လက်နဲ့
ခြေထောက် မှာနူးညံ့ ချောမွေ့တဲ့ အသား အရေ ရရှိ စေဖို့ လက်နဲ့ ခြေထောက် မှာ
အစိုဓာတ်ထိန်းနိုင်တဲ့ ခရင်မ် လိမ်းပြီး ပါးလွှာတဲ့ပိုးသားခြေအိတ်၊
လက်အိတ်စွပ်ကာ အိပ်စက်ပါ။
- အခန်းတွင်းရှိ လေထုစိုစွတ်နေစေဖို့အတွက် အေးမြတဲ့ရာသီ မှာ ညစဉ် အိပ်စက်တိုင်း အိပ်ခန်းထဲမှာ လေထုစိုထိုင်းစက် (Humidifier)ကို တပ်ဆင် ထားပါ။ လေထုစိုထိုင်းဆဟာ လေကို စိုစွတ်နေအောင် လုပ်ဆောင်ပေးတာကြောင့် အရေပြား ခြောက် သွေ့ယားယံမှုကို သက်သာစေရုံ သာမက စိုစွတ်နေတဲ့ လေကို လည်း အလွယ်တကူ ရှူရှိုက် လွယ်စေနိုင် ပါတယ်။
- အိပ်ခန်းထဲမှာ အိပ်ခန်းကို မှောင်သွားစေမယ့် လိုက်ကာချ ထားပါ။ ညအိပ်ချိန်မှာ လိုက်ကာချထားပေးရင် ပြင်ပ ညအလင်း ရောင်ကြောင့် အိပ်မပျော် တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင် ပါတယ်။
- အိပ်ရေးဝ၀ အိပ်စက် အနားယူတာက အသားအရေ ကျန်းမာ ရေးအတွက် အရေးပါ ပါတယ်။ အကြောင်းကတော့ အရေပြားဆဲလ် တွေ ပြန် လည်ပြုပြင်မှုနဲ့ အသစ်ဖြစ်ပေါ် မှုဟာ အိပ်ပျော်နေချိန်မှာ ဖြစ်နေလို့ပါ။ အိပ်ချိန် အလုံအလောက် မရရှိရင် အရေပြားဟာ အသစ်ပြန်လည် ဖြစ်နိုင်ခြေ နည်းပါတယ်။
By Good Health

0 comments:
Post a Comment