www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Friday, May 17, 2013

ရက်ပ်ပါဖက်ရှင်

၂၀၁၂ အတွက် ခေတ်စားမယ့် ၂၀၁၂ အတွက် ခေတ်စား မယ့် ဖက်ရှင်ပစ္စည်း ခြောက်မျိုးရှိပါတယ်။ အဲဒီထဲမှာမှ လေးခုလောက်ဟာ ဟစ်ဟော့ပ်ဖက်ရှင်ထဲမှာ အကျုံးဝင်နေတဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်။  ဟစ်ဟော့ပ်ဂီတနဲ့ ဖက်ရှင်ဟာ တစ်မျိုးတစ်ဘာသာ ဆန်းသစ်နေတဲ့ ဖက်ရှင်တစ်ခု ဖြစ်ပါတယ်။
အထူးသဖြင့် လူငယ်တွေထဲမှာ ဟစ်ဟော့ပ် ဖက်ရှင်ဟာ ခေတ်စားသလို ခေတ်စားရတဲ့ အကြောင်းရင်းထဲမှာ ဟစ်ဟော့ပ်ဖက်ရှင်ကို ကြိုက်နှစ်သက်လို့ ဂီတကို အားပေးတာလည်း တစ်ခု အပါအဝင်ပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဟစ်ဟော့ပ်ဖက်ရှင်ဟာ ဖက်ရှင်ရေစီးကြောင်းထဲ အရှိန်အဟုန်ပြင်းပြင်းနဲ့ ၁၉၇၀ ကစပြီး ကမ္ဘာတစ်ပတ် ပတ်ခဲ့ပြီးဖြစ်ပါတယ်။

ပထမဆုံး လိုအပ်ချက်

ဟစ်ဟော့ပ် ဖက်ရှင်အတွက် ပထမဆုံးသိဖို့ လိုအပ်တာကတော့ စိတ်နေစိတ်ထားပဲ ဖြစ်ပါတယ်။ စိတ်နေစိတ်ထားက အဝတ်အစားထက် ဟစ်ဟော့ပ်ဖက်ရှင်မှာ ပိုပြီး အခရာကျပါတယ်။ ကိုယ့်ရဲ့ စိတ်နေသဘောထားက ကိုယ်ဘယ်လိုပုံစံလဲ ဆိုတာကို ဖော်ပြနေမှာ ဖြစ်ပါတယ်။ အဝတ်အစားကို အမျိုးမျိုး ဝတ်ဆင်နိုင်ပေမယ့် စိတ်နေစိတ်ထားမပါရင် ဟစ်ဟော့ပ်ဖက်ရှင်ကို ဂွတ်ဘိုင် လုပ်နေသလို ဖြစ်နေပါလိမ့်မယ်။
တခြား အနုပညာရှင်တွေရဲ့ ဟစ်ဟော့ပ် ဖက်ရှင်တွေကို တွေ့ဖူးမြင်ဖူးပါလိမ့်မယ်။ အဲဒါကို အားကျ အတုယူပြီး ကိုယ်ပါ သူဝတ်သလို လိုက်ဝတ်ရင် ကိုယ်ဟာ ဒုတိယ ဦးဖိုးစိန်ပဲ ဖြစ်သွားပါလိမ့်မယ်။ ကိုယ့်ရဲ့ မူပိုင်စတိုင်လ်နဲ့ ပုံရိပ်ကို ချိုးနှိမ်ရာ ကျသွားပါလိမ့်မယ်။ ရက်ပ်ပါ တစ်ယောက်က ဒီလိုဆိုပါတယ်။
“ကျွန်တော် ဂျင်းပင်(န်) ဝတ်ထားတယ်။ ကျွန်တော်ဟာ နှိမ့်ချတတ်ပေမယ့် စတိုင်လ်တော့ ကျတယ်။ နှစ်သက်ဖွယ် ရှိတယ်ဆိုတာ သိစေချင်တယ်” ဆိုတဲ့ သဘောမျိုး၊ ပုံစံမျိုး ဖြစ်ပါတယ်။ ကိုယ်သိစေချင်၊ ဖော်ပြစေချင်တဲ့ စရိုက်မျိုးကို အရင်ဆုံး ဖော်ပြဖို့ ကိုယ့်စရိုက် ဘာလဲဆိုတာ ရှာဖို့ လိုအပ်ပါတယ်။ “ကိုယ့်မှာ စတိုင်လ် တစ်ခုခု ရှိနေရင် တခြားလူတွေ ဘာပြောပြော ကိစ္စမရှိတော့ဘူး” တဲ့။

ထသွားထလာဖက်ရှင်

အခုခေတ် ဟစ်ဟော့ပ်ဖက်ရှင်မှာ ဟစ်ဟော့ပ် အဆိုတော်တွေရဲ့ အနေအထားအပေါ် မူတည်နေပါတယ်။ နာမည်ကြီး ထင်ရှားလာတဲ့ အဆိုတော်တွေဟာ သူတို့ ကိုယ်ပိုင်ဖက်ရှင် ကုမ္ပဏီထောင်ပြီး ထုတ်လုပ်လာကြပါတယ်။ အမ်မီနမ်တို့၊ ဂျေဇက်တို့၊ စီကာရာတို့၊ 50 Cent တို့ဟာ ဖက်ရှင် ကုမ္ပဏီထောင်ပြီး ထွင်လာကြပါတယ်။
သူတို့ရဲ့ လွှမ်းမိုးမှုအားဟာ ဂူချီတို့လို နာမည်ကြီးပါတယ်။ နောက်ပိုင်းမှာ ဘက်ဂီ(ဘောင်းဘီပွပွ) ဘောင်းဘီနဲ့ စကင်နီဂျင်းပင်န်တို့ဟာလည်း ဟစ်ဟော့ပ် ဖက်ရှင်ထဲမှာ ခေတ်စားလာပြန်ပါတယ်။ သာမန် ထသွားထလာ အတွက် တီရှပ်နဲ့ ဘက်ဂီကောင်းဘီ ဝတ်နိုင်ပါတယ်။အခုအချိန်မှာတော့ စကင်နီဂျင်းပင်န်ဟာ ဟစ်ဟော့ပ်ဖက်ရှင်မှာ ခေတ်စားနေပါတယ်။ ထသွားထလာအတွက် စကင်းနဘောင်းဘီ အနက်နဲ့ တီရှပ်အဖြူတို့ ဝတ်ဆင်နိုင်ပါသေးတယ်။

တွဲဖက် ဖက်ရှင်ပစ္စည်းများ

ဟစ်ဟော့ပ် တွဲဖက်ဖက်ရှင် ပစ္စည်းတွေမှာ နာမည်ကြီး Aviator မျက်မှန်ကအစ ပါပါတယ်။ New Era, Kangol, Dobb ဦးထုပ် အမျိုးအစားတွေလည်း ပါပါတယ်။ နောက်ပြီး လက်ဝတ်လက်စားတွေလည်း ပါပါတယ်။လက်ဝတ် လက်စားတွေကို ဟစ်ဟော့ကမ္ဘာမှာ Bling လို့ သုံးနှုန်းကြပါတယ်။

ဘလင်ဘလက်ဖက်ရှင်

အရောင် ပြိုးပြိုးပြက်ပြက် တောက်တောက်ပြောင်ပြောင် လက်ဝတ်လက်စား၊ အဝတ်အစားတွေကို ဝတ်ဆင်လာကြတဲ့ ကာလဟာ ၁၉၉၀ ခုနှစ် နှောင်းပိုင်းမှာ စတင်ပါတယ်။ ရွှေအစား ပလက်တီနမ်တွေကို ဟစ်ဟော့ပ် ဖက်ရှင်အဖြစ် ဝတ်လာကြတယ်။ အနုပညာရှင်နဲ့ ပရိသတ်တွေဟာ ပလက်တီနမ်မှာ စိန်ကွပ်ပြီး ဝတ်လာကြတယ်။
ဘလက် လက်ဝတ်လက်စားတွေဟာ ဟစ်ဟော့ပ် ဖက်ရှင်အတွက် အရေးပါတဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်။ ကိုယ်ကြိုက် နှစ်သက်သလို လက်ဝတ်လက်စား တစ်ခုခုကို ရွေးချယ်နိုင်ပါတယ်။ နားကွင်း၊ လည်ဆွဲ စသဖြင့် ဝတ်ဆင်နိုင်ပါတယ်။ ဒါဟာ ရွေးချယ်မှု တစ်ရပ် မဟုတ်ဘဲ လိုအပ်ချက် တစ်ရပ်ဆိုတာ သိစေချင်ပါတယ်။ ပလက်တီနမ် သာမက ရွှေနဲ့ ငွေထည်များကိုလည်း ဝတ်စားနိုင်ကြပါသေးတယ်။

နာမည်ကျော် ရက်ပ်ပါတို့ရဲ့ အကြံပေးချက်များ

မကြာသေးခင်ကမှ လူသိထင်ရှား ဖြစ်သွားတဲ့ ကိန်းဝက်စ်ရဲ့ ချစ်သူအဖြစ် ညှို့မင်းသမီး ကင်ကာဒါရှန်ဟာ သူ့ချစ်သူ ကိန်းဝက်စ်ဆီက ဖက်ရှင်နဲ့ ပတ်သက်ပြီး အကြံဉာဏ်တွေ ရခဲ့ပါတယ်။ ကိန်းဝက်စ်က သူ့လိုမျိုး ကင်ကို ဖြစ်စေချင်တယ်လို့ သိရပါတယ်။ ကင်ကို သူ့လိုမျိုး ထက်ထက်မြက်မြက် ဖက်ရှင်အိုင်ကွန် ပုံစံမျိုး ဖြစ်စေချင်တယ်တဲ့။ ဟစ်ဟော့ပ်လိုင်းထဲမှာ နိုင်ငံရေး ဟစ်ဟော့ပ်ဂီတ လိုင်းခွဲ တစ်ခု ရှိပါတယ်။
အဲဒီထဲမှာမှ ဖီလ်ဒေးဗစ်လို့ ခေါ်တဲ့ (နာမည်ပြောင်-ပီ) နိုင်ငံရေး ဟစ်ဟော့ပ် ဂီတသမား တစ်ယောက်ရှိပါတယ်။ သူ့ရဲ့ The Ballot:Kill the Plutocracy အယ်လ်ဘမ်ဟာ လူကြိုက်များ ထင်ရှားခဲ့ပါတယ်။သူက ဟစ်ဟော့ပ် လူငယ်တွေ အတွက် အခုလို အကြံပြုထားပါတယ်။
“တက်တက်ကြွကြွ သင်ယူနိုင်သူ ဖြစ်ပါစေ၊ ကိုယ့်ရဲ့ ပညာရေးကို တန်ဖိုးထားပါ။ နိုင်ငံရေးအသိ အမြဲ တိုးတက်နေပါစေ၊ ဘယ်သူကမှ ကိုယ့်ကို ပြန်လှန်မေးခွန်းတွေ ထုတ်လို့မရတဲ့ အမေးတွေ၊ မှန်မမှန် စဉ်းစားချင့်ချိန် သုံးသပ်လို့ မရတဲ့ စကားတွေ ပြောတာ နားထောင်ဖို့ ခွင့်မပြုပါနဲ့” တဲ့။ သူ့ရဲ့ Crte Court Music အယ်လ်ဘမ်ဟာ ၂၉-၅-၂၀၁၂ မှာ ထွက်ရှိလိမ့်မယ်လို့ သိရပါတယ်။ ဒီတစ်ပတ်တော့ ဒီလောက်နဲ့ပဲ ယို့ယို့ လုပ်ရင်း ဘိုင့်ဘိုင် လုပ်ပါရစေလား . . .။
By 8 Days

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်