ကံကြမ္မာရဲ့မျက်ကွယ်ပြုခြင်းကို
ငါအလူးအလဲခံစားနေရပြီ
ခွဲခွာနေရတဲ့အချိန်မှာ
ငါ့ကိုသတိရနေမှာလား................
ဒါမှမဟုတ်.....မေ့ဖျောက်ကာထားလို့
တစ်ခြားတစ်ယောက်ရဲ့ရင်ခွင်သစ်ဆီကို
ခိုဝင်နားဖို့အတွက်မင်းနှလုံးသားက
အရောင်ပြောင်းလဲဖို့အတွက်
ပြင်ဆင်နေပြီလား................
ပြောင်းလဲခြင်းကသဘာဝဆိုပေမယ့်
ငါ့နှလုံးသားကတော့
မပြောင်းလဲတဲ့ အစိုင်အခဲ
ယိုင်လဲမသွားဘဲ ခိုင်မြဲတဲ့သစ္စာနဲ့
ထာဝရအဆုံးထိဆက်လို့
ချစ်နေမယ်ဆိုတာကိုတော့
ယုံကြည်ထားပေးပါ...................
ဝေးကွာနေတဲ့အချိန်မှာ
ငါ့ရင်ထဲမှာအလွမ်းတွေကြောင့်
ပူလောင်နေကာ...........
အေးမြတဲ့လေပြေလေးနဲ့အတူ
ငါ့ရင်ခွင်ထဲကိုခိုဝင်လှမ်းခဲ့ပါ
မာန(နွေနျင်းဆီ)
ငါအလူးအလဲခံစားနေရပြီ
ခွဲခွာနေရတဲ့အချိန်မှာ
ငါ့ကိုသတိရနေမှာလား................
ဒါမှမဟုတ်.....မေ့ဖျောက်ကာထားလို့
တစ်ခြားတစ်ယောက်ရဲ့ရင်ခွင်သစ်ဆီကို
ခိုဝင်နားဖို့အတွက်မင်းနှလုံးသားက
အရောင်ပြောင်းလဲဖို့အတွက်
ပြင်ဆင်နေပြီလား................
ပြောင်းလဲခြင်းကသဘာဝဆိုပေမယ့်
ငါ့နှလုံးသားကတော့
မပြောင်းလဲတဲ့ အစိုင်အခဲ
ယိုင်လဲမသွားဘဲ ခိုင်မြဲတဲ့သစ္စာနဲ့
ထာဝရအဆုံးထိဆက်လို့
ချစ်နေမယ်ဆိုတာကိုတော့
ယုံကြည်ထားပေးပါ...................
ဝေးကွာနေတဲ့အချိန်မှာ
ငါ့ရင်ထဲမှာအလွမ်းတွေကြောင့်
ပူလောင်နေကာ...........
အေးမြတဲ့လေပြေလေးနဲ့အတူ
ငါ့ရင်ခွင်ထဲကိုခိုဝင်လှမ်းခဲ့ပါ
မာန(နွေနျင်းဆီ)
0 comments:
Post a Comment