ပါဝင်ပစ္စည်း
ကြက်ရင်အုံသား - ၃၀ ကျပ်သား
ထောပတ် (သို့မဟုတ်) မာဂျရင်း - ၃၀ ကျပ်သား၊
သကြား - ၃၀ ကျပ်သား၊
ကြက်ဥ - ၁၅ လုံး၊
ဘေကင်ပေါင်ဒါ - တစ်မတ်သား၊
သစ်သီးသံပရာယို - အနည်းငယ်
စွန်ပလွံယို - အနည်းငယ်
ဒူးရင်းယို - အနည်းငယ်
ဖရုံယို - အနည်းငယ်
သစ်ကြံပိုး၊ ဇာတိပ္ဖုလ်ပွင့် - အနည်းငယ်
ကော်မှုန့် - အနည်းငယ်
ဟင်းခတ်မှုန့် - အနည်းငယ်
အရက် - အနည်းငယ်
နို့စစ်စစ် - ၃၀ ကျပ်သား
ဂျုံမှုန့် - ၄၀ ကျပ်သား
ပဲငံပြာရည် - အနည်းငယ်
ပြုလုပ်ပုံ အဆင့်ဆင့်
ထောပတ်၊ သကြားကို ပွအောင်ရိုက်ပါ။ ပထမဦးစွာ ထောပတ်ကို အိုးထဲ ထောပတ်ပျော့ လာသည်အထိ မွှေပါ။ ၎င်းသကြားကို ထည့်မွှေပါ။ ထောပတ်နှင့် သကြားဖြူးပြီး ပွလာ သည်အထိ မွှေပါ။ ကြက်ဥကို တစ်လုံးစီ ဖောက်ထည့်ပြီး မွှေပါ။ သမသွားလျှင် ထားပါ။
ဂျုံနှင့် ဘေကင်ပေါင်ဒါတို့ကို ရောပြီး ဆန်ခါချပါ။ သစ်သီးယိုများကို ပါးပါးလှီးဖြတ်၊ နုပ်နုပ်စဉ်းပါ။ ကြက်သားကို ရေစင်အောင်ဆေးပြီး နုပ်နုပ်စဉ်းပါ။ ၎င်းထဲကို ဟင်းခတ်မှုန့်၊ ကော်မှုန့်တစ်ဇွန်း၊ ကြက်သားမှုန့်တစ်ဇွန်း၊ ကြက်သားမှုန့်၊ ပဲငံပြာရည်တို့နှင့် အသားထဲ ဝင်အောင်နယ်ပြီး ရိုက်ပါ။ ထို့နောက် သစ်သီးယိုများထည့်ပါ။ အနံ့ကြိုက်ရင် သစ်ကြံပိုး၊ ဇာတိပ္ဖိုလ်တို့ကို ထည့်ပါ။ အားလုံး ရောနယ်ပါ။ ကြက်ဥကို လေးလုံးဖောက်ပြီး အသားနဲ့ ရောနယ်ပါ။ ပြီးရင် ဒယ်အိုးထဲ ဆီထည့်ပြီး ကျက်ရုံတည်ပါ။ ကျက်ရင်ချထား၊ နို့ကို ဂျုံရည် ခေါက်တည်ထဲမှာ ရောထည့်ပြီး ခေါက်ပါ။
ဆန်ခါချထားသော ဂျုံကို ထောပတ်အကျက်မွှေထဲကိုထည့်ပြီး မွှေပါ။ ပျော့ပျောင်းလာအာင် မွှေပါ။ ၎င်းကို စတီးဇလုံဝိုင်းဇောက်နိမ့်ထဲကို ထည့်ပါ။ အလယ်၌ အသားကိုထည့်ပါ။ အသားအပေါ်မှာလဲ ထပ်ပြီး လောင်းထည့်ပါ။ ဇလုံ ၁၀ ခုလောက် လုပ်နိုင်ပါသည်။ ၎င်းလုပ်ထားသည်များကို ကင်ဖို့ စက်ထဲမှာ မိနစ် ၅၀ ထားပြီး ကင်ပါ။ ဇလုံရဲ့ ဂျုံရည် အသားမထည့်မီ စက္ကူကို ထောပတ်စွပ်ပြီး ခင်းပါ။
၎င်းအပေါ်မှ အထက်ပါအတိုင်းထည့်ပါ။ မိနစ် ၅၀ အကြာလျှင် ကျက်မကျက် နှီးပြား သန့်သန့်နဲ့ ထိုးကြည့်။ နှီးပြာကို ဘာမှမကပ်ရင် ကျက်ပြီ။ ဟင်းခွက်အပေါ်မှာ နှီးပြားလေးနဲ့ လေးစိတ်ခွဲပေးပါ။ ကျက်ရင် ပန်းကန်ပြားကြီးကြီးထဲထည့်ပြီး အပေါ်မှ တရုတ်ဂေါ်ဖီကို ဆေးကြောပြီး ကြက်ဥကော်ဆော့စ်ထဲထည့်ပါ။ ၎င်း ကိုအပေါ်မှ လောင်းထည့်ပါ။ အောက်မှာ ဂေါ်ဖီရွက်ကိုခင်းပါ။
အပေါ်မှလောင်းပါ။ အလှဆင်အသီးအရွက်က ကြိုက်ရာကိုပြုလုပ်ပါ။ ဒီမှာတော့ ခရမ်းသီး၊ ဆလတ်ရွက်နဲ့ ဥနီနည်းနည်း အလှပြထားပါသည်။ ယခုအစားအစာကို ကြက်၊ ဝက်၊ အမဲ၊ ပုစွန်ကြိုက်နှစ်သက်ရာနဲ့ လုပ်၍ စားသုံးနိုင်ပါသည်။
Ref : The Flower News

0 comments:
Post a Comment