www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Friday, May 17, 2013

အမျိုးသားများနှင့် အရေပြား အလှအပ

အမျိုးသား တွေဟာ အရေပြား အလှ အပ အတွက် ဂရုပြု စောင့်ရှောက် ခြင်း Skin Care ပြုလုပ် လေ့ရှိပါ တယ်။ ဒါပေမယ့် အမျိုး သမီးများ ပြုလုပ် လေ့ရှိတဲ့ Skin Care နဲ့တော့ အသေးစိတ်တူညီမှာ မဟုတ်ပါဘူး။ ကြည့်ကောင်းအောင်၊သေသပ်အောင်၊ အမြင်မတင့်တယ်တာတွေ ရှင်းလင်း သွားအောင် လုပ်ဆောင်ရုံသာ ဖြစ်ပြီး အမျိုးသမီးများ ပြုလုပ်တဲ့ Skin Care ကတော့ ပိုမိုအနုစိတ်ပါတယ်။ အမျိုး သားများကြုံတွေ့ရလေ့ရှိတဲ့ အရေ ပြားဆိုင်ရာ ပြုစုစောင့်ရှောက်မှုများ ကတော့ -
၁။ ဆံပင်ကျွတ်ခြင်းကို ကုသခြင်း
ဆံပင်ကျွတ်ခြင်း၊ ထိပ်ပြောင်ခြင်း ဟာ အမျိုးသားများ မျိုးရိုးလိုက်လေ့ ရှိပြီး အသက် ၃၀ ကျော်နောက်ပိုင်း မှသာ အဖြစ်များပေမယ့် အချို့ အမျိုးသားများကတော့ ဆယ်ကျော် သက်အရွယ်ကတည်းက ဖြစ်ပွား ပါတယ်။ - လိမ်းဆေးနဲ့ သောက်ဆေး အချို့ ဟာ ဆံပင်မြစ်ရင်းအိတ်ကလေးတွေ ထဲမှာ တက်စတိုစတီရုန်းဟော်မုန်း များပြားခြင်းကို တားဆီးနိုင်ပါတယ်။ (တက်စတိုစတီရုန်းဟော်မုန်းကြောင့် ထိပ်ပြောင်ခြင်း၊ ဆံပင်ကျွတ်ခြင်း ဖြစ်ပေါ်ပါတယ်)။ - ဆံပင်ရှိတဲ့ အစိတ်အပိုင်းမှ ဆံပင် များကို ပြောင်နေတဲ့နေရာမှာ စိုက်တဲ့ နည်း Hair Transplantation ကို အသုံးပြုနိုင်ပါတယ်။
၂။ အမွေးအမှင် ဖယ်ရှားခြင်း
အမျိုးသားများရဲ့ ၇၈ ရာခိုင်နှုန်း ခန့်ဟာ အမွေးရိတ်တဲ့အခါ Irritation ရပါတယ်။ မှန်ကန်တဲ့ နည်းစနစ်ကို သုံးပြီး ရိတ်ပါ။
၃။ ဆေးမင်ကြောင် Tattoo ဖယ်ရှားခြင်း
ဆေးမင်ကြောင် ပြန်ဖျက်တဲ့အခါ လေဆာဖြင့် ဖယ်ရှားတဲ့နည်းက ထိခိုက်မှု အနည်းဆုံးဖြစ်ပါတယ်။
၎။ ခြေထောက်၊ လက်သည်းများ မှိုစွဲခြင်း
Tinea Fungus ဆိုတဲ့ မှိုစွဲခြင်း ကြောင့် ခြေထောက်များ ပုပ်စော်နံ ခြင်း၊ လက်သည်းမှိုစွဲခြင်း (Athlete's Foot, Nail Fungus, Jock Itch) စတဲ့ ရောဂါတွေဖြစ်ပွားနိုင်ပါတယ်။ မှိုစွဲခြင်းဟာ ခန္ဓာကိုယ်ရဲ့ တစ်နေရာ မှ တစ်နေရာသို့ ပျံ့နှံ့နိုင်ပါတယ်။ မှိုစွဲတဲ့ ဧရိယာကို သန့်ရှင်းခြောက် သွေ့အောင်ထားပါ။ အများသုံးရေချိုး ခန်းတွေမှာချိုးရင် မှိုပိုး မကူးစက် စေရန် Shower Sandals များ သုံးပါ။
၅။ နေလောင်ခံ Sunscreen များ အသုံးပြုပါ
လတ်တလော စားသုံးသူ လေ့လာမှုအရ အမျိုးသားတွေရဲ့ ၆၅ ရာခိုင်နှုန်းဟာ ခရီးသွားရင် Sunscreen လိမ်းကြကြောင်း သိရပါ တယ်။ ဒါပေမယ့် နေ့စဉ် မှန်မှန် သုံးတဲ့ အမျိုးသားကတော့ ၅ ရာခိုင် နှုန်းသာရှိပါတယ်။ တကယ်တော့ Sunscreen ပုံမှန်သုံးရင် အိုမင်းရင့် ရော်ခြင်းကို ကာကွယ်နိုင်ပါတယ်။
၆။ အရေပြားဆရာဝန် နှင့် တွေ့ဆုံပါ
အရေပြားပြဿနာအတွက် ဖြစ်စေ၊ အရေပြားသန့်ရှင်းလှပမှု အတွက်ဖြစ်စေ အမျိုးသားတစ်ဦးဟာ အရေပြားအထူးကုဆရာဝန်နှင့် တွေ့ဆုံဆွေးနွေးပြီး အကြံဥာဏ်ရယူဖို့ မနှောင့်နှေးသင့်ပါဘူး။ မိမိရဲ့ အရေ ပြားကို ဂရုမစိုက်တတ်တဲ့ အမျိုးသား များအနေနဲ့တော့ အရေပြားပြဿနာ တစ်ခုကြုံလာရင်ပစ်မထားဘဲအရေပြား အထူးကုဆရာဝန်နှင့် တွေ့ဆုံဖို့ စဉ်းစားရန် အကြံပြုလိုပါတယ်။

By Health Digest

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်