သင့်အရေပြားဟာ ကြားခံအလွှာတစ်ခုအဖြစ်
သဘာဝအတိုင်း လုပ်ဆောင်နေပါတယ်။ အဓိပ္ပါယ်ကတော့ အရေပြားဟာ ကျွန်ုပ်တို့အတွက်
ကောင်းမွန်တဲ့ အစိုဓာတ်နဲ့ အဆီတစ်ချို့ကို ထိန်းသိမ်းပေးနေစဉ်မှာ
ကျွန်ုပ်တို့ခန္ဓာကိုယ်နဲ့ နေ့စဉ် ထိတွေ့တဲ့အရာတွေ (ဖုန်မှုန့်နဲ့ ညစ်ညမ်း
ပစ္စည်းတွေ) ဒဏ်မှလည်း ကာကွယ်ပေးပါတယ်။ ချွေးပေါက်တွေကို ပိတ်စေတဲ့
ဖုန်မှုန့်နဲ့ အညစ်အကြေးတွေကို ဖယ်ရှားဖို့ တစ်နေ့ကိုနှစ်ကြိမ်
မျက်နှာသစ်သင့်ပါတယ်။ ဒါပေမယ့် အရေပြားကို တင်းလာစေတဲ့အထိ အလွန်အမင်း
မသန့်စင်မိစေဖို့ သတိထားသင့်ပါတယ်။
ဝက်ခြံဖြစ်ပေါ်ခြင်း - မျက်နှာကို တစ်နေ့နှစ်ခါထက်ပိုပြီးသစ်ခြင်းဟာ အရေပြားရဲ့ပြင်းထန်တဲ့တုံပြန်မှုကို လှုံ့ဆော်ပြီး သင့်မျက်နှာမှာရှိတဲ့ အဆီဂလင်းတွေက အဆီတွေကို ပိုမိုထုတ်လုပ်စေပါတယ်။ သင်သုံးတဲ့ moisturizes ကအရေပြားထဲကို စိမ့်မ၀င်ဘဲ အရေပြားပေါ်မှာသာရှိနေမယ်ဆိုရင် ၀က်ခြံပိုမိုဖြစ်ပေါ်နိုင်ပါတယ် ။
Seborrheic Dermatitis - ဦးရေပြားတ၀ိုက်နဲ့ T ဇုန်မှာ အရေပြားဟာ အနီရောင်အဖတ်များအဖြစ် ကွာကျခြင်းတို့လည်း ဖြစ်နိုင်ပါတယ်။
- သင်ဟာ သင့်အရေပြားကို အလွန်အမင်း သန့်စင်မိတဲ့အခါ အရေပြားကို ကျန်းမာစေပြီး အစိုဓာတ်ကို ထိန်းညှိပေးတဲ့ အဆီတွေကိုပါ ဖယ်ရှားမိစေပါတယ်။
- အရေပြားအတွက် မရှိမဖြစ်လိုအပ်တဲ့ အဆီတွေကို ဖယ်ရှားနိုင်တဲ့ alcohol ပါတဲ့ မျက်နှာသစ်ဆေးတွေကို မသုံးသင့်ပါဘူး။
- မျက်နှာသစ်ပြီးတဲ့အခါ အရေပြားဟာ တင်းနေပြီဆိုရင် ဒါဟာအလွန်အမင်း သန့်စင်ခြင်း (သို့) သင့်အရေပြား အမျိုးအစားအတွက် အလွန်ပြင်းတဲ့ မျက်နှာသစ်ဆေးကို အသုံးပြုမိခြင်းရဲ့ ထင်ရှားတဲ့အမှတ်အသား ဖြစ်ပါတယ်။
- အလွန်အမင်းသန့်စင်ခြင်းရဲ့ အကျိုးသက်ရောက်မှုအချို့ကတော့...
ဝက်ခြံဖြစ်ပေါ်ခြင်း - မျက်နှာကို တစ်နေ့နှစ်ခါထက်ပိုပြီးသစ်ခြင်းဟာ အရေပြားရဲ့ပြင်းထန်တဲ့တုံပြန်မှုကို လှုံ့ဆော်ပြီး သင့်မျက်နှာမှာရှိတဲ့ အဆီဂလင်းတွေက အဆီတွေကို ပိုမိုထုတ်လုပ်စေပါတယ်။ သင်သုံးတဲ့ moisturizes ကအရေပြားထဲကို စိမ့်မ၀င်ဘဲ အရေပြားပေါ်မှာသာရှိနေမယ်ဆိုရင် ၀က်ခြံပိုမိုဖြစ်ပေါ်နိုင်ပါတယ် ။
Seborrheic Dermatitis - ဦးရေပြားတ၀ိုက်နဲ့ T ဇုန်မှာ အရေပြားဟာ အနီရောင်အဖတ်များအဖြစ် ကွာကျခြင်းတို့လည်း ဖြစ်နိုင်ပါတယ်။
- ဒါကြောင့် (အထူးသဖြင့် မျက်နှာအဆီပြန်သူတွေဟာ) မျက်နှာကို ခဏခဏ မသစ်မိပါစေနဲ့။
- ၂ ကြိမ်ထက်ပိုပြီး မျက်နှာသစ်တဲ့အခါ မျက်နှာသစ်ဆေးတွေကို မသုံးဘဲ ရိုးရိုးရေနဲ့ပဲ မျက်နှာသစ်တာ အကောင်းဆုံးပါ။
- အပြင်းစားမျက်နှာသစ်ဆပ်ပြာတွေကို မသုံးမိပါစေနဲ့။
- မျက်နှာက တင်းပြီး ခြောက်သွေ့နေတာ လုံးဝမကောင်းပါဘူး။
- ရှိသင့်တဲ့အဆီနဲ့ ရေဓာတ်ပြည့်ဝပြီး စိုပြေတဲ့အသားအရေ ရရှိစေဖို့သာ ဂရုစိုက်ပါ။
- Myanmar Sky Link
(Myanmar Health & Beauty Website)
www.myanmarskylink.com မှ ကူးယူဖော်ပြပါသည်
0 comments:
Post a Comment