www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

ဝက်သားပန်းငရုတ်နှပ်

ပါဝင်ပစ္စည်း
ဝက်သားသုံးထပ်သား - ၂၀ ကျပ်သား
ပန်းငရုတ်ပွ - ၅ တောင့်
ပြုလုပ်ပုံအဆင့်ဆင့်
သုံးထပ်သားကို အရင်ဆုံး အသားကို အမြှောင်းလိုက် ရေဆေးသန့်စင်ပါမယ်။ ပြီးတော့မှ မထူမပါးအပြားလိုက်လေးတွေ ညီညီလှီးပါ။ လှီးပြီးတဲ့ အသားပြားလေး တွေကို ပဲငံပြာရည်အကြည်၊ ဆား၊ သကြားအနည်းငယ် ထည့်ပြီး အသားထဲစိမ့်ဝင်အောင်နယ်ပေးထားပါ။ ငရုတ်ပွကိုတော့ တစ်တောင့်ကို ရှစ်စိပ်လောက်စိပ်လိုက်ပါ။
ဆီသတ်ဖို့အတွက် ကြက်သွန်ဖြူကိုထောင်းတဲ့အခါမှာ ငရုတ်နီအပွတောင့်၊ ဒါမှမဟုတ် ငရုတ်သီးခွဲခြမ်းကို ထည့်ထောင်းလိုက်ပါ။ အရောင်ပိုလှဖို့နဲ့ အစပ်အရသာပိုကဲအောင် ငရုတ်သီးအရောင်တင်မှုန့်နဲ့ မသုံးဘဲ ငရုတ်ခွဲခြမ်းကို တစ်ခါတည်းထည့်ထောင်းတာ ဖြစ်ပါတယ်။ ဆီသတ်ပြီးရင်တော့အသင့်ပြင်ထားတဲ့ ဝက်သုံးထပ်သားကိုထည့်ပြီး ဝက်အဆီတွေ ကျုံ့သွားအောင် ဆီပူထဲမှာပဲရေမထည့်ဘဲ မွှေပေးရပါမယ်။ ၃ မိနစ်လောက် နေမှ ရေနည်းနည်းလေးထည့်ပြီး ခဏထပ်မွှေပေးပါ။
အဲဒီပထမရေခမ်းသွားမှ အသားတုံးတွေမြုပ်လောက်တဲ့အထိ ရေထည့်ပြီး နူးအိသွားအောင် တည်ရပါမယ်။ ဝက်သားနူးပြီး ဆီပြန်သွားမှ ပန်းငရုတ်ပွတွေ ထပ်ထည့် လိုက်ပါ။ ငရုတ်ပွအစိမ်းရောင်မပျောက်အောင် ရေနည်းနည်းလေးပဲပက်၊ ပက်ပေးပြီး မွှေပေးရပါမယ်။ ပန်းငရုတ်ပွလေးတွေနူးပြီဆိုရင်တော့ ဆီပြန်ရင် ချလို့ရပါပြီ။
Ref : 7 Day News

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်