ကိုယ့်ရိပ် သဏန်၊ ညီအာနန်နှင့်
မြတ်မွန်ထွတ်ထား၊ တို့ဘုရားသည်
တစ်ပါးသောအခါ၊ ဒေသစာဖြင့်
တိုက်တာလှည့်၍၊ ကြည့်သတည်း။
ကျီးသံမဲမဲ၊ ယင်မဲမဲဖြင့်
မွဲပြာညစ်ရောင်၊ ကျောင်းတစ်ဆောင်ကို
ဘုန်းခေါင်ဘုရား၊ ၀င်၍သွားသော်
သနားစဖွယ်၊ ကျောင်းအလယ်၌
ကျင်ငယ်ကျင်ကြီး၊ တင်ကျမ်းစီးလျက်
ကိုယ်ထီးလျောင်းရှာ၊ ထေရ်သူနာကို
မြတ်စွာတွေ့ရပါသတည်း။
အမိသည်သား၊ ပြုသောလားသို့
ဘုရားမွန်မြတ်၊ ညီအာနန်ကို
ချိုးရန်ရေတောင်း၊ စောင်ပါတောင်းလျက်
သွန်းလောင်းသုတ်သင်၊ ပြီးစီးလျှင်မူ
ခေါင်းတွင်ဘုရား၊ လက်တော်ထား၍
ညီဘွားခြေက၊ ပြိုင်တူမလျက်
မြတ်လှနေရာ၊ ညောင်စောင်းသာတွင်
ကောင်းစွာ အိပ်စက်စေသတည်း။
ထို့နောက်ရှင်တော်၊ စည်းဝေးခေါ်ရျု
မြွတ်ဖော်စကား၊ မိန့်တော်ကြား၏
မိခြားဖဝေး၊ တစ်ရပ်ကျေးတွင်
ချိုအေးကြည်သာ၊ တရားရှာသည်
များစွာအပေါင်း၊ ရဟန်းကောင်းတို့
ညံပျောင်းကြည်ဖြူ၊ နာသောသူကို
ငါ့တူကြည်နာ၊ ပြုစုပါက
မြတ်ရာရောက်လိမ့်ဧကန်တည်း။ ။
by facebook page
(ဆရာကြီး မင်းသုဝဏ်)
၁၉၆၈ . ခုနှစ်ထုတ် ဆေးတက္ကသိုလ် (၂) ဘွဲ့နှင်းသဘင်အထိမ်းအမှတ် စာစောင်မှာ ဖော်ပြပါရှိခြင်း ။
မြတ်မွန်ထွတ်ထား၊ တို့ဘုရားသည်
တစ်ပါးသောအခါ၊ ဒေသစာဖြင့်
တိုက်တာလှည့်၍၊ ကြည့်သတည်း။
ကျီးသံမဲမဲ၊ ယင်မဲမဲဖြင့်
မွဲပြာညစ်ရောင်၊ ကျောင်းတစ်ဆောင်ကို
ဘုန်းခေါင်ဘုရား၊ ၀င်၍သွားသော်
သနားစဖွယ်၊ ကျောင်းအလယ်၌
ကျင်ငယ်ကျင်ကြီး၊ တင်ကျမ်းစီးလျက်
ကိုယ်ထီးလျောင်းရှာ၊ ထေရ်သူနာကို
မြတ်စွာတွေ့ရပါသတည်း။
အမိသည်သား၊ ပြုသောလားသို့
ဘုရားမွန်မြတ်၊ ညီအာနန်ကို
ချိုးရန်ရေတောင်း၊ စောင်ပါတောင်းလျက်
သွန်းလောင်းသုတ်သင်၊ ပြီးစီးလျှင်မူ
ခေါင်းတွင်ဘုရား၊ လက်တော်ထား၍
ညီဘွားခြေက၊ ပြိုင်တူမလျက်
မြတ်လှနေရာ၊ ညောင်စောင်းသာတွင်
ကောင်းစွာ အိပ်စက်စေသတည်း။
ထို့နောက်ရှင်တော်၊ စည်းဝေးခေါ်ရျု
မြွတ်ဖော်စကား၊ မိန့်တော်ကြား၏
မိခြားဖဝေး၊ တစ်ရပ်ကျေးတွင်
ချိုအေးကြည်သာ၊ တရားရှာသည်
များစွာအပေါင်း၊ ရဟန်းကောင်းတို့
ညံပျောင်းကြည်ဖြူ၊ နာသောသူကို
ငါ့တူကြည်နာ၊ ပြုစုပါက
မြတ်ရာရောက်လိမ့်ဧကန်တည်း။ ။
by facebook page
(ဆရာကြီး မင်းသုဝဏ်)
၁၉၆၈ . ခုနှစ်ထုတ် ဆေးတက္ကသိုလ် (၂) ဘွဲ့နှင်းသဘင်အထိမ်းအမှတ် စာစောင်မှာ ဖော်ပြပါရှိခြင်း ။
0 comments:
Post a Comment