မြူနှင်းတွေ ဆိုင်းနေတဲ့
ဆောင်းမနက်ခင်းမှာ...
ခရေပင်တွေ အုံ့မှိုင်းနေတဲ့
ကျောင်းစင်္ကြန်တစ်လျှောက်မှာ...
ကျောင်းသား၊ ကျောင်းသူတွေ
ပျော်ရွှင်စွာ တက်ရောက်နေကြတဲ့
ကျောင်းတော်ကြီးမှာ...
ရာဇ၀င်တွင်မယ့် ၀တ္ထုတိုတစ်ပုဒ်
အစပျိုးခဲ့တယ်...
အတန်းအပျက်ခံပြီး သူမကို
သွားကြည့်ရတာကိုက အမော...
ချစ်စရာကောင်းတဲ့ သူမမျက်နှာ၊
မြတ်နိုးစရာကောင်းတဲ့ သူမဆံနွယ်၊
စွဲမက်စရာကောင်းတဲ့
သူမ မျက်ဝန်း၊ သူမ နှုတ်ခမ်း
အားလုံးအားလုံး
ပိုင်ဆိုင်ချင်ခဲ့တာပါ ချစ်သူ...
ကျောင်းကန်တင်းတွေ ငါမထိုင်တတ်ခဲ့ပေမယ့်
မင်းကြောင့် ငါထိုင်ခဲ့ဘူးတယ်...
psycho ဘာသာ ငါ စိတ်မ၀င်စားပေမယ့်
မင်းကြောင့် ငါကျူရှင်တက်ခဲ့တယ်...
ဆေးလိပ်ကို ငါ့အရမ်းကြိုက်တယ်
ဒါပေမယ့် မင်းမကြိုက်မှန်းသိလို့ ငါဖြတ်ခဲ့တယ်...
ငါမလုပ်ဘူးတဲ့ အလုပ်တွေအားလုံး
မင်းကြောင့်ငါ လုပ်ခဲ့ဘူးတယ်...
နောက်ပိုင်းမင်းငါ့ကို ချစ်ခဲ့တယ်...
စိတ်ကူးယဉ်ခဲ့တာပေါ့
မင်းနဲ့ပဲ လက်တွဲပြီး ဘ၀ဆုံးတော့မယ်လို့...
ဒါပေမဲ့ ငါ့စိတ်ကူးတွေကို မိုးတွေအရမ်းသည်းနေတဲ့
ညနေခင်းတစ်ခုမှာ
အားလုံးဖျက်ဆီးခံလိုက်ရတယ်...
မင်းရဲ့စကားလေးတစ်ခွန်း
ငါကြားလိုက်ရတာ မိုးငြိမ်းသံအလား
`ရှင့်ကို မချစ်နိုင်တော့ဘူး´
မင်းရှေ့မှာ ဒူးထောက်ရင်း
မိုးနတ်မင်းကို ငါတိုင်တည်ခဲ့တယ်...
အခုတော့ ကျောင်းစင်္ကြန်တစ်လျှောက်
ငါတစ်ယောက်တည်းပါချစ်သူ...
0 comments:
Post a Comment