ပါဝင်ပစ္စည်းများ
ပုစွန်ဆတ်တုပ် (ပုစွန်အလတ်စား) - ၁၀ ကောင်၊
ခရမ်းချဉ်သီး - သုံးလုံး
ချင်း (ဂျင်း) - အနည်းငယ်
ကြက်သွန်ဖြူ - တစ်ဥ
ကြက်သွန်နီ - တစ်လုံး
သခွားသီး - ငါးကျပ်သား
ဆီ - အနည်းငယ်
ပဲငံပြာရည် (အကြည်) - အနည်းငယ်၊
ကော်မှုန့် - အနည်းငယ်၊
ဟင်းခတ်မှုန့် - အနည်းငယ်၊
ဆီမွှေး - အနည်းငယ်။
ပြုလုပ်ပုံအဆင့်ဆင့်
ပုစွန်ဆတ်တုပ် ၁၀ကောင်ကို ခေါင်းဖြုတ်အခွံခွာပြီးအမြီးကို ချန်ထားပါ။ ပြီးလျှင် ကျောမှ ခွဲ၍ ချေးထုတ်ပြီး ရေနှင့် သန့်စင်အောင် ဆေးထားပါ။ ၎င်း ပုစွန်တို့ကို ဆားဟင်းခတ်မှုန့်တို့ဖြင့် သင့်တော်ရုံ ခပ်ဖွဖွနယ်ထားပါ။
ခရမ်းချဉ်သီးနှင့် သခွားသီးကို လေးစိတ်စိတ်၍ ကြက်သွန်နီကို ရှစ်စိတ်စိတ်ထားပါ။ ကြက်သွန်ဖြူ၊ ချင်း(ဂျင်း) တို့ကို ဓားပြားရိုက်ပါ။ ကြက်သွန်မြိတ်ကို လက်တစ်လုံးခန့် ခပ်စောင်းစောင်းလှီးထားပါ။
၎င်းနောက် ဒယ်အိုးထဲတတွင် ဆီထည့်၍ ကြက်သွန်ဖြူ၊ နီ၊ ချင်း တို့ကို ထည့်ပြီး ဆီသတ်ပါ။ အနံ့မွှေးလာပါက ပုစွန်ကို ထည့်ပြီး မွှေပါ။ ၎င်းနောက် ခရမ်းချဉ်သီးကို ထည့်ပြီး မွှေပါ။ ပြီးလျှင် တရုတ်ပဲငံပြာရည်အကြည်၊ ဟင်းခတ်မှုန့်တို့ကို ထည့်ပြီး သုံးမိနစ်ခန့် အဖုံးအုပ်ထားပါ။
၎င်းနောက် အဖုံးကို ဖွင့်ပြီး အပေါ့အငန်မြည်း၍ ကြက်သွန်မြိတ်ကော်မှုန့်တို့ကို သင့်ရုံ ထည့်ပေးပြီး မွှေပါ။ မီးဖိုပေါ်မှချခါနီးတွင် ဆီမွှေးကိုထပ်တည့်ပြီး စားသုံးမည့် ပန်းကန်ထဲသို့ အဆင်သင့်ပြင်ဆင်နိုင်ပါသည်။
Ref : The Flower News

0 comments:
Post a Comment