လူတစ်ယောက်
ရဲ့ မျက်နှာ မှာ အထူး ခြားဆုံး၊ အလှပ ဆုံးဟာ မျက်လုံး လေးတွေ ဖြစ်သလို
နှုတ်ခမ်းသား လေးတွေကလည်း အဆွဲဆောင်ဆုံး ဖြစ်ပါသတဲ့။ အမျိုးသမီးတိုင်း၊ ဆယ်
ကျော်သက်လေးတိုင်းဟာ သူတို့ရဲ့ နှုတ်ခမ်းသားလေးတွေကို နူးညံ့
ချောမွေ့လှပစေချင်တာဟာ သဘာဝ ပဲမဟုတ်ပါလား။ အလုပ်တွေ များ များလုပ်ပြီး
ခပ်သွက်သွက်လှုပ်ရှား နိုင်မှ တန်ကာကျတဲ့ ကာလကြီးမှာ သဘာဝအလှကို ဂရုစိုက်ပေး
ဖို့ အချိန်အခက်အခဲရှိလာပါတယ်။ အချိန်နှင့်အမျှ အလုပ်လုပ်နေရတော့ သတိတရ
အချိန်မပေးနိုင်တော့ဘူး ဖြစ်လာပါတယ်။
ဒါကြောင့် ရံဖန် ရံခါမှာ နှုတ်ခမ်းနီ၊ မိတ်ကပ်ကဲ့သို့ သော ဖန်တီးအလှတွေပါ ကူညီပံ့ပိုး ပေးရပါတော့တယ်။ ဒါမှလည်း ကြည့်ကောင်းပြီး ဆန့်ကျင်ဘက်ပုရိသ တွေကို ဆွဲဆောင်နိုင်မှာ ဖြစ်ပါတယ်။ မိန်းကလေး အများစုဟာ နှုတ်ခမ်းနီ မျိုးစုံကို အနီရောင်မှသည် အနက် ရောင်ထိ အရောင်အမျိုးမျိုး ခြယ်သ ပြင်ဆင်လာတာကိုတွေ့ရပါတယ်။ နူးညံ့ပြီး ချောမွေ့တဲ့ စိုစိုလက်လက် သဘာဝအတိုင်း လှပနေတဲ့နှုတ်ခမ်း သားတွေ ပိုင်ဆိုင်လိုတယ်ဆိုရင် အောက်ပါအချက်များကို လိုက်နာ လိုက်ပါ။
- လှပသောနှုတ်ခမ်းလေးများ ရရှိလာအောင် ပြုလုပ်နိုင်သော အချက်များ
သင့်နှုတ်ခမ်းလေးတွေ မဲ ခြောက်ခြောက်ဖြစ်လာပြီဆိုရင် နှုတ် ခမ်းနီဆိုးတာရပ်လိုက်ပါ။ဒန်းရွက် လေးတွေ ထောင်းပြီး သဘာဝသတ္တု စိမ်းရည်ကို ယူပါ။ ဒန်းရွက်အရည်ကို လက်ညှိုးလေးဖြင့်ကော်ပြီး လက်ဖ ဝါးထဲအနည်းငယ်ထည့်ပါ။ ပြီးရင် မာဂျရင်း သို့မဟုတ်ထောပတ် အဖြူ ကို အနည်းငယ်သာကော်ပြီး ဒန်းရွက် အရည်ထဲထည့်ကာ မွှေပါ။ ပြီးမှ နှုတ်ခမ်းကို သုတ်လိမ်းပေးပါ။ နှုတ် ခမ်းသားလေးတွေ ပန်းသွေးရောင် လက်လာပါလိမ့်မယ်။
ပွဲလမ်းသွားစရာ ရှိမှ နှုတ်ခမ်းနီဆိုးပါ။ နောက်တစ်မျိုးကတော့ နှုတ်ခမ်း သားလေးတွေက သဘာဝအတိုင်း လှနေသလိုဖြစ်ချင်တယ်ဆိုရင် နှင်းဆီ ပန်းနီနီရဲရဲကြီးတစ်ပွင့်ရဲ့ ပွင့်ချပ်လေး တွေကို ချွေချလိုက်ပါ။ ထိုပွင့်ချပ်နီနီရဲ ရဲကြီးကို ဂီး လို့ခေါ်တဲ့ ထောပတ် တစ်မျိုးနှင့် ရောချေပေးပါ။ ပြီးရင် နှုတ်ခမ်းသားလေးတွေပေါ် ၁နာရီခန့် လိမ်းထားပေးပါ။
ပြီးနောက် ရေ နှင့်ဆေးချပစ်ပါ။ ထိုကဲ့သို့နေ့စဉ် လိမ်းပေးခြင်းဖြင့်နှုတ်ခမ်းသားလေးတွေ စိုလက်နူးညံ့လာပါလိမ့်မယ်။ နှုတ်ခမ်းသားလေးတွေ ခြောက် သယောင်းလာပါက ဗာဒံစေ့ကို ထောင်းပြီး ပျားရည်နှင့် နယ်ကာ နှုတ်ခမ်းလေးတွေပေါ် သုတ်ပေးပါ။ ပြီးရင် လက်ချောင်းလေးများဖြင့် အသာအယာနှိပ်နယ်ပေးပါ။ ညစဉ် ဤသို့ပြုလုပ်ပေးနိုင်ပါတယ်။
ဤသို့ နေ့စဉ်မှန်မှန် ပြုလုပ်သွားပါက နှုတ် ခမ်းခြောက်သွေ့ခြင်းမရှိတော့ပါ။ လက်ကိုင်ပဝါပေါ်မှာ ပေါင်ဒါမှုန့် အနည်းငယ်ဖြူးပြီး ထိုလက်ကိုင်ပဝါ အား သင့်နှုတ်ခမ်းသားလေးတွေ ပေါ်မှာ ဖိဖိပေးပါက နှုတ်ခမ်းသား လေးတွေ စိုလက်ချောမွေ့လာပါလိမ့် မယ်။ ဤသို့ နေ့စဉ်ပြုလုပ်ခြင်းဖြင့် သင့် နှုတ်ခမ်းသားလေးတွေအား သဘာဝအတိုင်း စိုလက်နေအောင် ထိန်းထား နိုင်ပါပြီ။
နှုတ်ခမ်းအမြဲခြောက်သွေ့ တတ်သူဖြစ်ပါကသံလွင်ဆီနှင့်ဗက် စလင်းတို့ကို ရောမွှေပြီး နှုတ်ခမ်းလေး တွေပေါ် တစ်နေ့လျှင် ၃ ကြိမ်မှ ၄ ကြိမ်အထိ သုတ်လိမ်းပေးပါ။ ဤသို့ မှန်မှန်လုပ်ပေးပါက နှုတ်ခမ်းသား ခြောက်သွေ့ခြင်း ကင်းဝေးစေနိုင်ပါ တယ်။ တစ်ဖန် ရေ၊ ပျားရည်၊ ဂလစ် ဆရင်း၊ ဗာဒံစေ့ဆီတို့ကို ဆတူရော ပြီး ပုလင်းလွတ်တစ်ခုမှာ ထည့်ကာ သမသွားအောင် ပုလင်းကို လှုပ်ရမ်း ပါ။
နေ့စဉ် နှုတ်ခမ်းများအား ထို အရည်ကို သုတ်လိမ်းပေးပါ။ ညမအိပ်ခင် Lip Balm လိမ်း ပေးပါ။ နှုတ်ခမ်းတွေ မဲခြောက် လာပါက သံပရာရည်ကို ဂလစ် ဆရင်းနှင့်ရောကာ နှုတ်ခမ်းအား သုတ်လိမ်းပြီး တစ်ညလုံးထားပါ။ မနက်မှ မျက်နှာသစ်ရင်း ဆေးကြော ပစ်ပါ။ နောက်တစ်နည်းကတော့ ကျိုပြီး သားအုန်းနို့ စားပွဲတင်ဇွန်း ၂ ဇွန်းထဲ မှာပျားဖယောင်း စားပွဲတင်ဇွန်း တစ် ဝက်ခန့်ရောပြီး အပူပေးပါ။ ပြီးရင် အအေးခံပြီး နှုတ်ခမ်းများကို သုတ် လိမ်းပေးနိုင်ပါတယ်။
By Health Digest

0 comments:
Post a Comment