www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

မနောမယ လက်စွပ်

ရှေးရှေးတုန်းက သူဌေးကြီး တစ်ဦးမှာ သားတစ်ယောက်ရှိသတဲ့။ အဲဒီသားအချိန်တန်လို့ အရွယ်ရောက်တော့ သူဌေးကြီးက ငွေအသပြာသုံးရာပေးပြီး ' ကဲ ငါ့သား၊ တစ်တိုင်းတစ်နိုင်ငံ သွားပြီး ကုန်ကူးပါချေ' လို့
ခိုင်းသတဲ့။ အဲဒီတော့ သူဌေးသားဟာ ငွေကို ယူပြီး ခရီးထွက်တာပေါ့။ ခရီးအတော်သွားမိတော့မှ လမ်းမှာ လူတစ်ခုဟာ ခွေးတစ်ကောင်နဲ့ စကားများနေကြတာကို တွေ့ရတယ်။ တစ်ချို့က ခွေးကို သတ်ပစ်မယ်လို့ ပြောတယ်၊ တစ်ချိန်ု့က မသတ်ရဘူးလို့ တားတယ်။
သနားကြင်နာစိတ်ရှိတဲ့ သူဌေးသားကတော့ ‘ကဲဗျာ၊ ခင်ဗျားတို့ စကားများမနေကြပါနဲ့၊ ဒီခွေးကို ကျွန်တော်ဝယ်ပါ့မယ်၊ ရော့ ငွေတစ်ရာ’ ဆိုပြီး ခွေးကလေးကို ခေါ်သွားသတဲ့။
   နောက်ခရီးအတော်သွားမိပြန်တော့ လမ်းမှာ လူတစ်စုဟာ ကြောင်တစ်ကောင်နဲ့ စကားများနေကြတာကို တွေ့ရပြန်တယ်။ တစ်ချို့က ကြောင်ကိုသတ်ပစ်မယ်လို့ ပြောတယ်။ တစ်ချို့က မသတ်ရဘူးလို့ တားတယ်။သနားကြင်နာစိတ်ရှိတဲ့ သူဌေးသားကတော့ ‘ ကဲဗျာ၊ ခင်ဗျားတို့ စကားများမနေကြပါနဲ့၊ ဒီကြောင်ကို ကျွန်တော်ဝယ်ပါ့မယ်၊ ရော့ ငွေတစ်ရာ’ ဆိုပြီးကြောင်လေးကို ခေါ်သွားသတဲ့။
နောက် ခရီးအတော်သွားမိပြန်တော့ လမ်းမှာ လူတစ်ခုဟာ မျြွေတစ်ကောင်နဲ့ စကားများနေကြတာကို တွေ့ရပြန်တယ်။ တစ်ချို့က မြွှေကို သတ်ပစ်မယ်လို့ ပြောတယ် ။ တစ်ချို့က မသတ်ရဘူးလို့ တားတယ်။သနားကြင်နာစိတ်ရှိတဲ့ သူဌေးသားကတော့ ‘ကဲဗျာ၊ ခင်ဗျားတို့ စကားများမနေကြပါနဲ့၊ ဒီမြွှေကို ကျွန်တော်ဝယ်ပ့ါမယ် ၊ ရော့ ငွေတစ်ရာ ‘ ဆိုပြီး မြွေးကလေးကို ခေါ်သွားသတဲ့။
   သူဌေးကြီး ပေးလိုက်တာက ငွေသုံးရာ။ ခွေးကိုဝယ်တော့ ငွေတစ်ရာ ၊ ကြောင်ကိုဝယ်တော့ ငွေတစ်ရာ၊ မြွှေကိုဝယ်တော့ ငွေတစ်ရာ။ အဲဒီတော့ သူ့အိတ်ထဲမှာ ငွေဗလာဖြစ်တာပေါ့။ ဒါကြောင့် သူဌေးသားလည်း တစ်တိုင်း တစ်နိုင်ငံကို ခရီးဆက်မသွားတော့။ မိဘအိမ်ကို ပြန်တာပေါ့လေ။ အိမ်ကိုရောက်လို့ အဖြစ်အပျက်တွေကို ပြန်ပြောပြတော့ သူဌေးကြီးက ဆူတာပေါ့။ ‘ ကဲ၊ မင်းဒီလောက်မိုက်တဲ့အကောင် ၊ ငါ့အိမ်ပေါ်မှာ မနေနဲ့၊ နွားရုံထဲမှာ သွားနေ ‘ လို့ နှင်ချလိုက်ပါလေရော။ သူဌေးသားလဲ ခွေးကလေး၊ ကြောင်ကလေး ၊ မြွှေကလေးကိုခေါ်ပြီး နွားရုံထဲသွားနေတာပေါ့။ သူ့အိပ်ရာက ကောက်ရိုးပုံ။ သူအိပ်ဖော် အိပ်ဆက်တွေက ခွေးရယ်၊ ကြောင်ရယ်၊ မြေရယ်။ အဲဒီ သတ္တ၀ါတွေက သူ့ကို အင်မတန်ချစ်ကြသတဲ့။ အိပ်တဲ့အခါဆိုရင် ခွေးကလေးက ခေါင်းရင်းက အိပ်သတဲ့။ ကြောင်းကလေးက ခြေရင်းကအိပ်သတဲ့။ မြေကလေးက ယှဉ်ပြီး အိပ်သတဲ့။
    တစ်နေ့ကျတော့ သူတို့တစ်တွေ စကားစမြည်ပြောကြရင်း မြွေကလေးက သူ့သခင်သူဌေးသားကိုပြောသတဲ့။ ‘ သခင်၊ ကျွန်တော်ဟာ မြွေမင်းကြီးနာဂရာဇာရဲ့သားဖြစ်ပါတယ်၊ တစ်နေ့သောအခါ ကျွန်တော် လူ့ပြည်ကို လာတုန်း လူတစ်စုက ၀ိုင်းဖမ်းပြီး သတ်တော့မယ် လုပ်နေခိုက် ကံကောင်းထောက်မလို့ သခင်က ကယ်ဆယ်လိုက်တဲ့အတွက် ကျွန်တော် အသက်ချမ်းသာရာရပါတယ်၊ ကျွန်တော်မှာ မိမွေးတဲ့အသက်၊ ဖမွေးတဲ့အသက် မရှိပါဘူး၊ သခင်ကယ်တဲ့ အသက်ပဲ ရှိပါတယ်၊ သခင့်ကျွေးဇူးကို ကျွန်တော် ဆပ်ချင်ပါတယ်၊ ကျွန်တော်ဖခင်နာဂရာဇာကြီးကလည်း သခင့်ကို အင်မတန် ကျေးဇူးတင်မှာပဲ ‘ လို့ပြောသတဲ့။ ဒီတော့ သူဌေးသားက ‘ နာဂရာဇာကြီးဘယ်မှာနေသလဲ၊ ကျုပ်လည်း တွေ့နိုင်ရင် တွေ့ချင်ပါတယ်’ လို့ ပြောသတဲ့။  ဒီတော့ မြွေးကလေးက ဆက်ပြီးပြောတယ်။ ‘ ဟောဟိုက တောင်ညိုညိုကြီးကို မြင်ပါသလား သခင်၊ အဲဒီတောင်ညိုညိုကြီးရဲ့ ခြေရင်းမှာ နတ်ရေတွင်းနတ်ရေထွက်တစ်ခုရှိပါတယ်၊ အဲဒီ နတ်ရေတွင်း နတ်ရေထွက်ထဲကို ငုပ်ဆင်းလိုက်ရင် ကျွန်တော်တို့ တိုင်းပြည်ကို ရောက်တာပါပဲ၊ သတင်လိုက်မယ်ဆိုရင် ကျွန်တော်ခေါ်သွားပါ့မယ်၊ ကျွန်တော့်ဖခင်မြွေမင်းက ကျွေးဇူးဆပ်မှာတော့ အမှန်ပါပဲ၊ ဘာကို လိုချင်သလဲလို့ မေးရင် မြွှေမင်းရဲ့ လက်ယာလက်က လက်စွပ်ရယ်၊ ရွှေထမင်းအိုးနဲ့ ရွှေယောက်မရယ်ပေးပါလို့ တောင်းပါ၊ အဲဒီလက်စွပ်က မနောမယလက်စွပ်ပါ၊ ရွှေဗိမာန်ကြီးဖန်ဆင်ပေးနိုင်ပါတယ်၊ ရွှေထမင်းအိုးနဲ့ရွှေယောက်မကလည်း တောင့်တလို့ရှိရင်နတ်ထမင်း နတ်ဟင်းကို ပေးနိုင်ပါတယ်’ လို့ ပြောပြတယ်။ အဲဒီအခါ သူဌေးသားလဲ သူ့မိတ်ဆွေ သုံးယောက်နဲ့အတူ တောင်ညိုညိုကြီးဆီကို သွားတာပေါ့။ တောင်ခြေရင်းကို ရောက်လို့ နတ်ရေတွင်း နတ်ရေထွက်ကို တွေ့တော့ ‘ ကဲ၊ မင်းတို့ ဒီမှာ ခဏနေခဲ့ကြ၊ ကျုပ် နာဂရာဇာကြီးနဲ့ သွားတွေ့ဦးမယ်’ လို့ ခွေးကလေးနဲ့ ကြောင်ကလေးကို မှာပြီး သူဌေးသားလည်း မျြွေကလေးနဲ့အတူ ရေထဲ ငုပ်ဆင်းသွားပါရောတဲ့။
    မြွေတိုင်းပြည်ကို ရောက်တော့ မြို့တံခါးကနေပြီး မျြွေကလေးက သူ့ဖခင်နာဂရာဇာထံသို့ လူလွှတ်ပြီးလျှောက်ထားသတဲ့။ ဒီတော့ နာဂရာဇာက ‘ သူသားနဲ့ သားတော်တို့ ရှေ့တော်ကို ၀င်ခဲ့ရမယ်’ လို့ အမိန့်ပေးသတဲ့။ ဒါပေ့မယ် မြွေကလေးက လျှောက်ထားသတဲ့။ ကျွန်တော်ဟာ ယခါအခါမှာ အသက်သခင်ဖြစ်တဲ့ လူသားရဲ့ကျွေးကျွန်ဖြစ်ပါတယ်၊ ခမည်းတော် ကိုယ်တိုင်လာရောက်ကြိုဆိုပြီး ကျေးကျွန်ဘ၀က ရွေးယူပါမှ ခမည်းတော်ရဲ့ ရှေ့တော်သို့ ၀င်နိုင်ပါလိမ့်မယ်’ လို့ လျှောက်သတဲ့။
   မြွေကလေးက သူဌေးသားကို ကျေးဇူးဆပ်ချင်လို့ ဇာတ်ဆင်နေတာပေါ့လေ။ အဲဒီအခါမှာ နာဂရာဇာ မြွေမင်းကြီးဟာ မြို့တံခါးကို ထွက်လာပြီးသားတော်ကို ဖတ်ပြီး နမ်းရှုပ်သတဲ့။ သူဌေးသားကို နှုတ်ခွန်းဆက်သပြီးခရီးဦးကြိုဆိုသတဲ့။ အဲဒီလိုနဲ့ သူဌေးသားဟာ မြွေတိုင်းပြည်မှာအတော်ကြာကြာနေတုန်း နာဂရာဇာရဲ့ မနောမယလက်စွပ်ရယ်၊ ရွှေထမင်းအိုးနဲ့ ရွှေယောက်မရယ်ကို ကျေးဇူးဆပ်တဲ့အနေနဲ့ မြွှေမင်းက ပေးလိုက်သတဲ့။  နောက်တော့..နတ်ရေတွင်း နတ်ရေထွက်လမ်းက လူပြည်ကို ပြန်လာပြီး သူ့အပေါင်းအဖော်ခွေးတို့ ကြောင်တို့နဲ့ ပြန်တွေ့တာပေါ့။ မကြာခင်မှာပဲ သူဌေးသားက မနောမယလက်စွပ်ကို ကိုင်ပြီး တောင်းတလိုက်တဲ့အခါ အင်းမတန်ခမ်းလားတဲ့ ရွှေဗိမာန်ကြီးရောက်လာသတဲ့။ ရွှေဗိမာန်ကြီးထဲမှာ မင်းသမီးလေးတစ်ပါးလည်းပါလာသတဲ့။ နောက်တော့ ရွှေထမင်းအိုးနဲ့ ရွှေယောက်မကိုကိုင်ပြီး တောင့်တလိုက်တဲ့အခါမှာလည်း စာကောင်းသောက်ဖွယ်နတ်ထမင်း နတ်ဟင်းတွေ ရောက်လာသတဲ့။ အဲဒီအခါ သူဌေးသားဟာ မင်းသမိးကလေးနဲ့ လက်ထပ်ပြီး ရွှေဗိမာန်ကြီးထဲမှာ နေတာပေါ့။
တစ်နေ့ကျတော့ မင်းသမီးလေးဟာ ဆံတော်ရှင်းရင်နဲ့ ကျွတ်ထွက်လာတဲ့ ရွှေဆံပင်ကလေးတွေကို ကျည်တောက်တစ်ခုမှာသွတ်ပြီး မြစ်ထဲ ပစ်လိုက်သတဲ့ ကျည်တောက်ကလေးလည်း မြစ်ညာကနေပြီး မြစ်ကြောကိုပေါလောပေါလောနဲ့ မျောသွားတာပေါ့။ တစ်တိုင်းတစ်နိုင်ငံကို ရောက်တော့ မင်းသားကလေးတစ်ပါး ရေကစားဆင်းရင်းနဲ့ အဲဒီကျည်တောက်ကို တွေ့တာနဲ့ ဆယ်ကြည့်သတဲ့။ အင်မတန် လှပနူးညံ့တဲ့ ဆံပင်ကလေးတွေကို တွေ့တော့ မင်းသားကလေးဟာ မမြင်ရတဲ့ ဆံပင်ရှင်မင်းသမီးကိုစွဲလမ်းပြီး မအိပ်နိုင် မစားနိုင်နဲ့ တစ်မှိုင်မှိုင်တစ်ထွေထွေ နေတော့တာပဲတဲ့။ အဲဒီအခါမှာ မင်းသားကလေးရဲ့ ခမည်းတော်ဟာ စိတ်ပူတော်မူတာနဲ့ မင်းသားကလေးရဲ့ အရီးတော် ဘီလူးမကြီးဆီမှာ အကြံဥာည်တောင်းရတာပေါ့။( မေ့တော့မလို့ ဘီလူးမကြီးနာမည်မှတ်ထားဦးနော်…ဘီလူးမကြီးနာမည်က နန်းမိုးဟန်တဲ့….ဟီးး) ဒီတော့ ဘီလူးမကြီးဟာ ပျားယောင်ဆောင်ပြီး တစ်ဝီ၀ီနဲ့ မြစ်ညာကိုဆန်ပြီးပျံသတဲ့။ ဘီလူးမကြီးဟာ အဲဒီလို မပျံခင် မင်းသမီးကလေးရဲ့ ရွှေဆံပင်ကို နမ်းကြည့်တယ်။ ရွှေဆံပင်ကလေးက ဆီအနံ့ကို သိတော့ ဒီအနံ့အတိုင်း ပျားယောင်ဆောင်ပြီး လိုက်တာကိုး။ နောက်ဆုံးတော့ မင်းသမီးဆီကို ရောက်တာပေါ့။ ရောက်တဲ့အခါ အမယ်အိုယောင်ဆောင်ပြီး တောင်ဝှေ့ကလေးကို တတောက်တောက်နဲ့ မင်းသမီးနေတဲ့ ရွှေဗိမာန်တွင်းကို ၀င်သွားသတဲ့။ မင်းသမီးကလေးနဲ့ တွေ့တော့ လိမ်တာပေါ့လေ။ ‘ မင်းသမီကလေး။ ကျွန်နုပ်ဟာ အခြားသူမဟုတ်ဘူး၊ မင်းသမီးကလေးရဲ့ အရီးတော်ဖြစ်တယ်၊ မင်းသမီးကလေး မွေးကာစက ကွဲသွားလို့ မမှတ်မိတာပါ’လို့ လိမ်ပြောပြီး မင်းသမီးကလေးကို ပွေ့ဖက်နမ်းရှုပ်လုပ်သတဲ့။ မင်းသမီးကလေးကလည်း ခပ်ရိုးရိုးဆိုတော့ အဟုတ်မှတ်ပြီး ရွှေဗိမာန်ထဲမှာ အရီးတော်အဖြစ်နဲ့ ထားတာပေါ့။ သုံးလေးရက်လောက်ရှိတော့ ဘီလူးမက မနောမယ လက်စွပ်အကြောင်းကို မေးသတဲ့။ သူဌေးသားလက်မှာ ၀တ်ထားတယ်လို့ မင်းသမီးက ပြောတော့ ယူထားပါလားသမီးရယ်၊ မောင်တော်က ခဏခဏ သမင်လိုက်ထွက်နေတာ မတော်တဆများ တောမှာ ကျပျောက်သွားရင် မခက်ပေဘူးလား’ လို့ အကျိုးလိုယောင်နဲ့ ပြောသတဲ့။ အဲဒါကို အဟုတ်မှတ်လို့ မင်းသမီးက သူ့ယောကျာ်းဆီက လက်စွပ်ကို တောင်းယူထားလိုက်တာပေါ့။
    နောက်တစ်နေ့ကျတော့ ဘီလူးမက မနောမယလက်စွပ်ကိုကိုင်ကြည့်စမ်းပါရစေလို့ပြောသတဲ့။ ရိုးသားတဲ့ မင်းသမီးကလည်း ချွတ်ပေးသတဲ့။ အဲဒီအခါဘီလူးမဟာ ပျားယောင်ဆောင်ပြီးလက်စွပ်ကို ခိုးပြေးပါလေရော။ သူ့တူတော်နေတဲ့ အိမ်တော်ကိုရောက်တောမှ လက်စွပ်ကို တူတော်ရဲ့ လက်ထဲ ထည့်လိုက်သတဲ့။ ဒီအခါတူတော်မင်းသားလဲ ရွှင်ပြုံးလာပြီး လက်စွပ်ကို ကိုင်လို့ တောင်းတတာပေါ့။ တောင်းတလိုက်တယ်ဆိုရင်ပဲ မြစ်ညာက ရွှေဗိမာန်ကြီးဟာ မင်းသမီးကလေးနဲ့အတူ နန်းတော်ဝင်းထဲကို ရောက်လာတာပဲတဲ့။ မင်းသားလည်း ဗိမာန်ထဲကိုဝင်ပြိး မင်းသမီးကို အတင်းအဓမ္မ သုံးခွန်းသောစကားပြောပါလေရောတဲ့။ မင်းသမီးလည်း အတန်တတ်ငြင်းသတဲ့။ ငြင်းပေမယ့် မရနိုင်တဲ့ အဆုံးရောက်တော့ တစ်လလေးသီတင်းဆိုင်းငံ့ရင် မင်းသားနဲ့ လက်ထက်ပါ့မယ်လို့ ကတိပေးလိုက်ရသတဲ့။
အဲဒီအတောအတွင်းမှာ သူဌေးသားဟာ သမင်းလိုက်ရာက ပြန်လာပြီး ရွှေဗိမာန်ကို မတွေ့တော့ ရင်ကွဲပက်လက်နဲ့ ၀မ်းနည်း ပူဆွေးရတာပေါ့။ နောက်ဆုံး အကြံကုန်တဲ့အခါ သူ့အသက်ကို သူသတ်သေမယ်ဆိုပြီး ဓားကို ကိုင်သတဲ့။ အဲဒီအခါ ခွေးကလေးနဲ့ ကြောင်ကလေးက ပုန်းနေရာက ပြေးထွက်လာပြီး ‘ အိုသခင်၊ သည်းခံပါ၊သည်းခံပါ၊ ကျွန်တော်တို့ကို တစ်လ လေးသီတင်းအချိန်ပေးရင် မင်းသမီးကို အောင် ရှာပေးပါ့မယ်လို့ ‘ လို့ ပြောကြသတဲ့။ အဲဒီလိုပြောပြီး ခွေးနဲ့ ကြောင်ဟာ သတင်းတစ်မေးမေးနဲ့ လိုက်ရှာလိုက်တာ မင်းသမီးကလေးစံစားနေတဲ့ နန်းတော်ထဲကို ရောက်သွားပါလေရောတဲ့။ ညအချိန်ရောက်တော့ မင်းသမီးဟာ လေသာပြတင်းပေါက်ကိုဖွင့်ပြီး သူဌေးသားကို မျှောမှန်းလွမ်းဆွတ်နေတုန်း ကြောင်ကလေးက ထရံကတက်သွားသတဲ့။ ကြောင်ကလေးကိုမြင်တော့ မင်းသမီးလေးလည်း မှတ်မိပြီး ၀မ်းသာအားရနဲ့ အဖြစ်အပျက်တွေကို ပြောပြတာပေါ့။ နောက်တော့ ကြောင်ကလေးက မနောမယလက်စွပ် ဘယ်မှာရှိသလဲလို့ မေးသတဲ့။ ဘီလူးမကြီးရဲ့ ၀မ်းဗိုက်ထဲမှာ ရှိတယ်လို့ မင်းသမီးက ပြန်ပြာတော့ ‘ ကောင်းပြီး ကျွန်တော်ရအောင်ယူမယ်၊ လက်စွပ်ကိုရင် အားလုံးကိစ္စပြီးတာပါပဲ’ လို့ပြောပြီး ကြောင်ကလေးဟာ ထရံကပဲဆင်းသွားသတဲ့။
    အဲဒီနေ့မှာပဲ ကြွက်မင်းကြီးရဲ့ သားတော်အကြီးရဲ့ လက်ထပ်ပွဲရှိတယ်ဆိုးကိုး။ ဒါကြောင် ကြောင်ကလေးဟာ ကြောင်ကလေးဟာ ကြွက်တွင်းဝမှာ သေချင်ယောင်ဆောင်နေသတဲ့။ ကြွက်ပရိသတ်ကြီးထွက်လာတဲ့အခါ ကြောင်ကလေးက ကြွက်သတို့သားကို ဖမ်းလိုက်တာပေါ့။ အဲဒီတော့ ကြွက်မင်းကြီးက မျက်ရည်တွေကျပြီး သူ့သားတော်ကို လွှတ်ဖို့အကြောင်းတောင်းပန်တာပေါ့။ အဲဒီအခါ ကြောင်ကလေးက ပြောသတဲ့။ ‘ ဘီလူးမကြီး ၀မ်းဗိုက်ထဲမှာ ရှိတဲ့ မနောမယ လက်စွပ်ကို ရအောင်ယူပေးရင် သားတော်ကြွက်မင်းသားကို လွှတ်မယ်လို့ ပြောလိုက်သတဲ့။
      ညကျတော့ ကြွက်တွေဟာ ဘီလူးမကြီးရဲ့ အခန်းထဲကို တန်းစီပြီ သွားကြတာပေါ့။ ဘီလူးမကြီးဟာ ပါးစပ်ကြီး အပြဲသားနဲ့ တစ်ခေါခေါ ဟောက်ပြီး အိပ်ပျော်နေတာတွေ့တော့ ကြွက်ကလေးတစ်ကောင်က မျက်နှာပေါ်ကို အသာတက်ပြီး အာခေါင်ထဲကို ကြွက်မြီးကလေးနဲ့ မွှေလိုက်သတဲ့။ အဲဒီအခါမှာ ဘီလူးမကြီးလည်း လည်ချောင်းယားပြီး ချောင်းဆိုးလိုက်တာ ၀မ်းဗိုက်ထဲက မနော မယ လက်စွပ်ဟာ စဉ်ထွက်သွားပါလေရောတဲ့။ ဒီတော့ ကြွက်တွေဟာ လက်စွပ်ကိုချီပြီး ကြောင်ရှိရာကို ပြေးကြတာပေါ့။ အဲဒီအခါကြောင်ကလေးက လက်စွပ်ကိုယူပြီး ကြွက်မင်းသားကို လွှတ်လိုက်သတဲ့။
     အဲဒီတော့မှ ကြောင်ကလေးနဲ့ ခွေးကလေးဟာ လက်စွပ်ကိုယူပြီး သူဌေးသားရှိရာကို ပြန်ကြတာပေါ့။ သူဌေးသား လက်စွပ်ကိုရတော့ တစ်လ လေးသီတင်းပြည့်ဖို့ တစ်ညနေပဲ ရှိတော့သတဲ့။ အဲဒါကြောင့် ချက်ချင်းပဲ လက်စွပ်ကို ငုံပြီး တောင့်တလိုက်တာ ရွှေဗိမာန်ကြီးနဲ့ မင်းသမိးကလေး တစ်ခါတည်းရောက်လာတာပေါ့။ အဲဒီတော့မှ ခွေးကလေးရယ်၊ ကြောင်ကလေးရယ်၊ သူဌေးသားရယ်၊ မင်းသမီးရယ် ပျော်ပျော်ပါးပါးနဲ့ ရွှေဗိမာန်ကြီးထဲမှာ အေးချမ်းစွာ နေကြပါလေရောတဲ့။

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်