www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Friday, May 17, 2013

မျက်လုံး အောက်က အရေး အကြောင်း တွေကို အလွယ်တကူ ကုသနိုင်တဲ့နည်း

အသက် အရွယ် ရလာရင် မျက် နှာမှာ အရင်ဆုံးပေါ် လာတတ်တဲ့ ဇရာ ရဲ့ လက္ခဏာ ကတော့ မျက်လုံး အောက်မှာ အရေး အကြောင်းလေး တွေ ပေါ်လာတာပါ။ ဒီလိုအရေး အကြောင်းတွေကို ကုသနိုင်တဲ့နည်း အမျိုးမျိုးရှိတဲ့အနက်က အလွယ်တကူ နဲ့ ကုသနိုင်တဲ့ နည်းလေးကို ဖော်ပြ ပေးလိုက်ပါတယ်။ ဒီနည်းကို သွားရောက်ကြည့်ရှု ခဲ့တဲ့နေရာကတော့ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့် ကန်လမ်းမကြီး၊ အမှတ် ၈၈၁ မှာ ဖွင့်လှစ်ထားတဲ့ လွင်မိုးသူအလှပြုပြင် ရေး (အမျိုးသမီးသီးသန့်) မှာဖြစ်ပါ တယ်။ ဒီနည်းကတော့ -
ပထမဆုံး မျက်နှာကို ချေးချွတ် သန့်စင်ပေးပါတယ်။ မျက်နှာဆေး ပေးတာပါပဲ။ ဒီလို မျက်နှာဆေးတာကို ၃ ခါပြုလုပ်ပေးပါတယ်။
-ပြီးရင် မျက်လုံးအောက်က အရေးအကြောင်းတွေကို ပျောက်စေ တဲ့ တစ်ခါသုံး Seductive Eyes ပြီး နာရီဝက်ထားပေးရပါတယ်။
-နာရီဝက်ပြည့်ရင်တော့ အဲဒါ လေးတွေ ခွာပေးပြီး အရေးအကြောင်း နေရာမှာ ဆေးရည်လေးတွေ လိုက် တို့ပေးလိုက်ရုံပါပဲ။ ဒီလိုတစ်ခါပြုလုပ်ရင် အရေး အကြောင်းလေးတွေက လျော့ပါးသွား ပါတယ်။
၃-ခါပြုလုပ်ပြီးရင်တော့ သိသိ သာသာပျောက်ကင်းသွားတယ်လို့ သိရပါတယ်။ လွင်မိုးသူမှာ မျက်နှာဆေးကြော ရုံပဲဆိုရင် ငွေကျပ် ၁၀ဝ၀ ယူပြီး ဒီလို အရေးအကြောင်းပျောက်အောင် လုပ်မယ်ဆိုရင် ငွေကျပ် ၃၀ဝ၀ ယူတယ်လို့ သိရပါတယ်။



By Health Digest

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်