www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Friday, May 17, 2013

ပြန်ဖျက်လို့ရမယ့် ဆေးမင်ကြောင်များ လာပြီ

ခန္ဓာကိုယ်ပေါ် ရေးဆွဲတဲ့ ပန်းချီ ပုံစံမျိုးကို တန်ဖိုး ထားသူများ အတွက်ဓှာ "Smart Tattoos" လို့ ခေါ်တဲ့ မလိုရင် ပြန်ဖျက်နိုင်တဲ့ ဆေးမင်ကြောင် ထွက်ပေါ် လာနေ ပါပြီ။ ယင်းနည်းမှာ အသုံးပြုတဲ့ ဆိုးဆေး၊ ခြယ်ဆေးတွေ (Pigments) ဟာ ဆေးဝါးများ၊ အလှကုန်များ၊ အစားအစာနှင့် ဆေး ဘက်ဆိုင်ရာ နယ်ပယ်မှာ အသုံးပြု နေတဲ့ မင်များပဲဖြစ်တယ်။
ယင်းမင်များကို အဏုကြည့်မှန်ပြောင်းဖြင့် ချဲ့ထွင်ကြည့်မှ မြင်နိုင်တဲ့ အလွန်တရာ သေးငယ်တဲ့ ပေါ်လီမာစေ့လေး များထဲ ထည့်ငုံထားပြီး အရေပြားထဲ ထိုး သွင်းတဲ့အခါ ဆေးမင်ကြောင် ဖြစ်လာပါတယ်။
ဆေးမင်ကြောင်ကို ဖျက်လိုတယ် ဆိုရင် လေဆာနှင့် တစ် ကြိမ်တည်း ပစ်ခြင်းဖြင့် မင်ပါတဲ့ ပုတီး စေ့လေးများဟာ ကွဲထွက်ပြီး မင်က အရေပြားထဲရောက်လာမယ်။ ယင်းကို အရေပြားက အန္တရာယ်ကင်းစွာ စုပ်ယူခြင်းဖြင့် ပျောက်ကွယ်သွားမယ်။ သမားရိုးကျဆေးမင်ကြောင်များကို ဖျက်တဲ့အခါ လေဆာဖြင့်ပြုလုပ်ရတဲ့ အတွက် ငွေကြေးကုန်ကျပြီး နာကျင် မှုကိုလည်း ဖြစ်စေနိုင်ပါတယ်။
By Health Digest

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်