ဗြဟ္မာဖြစ်ကြောင်းနှင့်ဗြဟ္မစိုရ်လေးပါးပွားများပုံ
အရင်တစ်ကြိမ်က
ဗြဟ္မာကျင့်စဉ် နှင့် ဗြဟ္မာ့ပြည်အကြောင်းကို ဖြေပေးရာက တဆင့် ဘယ်လို
ကျင့်စဉ်တွေ ကျင့်ရင် ဗြဟ္မာ့ပြည် ကို ရောက်နိုင်ပါမည်လဲ လို့
အမေးရှိလာတာကြောင့် ဒီဆောင်းပါးကို ထပ်မံရေးသားလိုက်ပါ သည်။
အတိုချုပ်အနေဖြင့် ဗြဟ္မာ့ပြည်ကို ရောက်ကြတယ် ဆိုတာ ပုထုဇဉ်ဘ၀ဖြင့် လောကီဈာန်များကို ရရှိပြီး ဈာန်မလျော ပဲ သေ လွန်လျင် ရောက်နိုင်ကြခြင်း၊ ထို့ထက်အဆင့်မြင့်သော အရိယာအဆင့် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်အဖြစ်ဖြင့် တဆင့်ဆင့် ကိုရောက်ရှိပြီး လောကုတ္တရာဈာန်များရရှိကာ ရောက်နိုင်ကြခြင်းအားဖြင့် ၂ မျိုးခွဲခြား မှတ်သားနိုင်ပါတယ်။
ထူးခြားချက်အနေဖြင့် လောကီဈာန်ဖြင့် ဗြဟ္မာ့ပြည်ရောက်ရှိသူဟာ လူ့ဘုံ၊ ငရဲဘုံ၊ ပြိတ္တာဘုံ၊ တိရိစ္ဆာန်ဘုံ တမျိုးမျိုးကို ပြန် လည် ရောက်ရှိနိုင်တာကြောင့် မသေချာတဲ့ လမ်းစဉ်လို့ ဆိုနိုင်ပြီး အရိယာများကတော့ လျောကျရိုးထုံးစံ မရှိတာ ကြောင့် ဗြဟ္မာ့ပြ ည်ရောက်ပြီးပါက အောက်ကာမဘုံကို ပြန်မလာတော့ပါဘူး၊

ဗြဟ္မာ့ပြည်ရောက်ကြောင်း
ကျင့်စဉ်ကို ဖော်ပြရမည်ဆိုလျင် လူတိုင်းသိမှတ်ထားသော ဗြဟ္မစိုရ်တရား
လေးပါးကို မပြောလို့ မဖြစ် ပြောရပါမည်၊အကြောင်းကား ဗြဟ္မစိုရ်တရား လေးပါးကို
ကျင့်ကြံပြီးမှသာ ဗြဟ္မာ့ပြည်ေ ရာက်နိုင်မည် ဖြစ်သော ကြောင့်ပင်။ ဗြဟ္မစိုရ်
တရား ဟူသည်မှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသော တရားလေးပါးကို
ပွားများနေလျင် စိတ်ဓာတ်များ စိုပြေ လန်းဆန်းကာ အအေးဓာတ်ဖြင့်
ငြိမ်းအေးနေသောကြောင့် ဗြဟ္မစိုရ်တရား ဟု ခေါ်တွင်ရသည်။
ဗြဟ္မ၀ိဟာရ
( ဆိုသည်မှာ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ တို့ဖြင့် နေခြင်းသည်
ဗြဟ္မာတို့နေခြင်းနှင့် တူသောကြောင့် ဗြဟ္မ၀ိဟာရ ဟုခေါ်သည် ) ဗြဟ္မစရိယ - (
ဗြဟ္မာ့ပြည်ရောက်ကြောင်း အကျင့်တရား )ဟူ၍၄င်း၊ ဗြဟ္မစရိယ ပါဠိမှ မြန်မာ
သံပျက်ဖြင့် ဗြဟ္မစိုရ် ဟု ယနေ့ခေတ် ခေါ်ဆိုနေကြခြင်း ဖြစ်သည်။
နောက်တနည်းအားဖြင့် အပ္ပမညာ -( ၃၁ ဘုံရှိ သတ္တ၀ါအားလုံး အပေါ်တွင် ဘယ်ရွေ့
ဘယ်မျှ ဟု ရေတွက် နှိုင်းယှဉ်လို့ မရနိုင်အောင် မေတ္တာတရား၊ ကရုဏာ၊ မုဒိတာ၊
ဥပေက္ခာ တရားလေးပါး တို့ကို စဉ်ဆက်မပြတ် ပွားများနေသင့်သော တရား ) ဟူ၍
အပ္ပမညာအနေဖြင့်လည်း နာမည်များ မှည့်ခေါ်နေကြသည်။
ယင်းလေးပါးကိုပင် ဗြဟ္မ၀ိဟာရတရား ၄ ပါး၊ ဗြဟ္မစရိယတရား ၄ ပါး၊ အပ္ပမညာကမ္မဋ္ဌာန်းတရား ၄ ပါး အားဖြင့် နာမည်များေ ခါ် ဆိုကြပြန်သည်။
ဗြဟ္မစိုရ်လေးပါး အဓိပ္ပါယ်
၁။
မေတ္တာ = သတ္တ၀ါတို့၏ အကျိုးစီးပွားကို လိုလားသောစိတ်၊ သတ္တ၀ါတို့ကို
ချမ်းသာစေလိုသော စိတ်၊ တွယ်တာခြင်း ကင်းကာ ချစ်ခင်တတ်သော စိတ်ကို မေတ္တာ ဟု
ခေါ်၏။
၂။ ကရုဏာ = ကိုယ်စိတ်ဆင်းရဲကာ ဒုက္ခရောက်နေသော ဒုက္ခိတ သတ္တ၀ါမှန်သမျှကို အာရုံပြု၍ သနား ကြင်နာသော အ-ဂတိ မလိုက်တတ်သော စိတ်ကို ကရုဏာ ဟု ခေါ်၏။
၂။ ကရုဏာ = ကိုယ်စိတ်ဆင်းရဲကာ ဒုက္ခရောက်နေသော ဒုက္ခိတ သတ္တ၀ါမှန်သမျှကို အာရုံပြု၍ သနား ကြင်နာသော အ-ဂတိ မလိုက်တတ်သော စိတ်ကို ကရုဏာ ဟု ခေါ်၏။
၃။ မုဒိတာ = သူတပါးတို့ ချမ်းသာကြီးပွား ကောင်းစားနေသည်ကို အာရုံပြုမိသဖြင့် ၀မ်းမြောက်သောသဘော ကို မုဒိတာ ဟု ခေါ်တွင်၏။
၎။
ဥပေက္ခာ = ဒုက္ခိတကို မြင်၍လည်း သနားကြင်နာစိတ် မဖြစ်ပေါ်၊ သုခိတသတ္တ၀ါကို
မြင်၍လည်း မုဒိတာ မဖြစ်ပဲ သတ္တ၀ါတိုင်း မိမိတို့ ပြုလုပ် ထားသည့် ကုသိုလ်
အကုသိုလ် ကံတရားများအတိုင်းသာ ဖြစ်ကြရတာ ချည်းပဲ ဟု လျစ်လျူရှုသည့် အလယ်
အလတ် စိတ်သဘော ကို ဥပေက္ခာ ဟု ခေါ်အပ်၏။
ဗြဟ္မစိုရ်လေးပါး ပွားများပုံ
၁။ မေတ္တာဘာဝနာ ပွားများပုံမှာ လူတိုင်းနီးပါး ရပြီးသားဖြစ်နေသောကြောင့် အထူးမဖော်ပြလိုပါ၊ ပါဠိလို အကျဉ်းချုပ် ရွတ်ပွား လိုပါက -
သဗ္ဗေ သတ္တာ - အလုံးစုံသော သတ္တ၀ါအားလုံးတို့သည်၊
အဝေရာ ဟောန္တု - ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
အဗျာပဇ္ဇာ ဟောန္တု - ကြောင့်ကြခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
အနီဃာ ဟောန္တု - ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
သုခီ အတ္တာနံ ပရိဟရန္တု - ကိုယ်စိတ်နှစ်ဖြာ ကျမ္မာချမ်းသာကြပါစေ

ဟု
စာပေမှာ လာသည့်အတိုင်း ပွားများသည်ကိုပင် မေတ္တာပွားသည်ဟု ဆိုရသည်၊
ပါဠိပုဒ်များကို မဆိုတတ် မရွတ် တတ်သူများလဲ မြန်မာလို ကိုယ်နားလည်ထားသလို
ရွတ်ဆိုပွားများလျင်လည်း အကျိုးများပါသည်။ ဤနေရာတွင် မြန်မာနိုင်ငံ
သာသနာတော်သမိုင်း၌ မေတ္တာအရာတွင် ထင်ရှားကျော်ကြားတော်မူသော
ပျံလွန်တော်မူခဲ့ပြီဖြစ်သော တောင်တန်း သာသနာပြုေ မတ္တာဝိဟာရီ ဆရာတော်ကြီး
ဦးဥတ္တမသာရ ၏ မေတ္တာပွားများ နည်း အကျဉ်းချုပ်ကို ဖော်ပြ လိုပါသည်၊ စာရေးသူလဲ
ဤအကျဉ်းချုပ်ဖြင့် အမြဲပို့သဖြစ်သည်၊ မှတ်ရတာ အရမ်းလွယ်ကူပြီး အားလုံးကို
ခြုံငုံမိကာ ထိမိလှသောကြောင့် ဖြစ်သည်။
ဆိုပါစို့
-ခရီးတစ်ခုကို သွားနေစဉ်ဖြစ်ပါက - ငါ၏ ရှေ့တည့်တည့်တွင် ရှိသော
ပုဂ္ဂိုလ်သတ္တ၀ါ အားလုံးတို့သည် ဘေးရန် ကြောင့်ကြ၊ ဆင်းရဲ ကင်း၍
ကိုယ်စိတ်နှစ်ဖြာ ကျမ္မာ ချမ်းသာကြပါစေ - ဟုရွတ်ဆိုပွားများလိုက်လျင်
ပါဠိများအားလုံး ခြုံငုံမိတော့သည်၊ အနောက်အရပ် မြောက်အရပ်စသည်ဖြင့်
အရပ်ဆယ်မျက်နှာအားလုံးနှင့် လူ ရှင် ရဟန်း၊ နတ်ဗြဟ္မာ များပါမကျန် ရွတ်ဆို
ပို့သနိုင်သည်။
၂။ ကရုဏာဘာဝနာ ပွားများပုံ
သဗ္ဗေ
သတ္တာ ဒုက္ခာ မုစ္စန္တု ( မုတ်စန်တု )- သတ္တ၀ါအားလုံး လက်ရှိခံစားနေကြရတဲ့
ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဒုက္ခ များအားလုံးမှ
လွတ်မြောက်နိုင်ကြပါစေ - ဟု အထပ်ထပ် အခါခါ၊ ရွတ်ဆို ပွားများ
နှလုံးသွင်းနေသည်ကိုပင် ကရုဏာ ပွားများသည်ဟု ခေါ်ဆိုရသည်၊ ကကြီးဖြင့် ကရုဏာ
ဟု ပီပီသသ ဆိုရပါမည်၊ ဂငယ်ဖြင့် ရွတ်ဆိုပါက ပါဠိစကားလုံး မမှန်ကန်ပါ။
၃။ မုဒိတာဘာဝနာ ပွားများပုံ
သဗ္ဗေသတ္တာ
ယထာလဒ္ဓ သမ္ပတ္တိတော မာ ၀ိဂစ္ဆန္တု (ယထာ လက်ဓ သမ်ပတ်တိတော မာ ၀ိ ဂစ်ဆန်တု )
သတ္တ၀ါအားလုံး ယခုလက်ရှိ ခံစား စံစားနေကြရသော ချမ်းသာ စည်းစိမ်များမှ
မဆုတ်ယုတ်ကြပဲ ဆက်လက် ခံစားနိုင်ကြပါစေ - ဟု သူတပါးတို့
ပြည့်စုံချမ်းသာနေသည်များကို မနာလိုခြင်း၊ ၀န်တိုခြင်း ဣဿာ မစ္ဆရိယ မဖြစ်ပဲ
ဝမ်းမြောက်ခြင်း မုဒိတာစိတ်ကို အထပ်ထပ် အခါခါ ပွားများနေပါက
မုဒိတာပွားများသည်ဟု ခေါ်ဆိုရသည်။
၎။ ဥပေက္ခာဘာဝနာ ပွားများပုံ
သဗ္ဗေသတ္တာ
ကမ္မဿကာ - ( ကမ်မတ်သကာ ) သတ္တ၀ါအားလုံးတို့သည် အတိတ်ဘ၀ရော၊ ယခုဘ၀တွင်ပါ
ကိုယ်ပြု ခဲ့သည့် ကုသိုလ်၊ အကုသိုလ်ကံများအလျောက် ချမ်းသာ ဆင်းရဲများကို
ခံစားနေကြရသည်၊ ကံတရားအတိုင်း ခံကြရ တာပဲ၊ ငါက ပူပန်နေလို့ ဘာမှ ထူးလာမည်
မဟုတ်၊ ဒါကြောင့် ငါဟာ ဘယ်သူ့အတွက်မှ ချစ်လို့လဲ သောကမဖြစ်စေရဘူး၊
မုန်းလို့လဲ ၀မ်းသာမှု မဖြစ်စေရဘူး - ဟု အဓိဋ္ဌာန်ကာ မချစ် မမုန်းသော
ဥပေက္ခာစိတ်ကို အဖန်ဖန် ပွားများစေခြင်းကိုပင် ဥပေက္ခာဘာဝနာ ပွာများသည်ဟု
ခေါ်ဆိုရသည်။
ဈာန်ရကြောင်း ကျင့်စဉ်များ
ဈာန်
အဘိဥာဉ်တို့ကို ရစေ ဖြစ်စေနိုင်သော သမထကမ္မဋ္ဌာန်း ကျင့်စဉ်များသည်
စုစုပေါင်း နည်း( ၄၀ ) အထိ များပြားစွာ ရှိကြ၏၊ အဘယ့်ကြောင့် ထိုမျှအထိ
များပြားနေသနည်း ဟူမူ သတ္တ၀ါအားလုံး လူအားလုံးတို့သည် တဦးနှင့် တဦး စရိုက်
လက္ခဏာချင်း၊ အကြိုက်ချင်း၊ အတိတ်ဘ၀များစွာက အထုံပါရမီဓာတ်ခံချင်း
မတူညီခဲ့ကြ သောကြောင့် ကိုယ်နှင့်သင့် တော်ရာ ကမ္မဋ္ဌာန်းကို ရွေးချယ်ကာ
သမာဓိရစေရန်၊ စိတ်တည်ကြည် ငြိမ်သက်စေရန် အလို့ငှါ နည်းပေါင်းများစွာ ကို
ဟြော ကားေ တာ် မူခဲ့ သည်။
ထိုနည်းများစွာ တို့တွင်
လူအားလုံးပေါင်းလိုက်ပါက စရိုက် (၆)ပါးတွင် အကျုံးဝင်သွားရာ ရာဂစရိုက်
အားကြီးသူအတွက် အသုဘ(၁၀)ပါး၊ ဆံပင် မွေးညှင်း ခြေသည်း၊ လက်သည်း စသော
ခန္ဓာကိုယ်၏ (၃၂ ) ကောဋ္ဌာသကိုရှုရခြင်းဟူသော ကာယဂတာသတိကမ္မဋ္ဌာန်းတပါးအားဖြင့် (
၁၁ ) ပါးကို ညွန်ပြထားတော်မူ ခဲ့သည်။
ဒေါသစရိုက်
အားကြီးသူများအတွက် အညိုရောင်၊ အရွှေရောင်၊ အနီရောင်၊
အဖြူရောင်ကမ္မဋ္ဌာန်းဟူသော နီလ၊ ပီတ ၊ လောဟိတ ၊ သြဒါတ ဟူသော ၀ဏ္ဏကသိုဏ်း ၎
ပါးနှင့် အထက်ပါ ဗြဟ္မစိုရ်လေးပါး ကမ္မဋ္ဌာန်းများသည် သင့်လျော်၏ ဟု
လမ်းညွန်ခဲ့သည်။
ထို့နောက်တွင် ပထ၀ီ မြေကသိုဏ်း၊
အာပေါ- ရေကသိုဏ်း၊ တေဇော - မီးကသိုဏ်း၊ ၀ါယော - လေကသိုဏ်း၊ အဖြူရောင်
သြဒါတကသိုဏ်း၊ အညိုရောင် နီလကသိုဏ်း၊ အနီရောင် လောဟိတကသိုဏ်း၊
စသည်အားဖြင့်၎င်း၊ ဗုဒ္ဓါနုဿတိဘာဝ နာ၊ မေတ္တာဘာဝနာ၊ အသုဘဘာဝနာ၊ မရဏဿတိ
ဘာဝနာတမျိုးမျိုးကို ပွားများကာ သမာဓိ ထူထောင်ပြီးမှ ဈာန်အဆင့်ကို
တက်လှမ်းသည်များကိုလည်း ဗုဒ္ဓမြတ်စွာ လမ်းညွန်ထားခဲ့သည်။
အခြားသော မီးကသိုဏ်း မြေကသိုဏ်း စသည်ကို ကျင့်ကြံပြီး သမာဓိထူထောင်ပုံများကို အလျင်းသင်သလို ဖော်ပြပါမည်၊ ဤနေရာ တွင် ဗြဟ္မာ့ပြည်ရောက်ကြောင်းနှင့် ပက်သက်၍ လူတိုင်း မပင်ပန်းပဲ လွယ်ကူစွာ ကျင့်သုံးနိုင်သော ဗြဟ္မစိုရ်လေးပါး ပွားများပုံကိုသာ အဓိကထား ဖော်ပြလိုက်ပါသည်။
မေတ္တာဖြင့်
အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ္ဘာ )

0 comments:
Post a Comment