လူတိုင်းဟာ
ကျန်းမာကြံ့ခိုင်ပြီး အချိုးအစားကျနတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်လိုကြမယ်
ထင်ပါတယ်နော်။ တကယ်လို့ သင်ရဲ့ ခန္ဓာကိုယ်အလေးချိန်ဟာ ရှိသင့်တာထက်
များနေပြီဆိုရင် အလှအပအတွက်ရော၊ ကျန်းမာရေးအရပါ ၀ိတ် လျော့ဖို့ လိုနေပါပြီ။
ကျန်းမာရေး သုတေသီတွေရဲ့ လေ့လာတွေ့ရှိချက်မှာ ပိန်တဲ့သူတွေထက် ၀တဲ့လူတွေဟာ
ရောဂါဖြစ်ဖို့ အခွင့်အလမ်း ပိုများပြီး ၀သူတွေမှာ ဖြစ်နိုင်တဲ့ရောဂါ
အမျိုးအစားဟာလည်း ပိုမိုများပြားတာကို တွေ့ရတာကြောင့် ကျန်းမာရေးအတွက်
ဝခြင်းဟာ လုံးဝကိုမကောင်းဘူးလို့ ဆိုပါတယ်.. ဒါပေမဲ့ အလွန်အကျွံ
ပိန်တာမျိုးကျတော့လည်း မဖြစ်သင့်ပါဘူးနော်.. ရှိသင့်တဲ့ ကိုယ်အလေးချိန်နဲ့
ခန္ဓာကိုယ် အချိုးအစားကို စနစ်တကျ ထိန်းသိမ်းတာဟာ မိမိရဲ့ကျန်းမာရေးကို
စောင့်ရှောက်ရာရောက်သလို လှချင်သူများအတွက်လည်း အ၀မတိုးစေဘဲ မိမိနှစ်သက်ရာ
အ၀တ်အစားကို လှလှပပလေး ၀တ်ဆင်လို့ ရပါတယ်။
လူတစ်ယောက်ဟာ
ဝလာပြီဆိုရင် အ၀တ်အစား ရွေးရခက်လာသလို ရှိပြီးသားအ၀တ်တွေလဲ
မတော်တော့တာမျိုး၊ လက်ရှိခေတ်ဒီဇိုင်းနဲ့လည်း လိုက်ဖက်မှု မရှိတော့တာမျိုး
ဖြစ်လာနိုင်ပါတယ်.. ခန္ဓာကိုယ်နဲ့ Fit ဖြစ်တဲ့ အ၀တ်အစားတွေဟာ ၀တဲ့သူနဲ့
ဘယ်လိုမှ ကြည့်မကောင်းတတ်ပါဘူး.. ဗိုက်ခေါက်က အဆီပြင်ကြီးကြောင့်
ကြည့်ရခက်သလို ကြီးမားတုတ်ခိုင်တဲ့ လက်မောင်းတွေ၊ ခြေထောက်တွေကြောင့်လည်း
အလှပျက်စေနိုင်ပါတယ်.. လှချင်လို့ တန်ဖိုးကြီးပေးဝယ်ထားပြီး ၀တ်ကာမှ
အ၀တ်ကြောင့် အလှပျက်ရတာမျိုး ဖြစ်နိုင်ပါတယ်.. ဒီတော့
ခန္ဓာကိုယ်အလေးချိန် ထိန်းသိမ်းခြင်းဟာ ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ
ကောင်းမွန်တာမို့ လူတိုင်း မိမိရဲ့ ကိုယ်အလေးချိန် အချိုးအစားကို
ထိန်းသိမ်းသင့်ကြပါတယ်နော်။
လူတစ်ယောက်မှာ
စပြီးဝလာပြီးဆိုရင် ဗိုက်ခေါက်က အရင်ဆုံး ထွက်လာပါတယ်. မိမိဝမ်းဗိုက်ကို
ဆွဲကြည့်ပါ။ အဆီပြင်က ထူနေပြီဆိုရင် သင် ၀နေပါပြီ။ သို့မဟုတ် ၀စပြုနေပါပြီ။
မိမိကိုယ်ကို ၀နေတယ်လို့ မသိသာ မထင်ရှားဘူးဆိုရင် ကိုယ့်ရဲ့
ခန္ဓာကိုယ်အလေးချိန်၊ အရပ်အမြင့်နဲ့ တွက်ချက်ကြည့်ရင် ၀တယ် မ၀ဘူးဆိုတာ
ဆုံးဖြတ်လို့ ရတဲ့နည်းလမ်း ရှိပါတယ်. ထိုနည်းကိုတော့ B.M.I (Body Mass
Index) လို့ခေါ်ပါတယ်.. တွက်ရမဲ့ ပုံသေနည်းက BMI = [weight / (height x height)] ဖြစ်ပါတယ်..
ဒါက ကိုယ်အလေးချိန်ကို ကီလိုဂရမ်နဲ့ အရပ်အမြင့်ကို မီတာဖြင့်
တိုင်းတာသူများ တွက်တဲ့နည်းပါ။ ကျွန်မတို့ မြန်မာတွေက ကိုယ်အလေးချိန်ကို
အများအားဖြင့် ပေါင်ချိန်နဲ့ အရပ်ကိုတော့ ပေ၊ လက်မ တို့ဖြင့် တိုင်းကြတာ
များပါတယ်.. အလေးချိန်ကို ပေါင်နဲ့တိုင်းပြီး အရပ်အမြင့်ကို လက်မဖြင့်
တိုင်းသူများကျတော့ BMI = [weight / (height x height)] x 703ဆိုတဲ့ ပုံသေနည်းနဲ့ တွက်ချက်ရမှာ ဖြစ်ပါတယ်။
ဥပမာ လူတစ်ယောက်ဟာ အရပ် ၅ပေ ၂လက်မ ရှိပြီး ပေါင်ချိန် ၁၄၀ ရှိနေသူ ဖြစ်ခဲ့ရင် သူရဲ့ BMIကို တွက်ချက်ကြည့်တဲ့အခါ BMI = [၁၄၀ပေါင် / (၆၂ လက်မ x ၆၂လက်မ)] x ၇၀၃လို့ တွက်ရမှာ ဖြစ်တာကြောင့် အဖြေက ၂၅.၆၀ ရပါတယ်.. ၂၅ထက်
ကျော်နေပြီဆိုရင်တော့ သင့်အရပ်နဲ့ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ကျော်နေပြီ
လို့ တွက်ဆလို့ ရပါတယ်.. ၁၉ကနေ
၂၅အောက်ရှိသူဟာ ပုံမှန်အလေးချိန်လို့ တွက်ဆရပြီး ၂၅ကနေ ၂၉.၉ အတွင်းကိုတော့
ဝနေသူလို့ သတ်မှတ်ပါတယ်.. ၃၀ထက်ကျော်နေရင်တော့ တော်တော်လေးကို ၀နေပါပြီ။
BMI ရလာဒ်များလေ ရောဂါ၊ အန္တရာယ်ဖြစ်နိုင်တဲ့ အခြေအနေ ပိုများလေလို့
ဆိုပါတယ်.. အ၀လွန်သူများမှာ သွေးတိုး၊ ဆီးချို၊ နှလုံး လေးဘက်နာ၊
သွေးကြောပိတ်၊ အသည်းအဆီဖုံး ၊ ကင်ဆာ စတဲ့ နာတာရှည်ရောဂါများ ဖြစ်ဖို့
ဖြစ်နိုင်ခြေ အလွန်များပါတယ်… BMI ကို (ဒီနေရာမှာ ) အလွယ်တကူ တွက်ချက်ကြည့်လို့ရပါတယ်..
ဗိုက်ခေါက်က
အဆီပြင် မရှိမှ သွယ်လျကြော့ရှင်းတဲ့ ခန္ဓာကိုယ်ဖြစ်ပါလိမ့်မယ်..အဆီမရှိ
ပြားချပ်တဲ့ ၀မ်းဗိုက်ကလေး ရဖို့နဲ့၊ မ၀အောင် ကိုယ်အလေးချိန်ကို
ဘယ်လိုထိန်းသိမ်းကြမလဲ.. နည်းလမ်းတွေတော့ ရှိပါတယ်.. လုပ်ဖြစ်ဖို့သာ
လိုတာပါ။ အလုပ်တစ်ခုဟာ မလုပ်ခင်မှာ စပြီးလုပ်ဖို့ ခက်ခဲတတ်ပေမဲ့ တကယ်တမ်း
စိတ်ကို ဆုံးဖြတ်ပြီး လုပ်တဲ့အခါ လွယ်ကူသွားတာကို တွေ့ရမှာပါ။ ဒါပေမဲ့
ဆုံးဖြတ်ချက် ချနိုင်ဖို့ ပြင်းပြတဲ့ စိတ်ဆန္ဒ ရှိဖို့နဲ့
ဆုံးဖြတ်ချက်ချပြီးရင်လည်း ထိန်းသိမ်းဖို့ လိုပါတယ်..
ကိုယ်အလေးချိန် လျှော့တော့မယ်ဆိုရင် မရှိမဖြစ် ပစ္စည်းတစ်ခုက ပေါင်ချိန်စက်
ဖြစ်ပါတယ်.. သို့မှသာ မိမိတိုးတက်မှုကို ကိုယ်တိုင်မြင်တွေ့ရပြီး
အစားလျော့တာ၊ လေ့ကျင့်ခန်းလုပ်တာ ထိရောက်မှု ရှိမရှိ အခြေအနေကို
မျက်ခြေမပြတ် သိရှိနိုင်မှာ ဖြစ်ပါတယ်.. ပြီးတော့လဲ ကိုယ်အလေးချိန်
လျှော့တဲ့နေရာမှာ စစချင်း အလေးချိန်ထက် တဖြေးဖြေး လျော့နည်းလာတဲ့ မိမိရဲ့
ကိုယ်အလေးချိန်ကို သိနေ မြင်တွေ့နေမှသာ ဆက်ပြီးလုပ်ဖို့ အားကြိုးမာန်တက်
စိတ်ပါမှာဖြစ်ပါတယ်.. ကိုယ်ခန္ဓာ အလေးချိန်ကို ထိန်းသိမ်းဖို့
နည်းလမ်းအချို့ကို ဖော်ပြရမယ်ဆိုရင်
၃.
ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းကို တစ်ပတ်လျှင် အနည်းဆုံး ၃ကြိမ်ခန့်
လုပ်နိုင်အောင် ကြိုးစားပါ။ မိမိဖာသာ မလုပ်တတ်ပါက လေ့ကျင့်ခန်း သရုပ်ပြ
ဗီစီဒီခွေများ ၀ယ်ကာ အိမ်တွင် လုပ်ကြည့်ပါ။ ခန္ဓာကိုယ် တစ်ခုလုံး လှုပ်ရှားစေသော အလုပ်များကို များများ လုပ်ကိုင် ပေးပါ။ ဥပမာ (တံမြက်စည်းလှည်း၊ ကြမ်းတိုက်)
၎.
အမျှင်ဓာတ်ပါသော အစားအစာ များများစားပါ။ ပေါင်မုန့်အဖြူ၊ ဂျုံနှင့်လုပ်သော
ခေါက်ဆွဲ၊ အာလူး၊ ဆန်ဖြူတို့ကို များများစားခြင်းကို ဆင်ခြင်ပါ။ ဆန်ကြမ်း၊
ပေါင်မုန့်ကြမ်း၊ သစ်သီး၊ စိမ်းစိုသော အရွက်များနှင့် လတ်ဆတ်သော ဟင်းသီး
ဟင်းရွက်များကို များများစားပါ။ မနက်စာကို များများ စားနိုင်ပါသည်။
သွေးတိုးသမားများ အုန်းနို့ကို ဆင်ခြင်ပါ။ နေ့လည်စာတွင် အဆီကိုလျော့စားပါ။
ဆီပြန်ဟင်းကို တစ်ပတ်လျင် ၃ကြိမ်သာ အများဆုံးသာ
စားပါ။ ဟင်း၃ခွက်တွင် ၁ခွက်ကိုဆီမပါ အချိုမှုန့်မပါစေရန် ချက်ပါ။ ဆန်ကို
အလျားရှည်သော (ဆန်ကြမ်း)စားပါ။ လက်ဖက်ရည် (ရေနွေးကြမ်းသောက်ပါ)။
နေ့လည်နှင့် ညနေစာကြား ရုံးပြန်ချိန်များတွင် ဝက်သားဒုတ်ထိုး၊ ကြာဆံကြော်၊
ကော်ပြန့်စိမ်း၊ ခေါက်ဆွဲကြော်၊ ဆီများသည့်အကြော်များ မကြာခဏ စားမည့်အစား
ဆီနည်းသည့် အသုပ်များကို စားပါ။ လက်ဖက်သုပ်ကို အမြဲစားခြင်း၊ ဘီယာ
အမြဲသောက်ခြင်းသည် ကျန်းမာရေးနှင့် မသင့်တော်ပါ။ ၆. ၀မ်းဗိုက်မှ အဆီပြင်များ လျော့ပါးစေရန် အိပ် ထ မ တင် လေ့ကျင့်ခန်းကို တစ်ပတ် သုံးကြိမ် ကြိုးစားလုပ်ပါ။
၁၀.အစာစားနေစဉ်
ခဏနား၍ အချိန်အနည်းငယ်ကြာမှာ ပြန် စားသောက်ခြင်းသည် အစားကို များများ
စားမိစေခြင်းမှ ရှောင်ရှားရာ ရောက်သည်။ သင်၏ စားသောက်ခြင်းအလေ့အထကို
ထိန်းသိမ်းခြင်းသည် သင်၏ ကိုယ်ခန္ဓာကို ဂရုစိုက် စောင့်ရှောက်ခြင်း ဖြစ်သလို
ကျန်းမာရေးကို ဂရုစိုက်ခြင်းလည်း ဖြစ်ပါတယ်။
အထက်ပါအချက်တွေကို လုပ်ဆောင်ရာမှာ ပထမဦးဆုံးအနေနဲ့တော့ အခက်အခဲ တွေ့ကောင်းတွေ့နိုင်ပါလိမ့်မယ်.. သို့သော်လည်း ဖြေးဖြေးမှန်မှန် အောင်ပွဲခံဆိုသော ဆိုရိုးစကားနဲ့အညီ အစလုပ်ဖြစ်အောင် ကြိုးစားကြည့်ပါ။ အစပိုင်းမှာ နာကျင်ပင်ပန်းမယ်.. ခက်ခဲမယ် သို့သော် ဇွဲမလျော့ဖို့ လိုပါတယ်.. လေ့ကျင့်ခန်းလုပ်ရာမှာလည်း တစ်ရက်ကို အကြိမ်အရေအတွက် နည်းနည်းနဲ့ စတင်ကြည့်ပါ။ လုပ်နိုင်လာပြီဆိုမှ အကြိမ်ရေ ထပ်တိုးပြီး လုပ်သွားပါ။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ခန္ဓာကိုယ် ကြံခိုင်သန်စွမ်းဖို့နဲ့ ၀ိတ်လျော့ဖို့အတွက် အကောင်းဆုံး နည်းလမ်း ဖြစ်ပါတယ်.. အစား အသောက်လျော့ပေမဲ့ လေ့ကျင့်ခန်းနဲ့ တွဲမလုပ်ရင် ၀ိတ်ချတာ ကြာပါတယ်.. လေ့ကျင့်ခန်းဟာ အမြန်ဆုံး ၀ိတ်လျှော့စေတဲ့ နည်းဖြစ်ပါတယ်. အဆီပိုမရှိတဲ့ ၀မ်းဗိုက်ချပ်ချပ် ခါးသွယ်သွယ်လေးမှာ ၀တ်ချင်တဲ့အ၀တ်အစားလေးကို မိမိကိုယ်ကို ယုံကြည်မှု ရှိရှိ ၀တ်ဆင်ဖို့ရာမှာ နည်းနည်းတော့ အပင်ပန်းခံဖို့ လိုပါတယ်.. အပင်ပန်းခံပြီး အစားအသောက်လျော့၊ လေ့ကျင့်ခန်းလုပ်လိုက်လို့ ရရှိလာတဲ့ ရလဒ်ဟာ ဘယ်လောက် ကြည်နူးဖို့ ကောင်းတယ်ဆိုတာ ကိုယ်တွေ့ ခံစားကြည့်တဲ့အခါ သိသာပါလိမ့်မယ်..
အမျိုးသမီးတွေဟာ
အသက်၃၀ကျော်လာရင် ၀ဖို့လွယ်ကူလာပါပြီ။ ဒါကြောင့် “တို့ကတော့ အသက်ကြီးပြီ
လှဖို့မလိုတော့ဘူး” လို့ ဆင်ခြေမပေးဘဲ ၀ခြင်းဟာ ကျန်းမာရေးနဲ့ မညီညွတ်
မသင့်တော်တာမို့ ၀ိတ်ချတာဟာ ကျန်းမာရေးကို ဂရုစိုက်တာ၊
ထိန်းသိမ်းစောင့်ရှောက်တာလို့ သိထားသင့်ပါတယ်. ၀ပြီးတဲ့ လူတစ်ယောက်ဟာ ၀ိတ်
ချဖို့ အရမ်းကို ခက်ခဲပြီး ပင်ပန်းစွာနဲ့ အချိန်ကြာကြာ ချရပါတယ်..
များများဝလေ များများ ပင်ပန်းလေ ဖြစ်ပါတယ်. ဒါကြောင့် မိမိကိုယ်ကို စပြီး
ဝနေပြီလို့ ထင်တဲ့အချိန်မှာ အမြန်ဆုံး သတိလေးထားပြီး ၀ိတ် ချဖို့
တိုက်တွန်းချင်ပါတယ်.. သိပ်ဝသွားချိန်မှ ချမယ်ဆိုရင် နောက်မကျပေမဲ့လည်း
ခက်ခဲပြီး ပင်ပန်းလွန်းတာကြောင့် “မပိန်ချင်လည်း နေပါစေတော့
ဒီတိုင်းနေတော့မယ်” ဆိုတဲ့ လက်လျော့တဲ့ စိတ်မျိုး ဖြစ်သွားနိုင်ပါတယ်..
ဒါကြောင့်လည်း မ၀သေးတဲ့သူတွေက ဆက်ပြီး မ၀လာဖို့၊ မိမိရဲ့ ရှိရင်းစွဲ
ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားနိုင်ဖို့အတွက် အစားအသောက်
ဆင်ခြင်စားသောက်ပြီး၊ ၀စ ပြုလာသူများက အစားလျော့စား၊ လေ့ကျင့်ခန်းများ
ပြုလုပ်သွားကြဖို့ တိုက်တွန်း ပါရစေလားနော်။
by missgreenlady


















0 comments:
Post a Comment