွေးရင်လဲ အားရှိအောင်လို့”
“အို မွေးဖို့က အဝေးကြီး လိုသေးတာ ဒါဆို ရှင် ညနေ ၀ယ်ပြီးပြန်လာရင် စောစောပြန်ခဲ့ ဒီရက်ပိုင်း အိမ်နားမှာ ခွေးတွေသိပ်ဟောင်တယ် အူပါအူတယ်”
“အေးပါ မိန်းမရယ်”
မမိရွှေ ပြောလဲပြောချင် စရာ။ဒီရက်ပိုင်း သူတို့ အိမ် နားဝန်းကျင် ခွေးတွေ သိပ်အူတာဘဲ။တစ်ရွာလုံးက ခွေးတွေ ရောက်နေသလိုပါဘဲ။နေ့တွေရက်တွေသာ ပြောင်းလာတယ် မမိရွှေ တစ်ယောက် အမဲသားစားချင်တဲ့ စိတ်က ပျောက်မသွားဘူး။အရင် တစ်ပတ် ကို အမဲသားတစ် ပိဿာ ကနေ နှစ်ရက် ကို တစ်ပိဿာဖြစ်လာတယ်။ဒီလိုနဲ့ မမိရွှေတစ်ယောက် မွေးမဲ့ ရက်နားရောက်လာတယ်။မွေးရက်နီးလေ ကို အောင်ခန့် တစ်ယောက် ပို ဂရုစိုက်လေဘဲ။
အုနဲ..အုနဲ....
အုနဲ...အုနဲ....
“အောင်မလေးတော်...ယောင်္ကျားလေးဟဲ့”
“ဟဲ့ အောင်ခန့် နင် သားလေးရပြီး ၀င်မလာနဲ မီးနေ အခန်းထဲ ကို ခဏနေရင်
ငါနင် သား ခေါ်ထုတ်လာမယ် “
အခန်းထဲမှ လက်သည် ဒေါ်စ အသံ ကိုကြားရသဖြင့် ကိုအောင်ခန့်တစ်ယောက် ၀မ်းသာလုံးဆို့ သွားသည်။မွေးခါနီး ရွာလက်သည်ဒေါ်စ နှင့် သူ့သမီးကို ကိုအောင်ခန့် အိမ်ပေါ်ခေါ်ထားသဖြင့် အဆင်ပြေသွားခဲ့သည်။သိပ်မကြာပါ အခန်း တံခါးပွင့် လာသည်။ဒေါ်စ တစ်ယောက်ထဲ ထွက်လာသည်။
“ဟင်.. ကြီးစ..”
“ကလေးကော..... “
“ဒီမှာ ငါပြောတာ နားထောင်”
“ဟင်..ဘာဖြစ်လို့လဲ ကလေး ဘာဖြစ်လို့လဲ ကျွန်တော့် မိန်းမကော “
“ဟဲ့ ငါပြောတာအရင်နားထောင်
နင့် ကလေး ကော နင့် မိန်းမကော နေကောင်းတယ် ငါပြောချင်တာနင့်ကလေး”
“ဗျာ..ကျွန်တော့ ကလေး”
“အေး နင် စိတ်အေးအေး ထားမှဖြစ်မယ် ငါလဲ ပထမ မမြင်မိဘူး ငါ့သမီးပြမှတွေ့တာ..နင့် ကလေးက သွားတွေပေါက်နေတယ်..”
“ဗျာ..”
“ဗျာ မလုပ်နဲ့ သွားတောင်မှ အစွယ်နေရာလေးတွေ မှာ ပေါက်နေတာ ရှင်းရှင်းပြောရရင် အစွယ်လေးတွေပေါက်နေတာ နင့် မိန်းမကို ကလေးမပြရသေးဘူး သွေးတက်သွားမှာစိုးလို့ နင့်ကိုအရင်ပြောတာ..ကလေးငါခေါ်လာမယ်..” ဒေါ်စ ပြောပြောဆိုဆိုနှင့် အခန်းထဲပြန်ဝင်သွားခဲ့သည်။ခဏအကြာတွင် ကလေးကို ပုစိုး နှင့် ပိုက်၍ ဒေါ်စ အခန်းထဲကထွက်လာသည်။ကိုအောင်ခန့် လက်ထဲ ထည့်ပေးလိုက်သည်။ကိုအောင်ခန့်ခဏငြိမ်ကျသွားသည်။ပြီးမှ သားလေးရေ ပူတူတူလေးရေ..ဆိုတဲ့ အသံထွက်လာခဲ့သည်။သို့သော် အောင်ခန့် မျက်လုံးထဲတွင် သူ့သားနှုတ်ခမ်းနီတာရဲ လေးမှ သွားဖြူဖြူလေးတွေကိုမြင်ယောင်မိနေသည်။
ကလေးစိတ်ချရအောင် ဒေါ်စကို တစ်ပတ်လောက်နေပါလို့ပြောနေတာကို သူ့သမီးလက်ဆွဲ၍ပြန်သွားလေသည်။ ဒေါ်စပြန်ပြီး နှစ်ရက်အကြာတွင် ရွာထဲမှာ သတင်းထွက်သွားသည်။အောင်ခန့် မိန်းမ ဘီလူးမွေးလို့တဲ့။အောင်ခန့်တိုအိမ် လူစည်သွားသည်။အကောင်းပြောသူရှိ သလို မကောင်းပြောသူ လဲရှိသည်။ရွာကျောင်းက ဆရာတော်က အင်းပြားလေး တစ်ပြား ပေးသည်။ကလေးနေကောင်းဖို့အတွက်လို့ပြောသည်။ဆိုးတာက အင်းကိုကလေးဘေးနားချထားရင် ကလေးကမအိပ်တော့ဘဲ တစ်ညလုံး ငိုနေတော့သည်။ ထိုကြောင့် အောင့်ခန့် ကဘုရားစင်ပေါ် တင်ထားလိုက်သည်။ဘယ်သူတွေဘာဘဲပြောပြော အောင်ခန့်တို လင်မယားက သူတို့ ကလေးကိုချစ်ကြသည်။ကဲ့ရဲ့ ၇ ရက် ချီမွန်း ၇ ရက် ဆိုကာ လင်မယားနှစ်ယောက် ကလေးကို ပိုမို ပြုစခဲ့ ကြသည်။သည်လိုနှင့် ကလေးအသက် ၃ လကျော်လာခဲ့သည်။အောင်ခန့်လဲ သူ့၏ပွဲစားအလုပ်ကိုပြန်လည်လုပ်ကိုင်လာပြီးဖြစ်သည်။တစ်နေ့ ကိုအောင်ခန့်တစ်ယောက်မြို့ကအပြန် အသားခြောက်လေးတွေ ဈေးချိုလို့မိန်းမအတွက်ဝယ်လာခဲ့သည်။အိမ်ရောက်သောအခါ မိန်းမကမစားချင်သေးသဖြင့် ဟင်းချက်ရန်အတွက်သိမ်းထားလိုက်သည်။ နောက်တစ်ပတ်မြို့တက်ခါနီတွင်
“ကိုအော်ခန့်”
“ဟေ.. မိန်းမ”
“ရှင် ၀ယ်လာတဲ့ အမဲခြောက်တွေ ယူစားသေးလာ”
“အာ..ငါ လယ်လို စားမလဲ မိန်းမ ပဲသိမ်းထားတာမဟုတ်ဖူးလား”
“ဒီမှာ တော်ရေ ကြောင်အိမ်ပေါ် တင်ထားတာ နှစ်ချောင်းဘဲ ကျန်တောတယ်..ရှင်သူငယ်ချင်းတွေများ ပေးပစ်လားလို့”
“ပေး စရာလား ဟ..နင်စားဖို့ ၀ယ်လာတာဘဲဟာ..ကြည့်ပါဦဟ ကြောင်ဆွဲတယ်ထင်တယ်..”
“သိဘူး ... တော်ရေ..ဒီမှာရှင် ၀ယ်လာတာ ၅ချောင်းမှာ ၂ချောင်းဘဲ ကျန်တော့တယ်”
“ကြောင်ဆွဲတာလားကြွက်ဆွဲတာလား ညနေ ငါပြန်လာရင် ထက်ဝယ်လာပေးမယ် ဟုတ်ပြီးလား”
ညနေ ကိုအောင်ခန့်ပြန်လာသောအခါ အမဲ ခြောက်ကို ထပ်ဝယ်လာခဲ့သည်။ နောက်တစ်နေ့တွင်လဲ အမဲခြောက်၂ ချောင် ထက်ပျောက်နေပြန်သည်။နောက်ပိုင်းရက်တွေဆိုလျှင် ၅ချောင်းဝယ်လျှင် သူတို့ လင်မယား ၅ချောင်းလုံး မစားရ။တစ်ချောင်းစ နှစ်ချောင်း စ ပျောက်တက်နေသည်။နောက်ပိုင်းရက်တွေဆို လျှင် အမဲခြောက်မရှိလျှင် အိမ်အောက်မွေးထားသော ကြက်အုပ် မှ ကြက်ပေါက်လေးတစ်ကောင် ပျောက်နေတက်သည်။ အမဲခြောက်ပျောက်သောအခါ သတိမထားမိ။ကြက်ပေါက်လေးများပါ ပျောက်သောအခါ ကိုအောင်ခန့်တစ်ယောက်သတိထားလာမိသည်။အိမ်မှာ အမဲခြောက်မရှိသောရက် တွင် ကြက်ပေါက်လေးများပျောက် သည်ကိုလဲ သတိထားလာမိသည်။မိန်းမ ကိုတော့ကြောက်မည် စိုး၍ အသိမပေးသေး။
ဒီလိုနှင် တစ်ည..
ရွာမီးက ည ၁၀နာရီကျော်လျှင် မပေးတော့သဖြင့် အောင်ခန့်တို့အိမ်မှောင်နေသည်။ သို့သော တစ်ညလုံး ထွန်း ထားတက်သည့် ဒီဇယ်မီအိမ်က လင်းနေပေသည်။လ ကလဲသာသည်မို့လို့ ကို အောင်ခန့်တစ်ယောက် အိပ်မရ။ကြက်ပျောက်သည့်ကိစ္စ ၊ ငါးခြောက်ဈေးကလဲ ကျသည်မို့လို အိပ်မရဘဲ တောင်တွေးမြောက်တွေးဖြစ်နေသည်။ ထိုစဉ် သူ့အနားက တစ်ခုခု လှုပ်သွားသည်။သူမှိတ်ထားသော မျက်လုံး မှေးကာဖွင့်ကာ ကြည့်မိသည်။သူတို့ လင်မယားကြားထဲတွင် ကလေးကိုထားအိပ်သည်။သူတို့ကလေးက နေဘက်ဆိုရင်တောင် မျက်လုံးသိပ်မဖွင့်၊ အခု ကလေးက မျက်လုံးစုံဖွင့်ကာ သူ့အမေ ကိုကြည့်နေသည်။ခဏနေတော့ သူ့ဘက်လှည့်လာသည်။ကိုအောင်ခန့် အိပ်ချင်ယောင်ဆောင်လိုက်သည်။ခဏနေတော့ သူ့အနားက တစ်ခုခု လှုပ်ရှားနေကြောင်း ကိုအောင်ခန့် သတိထားမိသည်။မျက်လုံးဖွင့်ကြည့်လိုက်သည်။
သူ့သား...။
၃လအရွယ်သူ့သားက လူကြီးတစ်ယောက်လို ထိုင်နေသည်။ပြီးတောမတ်တပ် ရပ်သည်။၃လ အရွယ် ကလေးတစ်ယောက်က မည်သို့မျှ ထိုသို့မလုပ်နိုင်။တခြားသူလဲမဟုတ် သူ၏သား အရင်းဖြစ်သည်။ကလေးက တဖြေးဖြေးချင်း ခြေလှမ် လှမ်းကာ ကြောင်အိမ်ဘက်သို့ သွားနေသည်။ထွန်းထားသောမီးအိမ်ကလဲ လင်းနေသည်။ကလေးက ကြောင်အိမ်အနားရောက်သောအခါ ကြောင်အိမ် ကို တွဲ တက်လေသည်။ကြောင်အိမ်ပေါ်သို့ရောက်သောအခါ ကျကျ နန ထိုင်ကာ ကိုအောင်ခန့်ဝယ်ထားသောအမဲခြောက်ကိုယူစားလေသည်။ ကိုအောင်ခန့် ဇော်ချွေးများပါ ပြန်လာသည်။ ရုပ်ရှင် တစ်ခုကို ကြည့်နေရသလိုဖြစ်နေသည်။ကလေးက မွေးရာပါ အစွယ်လေးများဖြင့် အမဲခြောက်ကို ကိုက်စားနေသည်။ ကိုအောင်ခန့် ကျောတစ်ခုလုံးချွေးများဖြင့် စိုနေသည်။ ကိုအောင်ခန့်မနေ နိုင်တော့၍ တစ်ချက်လှုပ်ကြည့်သည်။ကလေးက ၀ုန်းဆို ကြောင်အိမ်မှ ခုန်ချသည်။တောရုံတန်ရုံ လူကြီးတစ်ယောက်ခုန်ချလျှင်ပင် ခြေဆစ်လွဲနိုင်သောအမြင့်ဖြစ်သည်။အခု သူ့သားက အ၀တ်ထုတ်တစ်ခု ပစ်ချသလိုဖြစ်နေသည်။ကလေးက ကြောင်အိမ် မှ သူတို့ အိပ်ရာထဲဝင်ကာ အနှီးထဲတွင် ပြန်အိပ်သွားသည်။အောင်ခန့် ဘယ်လိုမှ အိပ်မရတော့။အိမ်မတ်လဲမဟုတ်။သူ့အတွေးထဲတွင် ကြက်ပျောက်သည့်ကိစ္စ ပြန်ဝင်လာသည်။ဒါဆို ကြက်ပေါက်လေးတွေပျောက်တာ ဒီကလေးလက်ချက်ပေါ့။သူခေါင်းမီးတောက်သွားသည်။သူ့သားရှိရာ ဘက်ကို ကျောပေးလိုက်သည်။သူမည်သို့လုပ်မည်နည်း။ဒေါ်စပြောတဲ့ စကားတွေ နားထဲ ပြန်လည်ကြားယောင်လာသည်။ ရွာကလူတွေ ပြောစကားတွေ နားထဲ အထပ်ထပ် ကြားနေမိသည်။
အောင်ခန့် မယားလေ ဘီလူးလေးမွေးလို့
အောင်ခန့် နင့်သားက အစွယ်လေးတွေနဲ့
ဘီလူးလေးမွေးတာဆို....
ဘီလူးလေး
ဘီလူးလေး..



by သရဲအကြောင်းပြောကြမယ်

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်