ပါဝင်ပစ္စည်းများ
ဆိတ်သား၊
ခရုဆီ၊
သကြား၊
မျှစ်၊
ငရုတ်ပွ (နီ/စိမ်း)၊
အာလူးမှုန့်
ပြုလုပ်ပုံအဆင့်ဆင့်
ဆိတ်သားကို ရေဆေးပြီး အရွယ်တော် အပြားလေးတွေလှီး၊ ပြီးရင် အချိုအငန်အရသာ နယ်ထားပါ။ မျှစ်ကိုလည်း ဆိတ်သားနဲ့ အရွယ်တူ ပါးပါးလှီးပါ။ ဆိတ်သားကို ရေနွေး အနည်းငယ် ဖျောပြီး အိုးပူပူမှာ ဆီ နည်းနည်းထည့်လို့ ဆီပူ ထိုးပါ။ မျှစ်ကိုရောထည့်ပြီး အနည်းငယ် မွှေ၊ ပြီးရင် ပန်းကန်ထဲထည့်ထားပါ။
လှီးထားတဲ့ ငရုတ်ပွ အနီနဲ့ အစိမ်းကို အိုးပူမှာ ဆီအနည်းငယ်နဲ့ လှိမ့်ပါ။ ဆိတ်သားနဲ့ မျှစ်ရောထားတာကို ထပ်ထည့်ပါ။ ပြီးမှ ခရုဆီနဲ့သကြားကို ထည့်ပါ။ အရသာအနေတော် ဖြစ်ပြီဆိုရင် အာလူးမှုန့်ကို ရေနဲ့ ဖျော်ပြီးအနည်းငယ်ထည့်ပါ။ အာလူးမှုန့်နဲ့ ဟင်းအမယ် (အမည်) တွေအကုန်လုံးရောပြီး စေးကပ်ကပ်လေး ဖြစ်သွားပြီဆိုရင် အိုးပေါ်က ချလို့ ရပါပြီ။
Ref : The Myanmar Times

0 comments:
Post a Comment