www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Friday, May 17, 2013

ရယ်စရာဟာသတိုလေးများ

  

ကောင်လေး။     ။မောင်တို့ဟာလမ်းလေးသာ ခြားတယ်ဆိုပေမဲ့ မောင့်စိတ်ထဲမှာတော့
ကမ္ဘာခြားနေသလို  ခံစားရတယ်။စက္ကန့်နဲ့အမျှ မ ကို
           သတိရနေမိတယ် ။ မ ကိုတွေ့ရဖို့အတွက်ဆိုရင် ဓားတောင်ကို
             ကျော်ရ ကျော်ရ၊မီးပင်လယ်ကိုဖြတ်ရ ဖြတ်ရ၊သားရိုင်းတွေပေါတဲ့
  တောကိုပဲတိုးရ တိုးရ မောင်ဝန်မလေးပါဘူး မ ရယ်......
ကောင်မလေး။     ။မောင့်ကိုယုံပါတယ်။ လာမဲ့စနေနေ့ ညအိမ်ရှေ့ကိုလာခဲ့ပါလားမောင်။ 
   ကောင်လေး။    ။မိုးမရွာရင်မောင်လာခဲ့မယ် ..................  :)   




  • အရက်မူးနေသည့် ယောင်္ကျားက အိပ်နေသည့် မိန်းမကို နှိုးးလိုက်သည်။

  • ယောကျာ်း။ “ မိန်းမ ထစမ်းပါအုံး။ ငါတို့အိမ်မှာ သရဲရှိတယ်ကွ။ ”
    မိန်းမ။ “ဟုတ်လို့လား။ ရှင်ဘယ်လို သိလဲ။ ”
    ယောင်္ကျား။“ဟုတ်တယ်ကွ။ ငါအခုနက အိမ်သာသွားတာ တံခါးဖွင့်ရုံပဲရှိသေးတယ် အိမ်သာတံခါးမီးက သူ့အလိုလို လင်းလာတယ်...။ ပြီးတော့ အထဲကနေလေအေးတွေ ငါ့ကိုယ်ကို ဖြတ်တိုက်သွားတယ်။

    မိန်းမ။ ဟုတ်လို့လား။ ဘယ်မှာလဲ ကျုပ်ကို လိုက်ပြအုံး။

  • ယောကျာ်းဖြစ်သူလိုက်ပြသည်ကို တွေ့သည့်အခါ မိန်းမက ပြောလိုက်သည်မှာ
    “ဟင်..အဲ့ဒါ အိမ်သာမဟုတ်ဘူးရှင့်။ ရေခဲသေတ္တာ...။”



  • လေလံပွဲတစ်ပွဲတွင် လူတစ်ယောက်က ကြက်တူရွေး တစ်ကောင်ကို လေလံဆွဲသည်။
    “၃၀၀”
    “၃၅၀ ” ဟု ဈေးပြိုင်ပေးသော အသံကို ကြားလိုက်ရသဖြင့် ထိုလူမှ ဈေးထက်တိုးပေးသည်။
  • “၄၀၀”

  • “၅၀၀” ဟု တဘက်မှ ထပ်တိုးပေးပြန်သည်။
    “၆၀၀”
  • “၇၀၀”
  • အပြိုင်အဆိုင် ဈေးပြိုင်ပေးရင်းဖြင့် နောက်ဆုံး ကြက်တူရွေးကို ၉၀၀၀ ဖြင့် ထိုလူရရှိသွားသည်။
  • “ဒါထက်.. ဒီကြက်တူရွေးက စကားရော ပြောတတ်ရဲ့လား။”
  • “ပြောတတ်ပါတယ်ဗျ။ ခုနကတောင် ခင်ဗျားနဲ့ ဈေးအပြိုင်ပေးနေသေးတယ်လေ”


  • (၁)နားမလည်သေးပဲကိုး
 ဆရာမ။ ။ မောင်ဖြူ မင်းကို ဆရာမ ၉၀ ပေးမယ်။ နောက်၁၀ကို ကျော်ကျော့် ဆီက ချေးလိုက်။ ဒါဆို မင်းမှာ ဘယ်လောက်ဖြစ်သွားပြီလဲ။
မောင်ဖြူ။ ။ ၉၀ပဲ ဆရာမ။
ဆရာမ။ ။ မင်းသင်္ချာ အကြောင်း ကောင်းကောင်းနားမလည်သေးပဲကိုး။
မောင်ဖြူ။ ။ ဆရာမလဲ ကျော်ကျော်အကြောင်း ကောင်းကောင်း နားမလည်သေးပဲကိုး။


  • (၂ ) ငါးနဲ့ကြက်သား
 သားအဖ နှစ်ယောက် ထမင်းစားခန်းတွင် ထမင်းစားနေသည်။
သား။ ။ ဖေဖေက ရေကူးသိပ်တော်တာပဲ။ ဘယ်လိုတတ်တာလဲ။
အဖေ။ ။ အဖေက ငါးများများ စားလို့ပေါ့ သားရဲ့။ သားလည်း ငါးများများစား။
သား။ ။ ဒါဆို ဖေဖေ ကြက်သားစားတယ်လေ။ ကြက်ဥ မဥဘူးလားဟင်။

  •  (၃) လက်ဆင့်ကမ်း
 အတွင်းရေးမှူးကောင်မလေး။ ။ သူဌေးကတော်က သူဌေးကို မအားလဲနေပါတဲ့ ဖုန်းထဲက နမ်းမလို့တဲ့။
သူဌေး။ ။ အေး ..အေး..ငါ့မိန်းမ အနမ်း မင်းပဲ ခဏ လက်ခံထားလိုက်ပါ။ ပြီးမှ ငါ့ကို ပြန်ပေး။

  • (၄) ဒါအချစ်လားကွယ်
 ကောင်လေးက သူချစ်ရတဲ့ ကောင်မလေး ဆီက အဖြေတောင်းဖို့ ရှုခင်းကောင်းလှတဲ့ တောင်ပေါ်ကို ခေါ်လာတယ်။ တောင်ပေါ်ရှုခင်းတွေ ကြည့်ရင်း
ကောင်လေး ။ ။ ချမ်းနေလား ။
ကောင်လေးရဲ့ အမေးကို ကောင်မလေးက မခို့တရို့ ပြန်ဖြေတယ်။
ကောင်မလေး။ ။ ဟင့်အင်း မချမ်းပါဘူး။
ကောင်လေး။ ။ ဟင် မချမ်းဘူးလား။ ဒါဆို မင်းအနွေးထည် ကိုယ့်ကို ခဏပေး ။ ကိုယ်အရမ်းချမ်းနေလို့ပါ။

  •  (၅) ဆင်ခြေ
 အဝတ်လျှော်ဖို့ လုပ်နေတဲ့ အမေက အမြဲတမ်း ဆင်ခြေ ပေးတက်တဲ့ သားကို ဒေါသ တကြီးနဲ့ လှမ်းပြောတယ်။
အမေ။ ။ ရှောင်မင် ဘောင်ဘီ အိပ်ထဲက ပိုက်ဆံတွေကို ထုတ်ပါလို့ပြောတာ ဘယ်နှခါ ရှိပြီလဲ ။
အမြဲတမ်း ဘောင်ဘီအိပ်ထဲက ပိုက်ဆံတွေ ထွက်ထွက်လာတယ်။
ရှောင်မင် ။ ။ အာ....အမေကလည်း အဲတာ အမေ့ကို အဝတ်လျှော်ခ ပေးတာ ။

  •  (၆)သွားပြီးလို့
 အဖေ။ ။ အဖေနဲ့ အမေကို မင်းဘယ်သူ့ပိုချစ်လဲ။
သား။ ။ နှစ်ယောက်လုံး ချစ်တယ်။
သားရဲ့အဖြေကို အဖေက မကျေမနပ် ဖြစ်ကာ
အဖေ။ ။ ကဲ ဒါဆိုကွာ အဖေက ဒစ်စနီ လိုက်ပို့မယ်။ မင်းမေမေက ပြင်သစ်ကို ရှော့ပင်းထွက်မယ်တဲ့။ သားဘယ်သူနဲ့လိုက်မလဲ။
သား။ ။ အမေနဲ့လိုက်မယ် ။ ပြင်သစ်က ပိုလှလို့။
အဖေ။ ။ ဒါဆို အဖေ ပြင်သစ် သွားမယ်ကွာ။ မင်းမေမေက ဒစ်စနီ သွားမယ်တဲ့။
သား။ ။ အမေနဲ့ပဲ လိုက်မယ်။ ပြင်သစ်က ခုဏက သွားပြီးပြီ။

  • (၇)တော်တော်ငိုခဲ့တာပေါ့
 အငိုသန်တဲ့ မြေးမလေးကို အဖွားက စိတ်မရှည်တော့ဘူး။
“မြေးလေးရယ် မငိုနဲ့တိတ်တိတ်။ မိန်းကလေးဆိုတာ မငိုရဘူး။ ငိုလွန်းရင် ရုပ်ဆိုးတတ်တယ်ကွဲ့။”
မြေးမလေးက အငိုတိတ်သွားပြီး သူမအဖွားရဲ့ မျက်နှာကို သေသေချာချာ စိုက်ကြည့်ကာ ပြောလိုက်တယ်။
“ အဖွား ငယ်ငယ်ကတည်း ခုချိန်ထိ တော်တော်ငိုခဲ့တာပေါ့နော်။”

  •  (၈)ဆေးရုံသွားတဲ့လမ်း
 မေး ။ ။ ဆေးရုံကို ဘယ်လို သွားရလဲ ခင်ဗျ ။
ဖြေ ။ ။ ခုမြင်နေရတဲ့ လမ်းအတိုင်းသွားပါ။ လမ်းမ အလယ်ရောက်ရင် ရပ်လိုက်။ နောက် ၁၀မိနစ်လောက် နေရင် ဆေးရုံရောက်ပြီ ခင်ဗျ ။



တခါက လူနှစ်ယောက်ဟာတောထဲမှာမျက်စိလည်လမ်းမှားပြီးလမ်းပျောက်နေပါတယ်။ဒါကို သစ်ခုတ်သမားတစ်ယောက်ကကယ်ပြီး အိမ်ကိုခေါ်လာတယ်။ညရောက်တော့ အဲ့ဒီလူနှစ်ယောက် က သစ်ခုတ်သမားရဲ့သမီးကို-------တယ်။ဒါနဲ့ သစ်ခုတ်သမားလည်းအလွန်စိတ်ဆိုးပြီးသတ်မယ်လုပ်ပါရော။အဲ့ဒီလူနှစ်ယောက်လည်း သစ်ခုတ်သမားကိုမသတ်ဖို့ဒူးထောက်တောင်းပန်တာပေါ့။ဒါနဲ့ သစ်ခုတ်သမားလည်းအခွင့်အရေးပေးတဲ့အနေနဲ့ သူတို့နှစ်ယောက်ကို ခြံထဲမှာရှိတဲ့ သစ်သီး၁၀လုံးစီ ခူးခဲ့ပါလို့ပြောလိုက်တယ်။မကြာခင်မှာ ပထမလူက မက်မန်းသီး၁၀လုံးကိုယူပြီးပြန်လာပါတယ်၊သစ်ခုတ်သမားက အဲ့ဒီမက်မန်းသီးကို မင်းရဲ့ ဖင်ပေါက်ထဲကိုထည့်ရမယ်၊တကယ်လို့ ၁၀လုံးလုံးထဲ့ပြီးတာတောင်တစ်ချက်မျှမရယ်ရင် အသက်ချမ်းသာခွင့်ပေးမယ်တဲ့၊ဒါနဲ့ ပထမလူလည်းထဲ့နေတာ ၉လုံးမြောက်လည်းရောက်ရော အားပါးတရရယ်လိုက်လို့ သတ်ခံလိုက်ရပါတယ်။ယမမင်းဆီကိုရောက်တော့ ယမမင်းက "မင်းကွာ ၊နောက်နှစ်လုံးသည်းခံလိုက်ရင် မင်းသေစရာမလိုတော့ဘူး၊ဘာကြောင့်ရယ်ရတာလဲ"လို့မေးတော့ ပထမလူက အရယ်ကိုမရပ်နိုင်သေးဘဲ "ယမမင်းကြီး ၊ကျတော်မျိုး မရယ်ဘဲနဲ့၁၀လုံးလုံးထဲ့နိုင်ပါတယ်၊ဒါပေမယ့် ၉လုံးမြောက်မှာ ကျနော့သူငယ်ချင်းက ဒူးရင်းသီး၁၀လုံးကို သယ်လာတာတွေ့လိုက်ရလို့ ပါ။"တဲ့




0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်