www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

2GB (sd card or usb stick) ကို 4 GB သို့ တိုးနည်း

အရင်ဆုံး အောက်ဆုံးက " ဒေါင်းရန် " လို့ ရေးထားတဲ့နေရာက software လေးကို ဒေါင်းပြီး zip ဖိုင်ကို ဖြေ...
1.(memory card or usb stick) ကို ကွန်ပျူတာမှာ ထိုး
2. (memory card or usb stick) ထဲမှာ ဒေတာတွေ ရှိနေခဲ့တယ်ဆိုရင် ဒေတာတွေကို ကွန်ပျူတာပေါ်မှာ backup လုပ်ထား....(မရှိလျှင်မလို)
3. (memory card or usb stick) ကို format ရိုက်...
4. (memory card or usb stick) drive ကို နာမည်ပေး...(ဥပမာ...lucky ဆို lucky ...aungaung ဆို aungaung {မှတ်ချက်...နာမည်ကိုspace bar မခြားရ..."aung aung"})
5. zip ဖြေထားတဲ့ ဖိုဒါထဲက drive increaser လို့ ရေးထားတဲ့ ဖိုင်ကို run
6. program စ run ပြီဆိုရင် "type what you want to call the USB stick." လို့ ရေးထားတဲ့အောက်က နေရာလေးမှာ
မိမိပေးထားတဲ့ drive နာမည်ကို ရေး (lucky ဆို lucky ..aungaung ဆို aungaung) ပြီးရင် "enter" ခေါက်...
7. "type the drive letter" ဆိုပြီး တက်လာပြီဆိုရင် မိမိ drive letter ကို ရေး ..."enter" ခေါက်(မိမိ drive letter က G ဆို G ..D ဆို D ..E ဆို E)
{drive letter ကြည့်နည်းက my computer ကို ၀င်ပြီး မိမိထိုးထားတဲ့ stick က lucky (G:) ဆိုရင် driver letter G..aungaung (D:) ဆိုရင် driver letter D}
8. "type drive letter (again!) to start." ဆိုပြီး ထပ်တက်လာပြီဆိုရင် ...စောစောက ပေးခဲ့တဲ့ driver letter ကိုပဲ ပြန်ထည့်...."enter" ခေါက်(စောစောက driver letter D ပေးခဲ့ရင် D ...G ပေးခဲ့ရင် G)
9. program run လိမ့်မယ်...run လို့ ပြီးပြီဆိုရင်...
"Done! press any key to exit" ...ဆိုပြီး တက်လာလိမ့်မယ်...
10. keyboard က key တစ်ခုခုသာ ရိုက်ထည့်လိုက်..."enter" ရိုက်လည်း ရတယ်...
အခုဆိုရင် သူငယ်ချင်းတို့ရဲ့ 2GB(memory card or usb stick) ဟာ 3.99GB ထိ တိုးသွားတာ တွေ့ရမှာပါ...
ဒါတွေ အားလုံး လုပ်လို့ပြီးသွားပြီဆိုရင်တော့...စောစောက stick format မရိုက်ခင် ကွန်ပျူတာမှ backup လုပ်ထားတဲ့ ဒေတာတွေကို ပြန်ထည့်လိုက်ပေါ့....backup မလုပ်ထားရင်တော့ မလိုပါဘူး...
(မှတ်ချက်။  ။8GB ကို သွားလုပ်မိမယ်ဆိုရင်....8GB ကလည်း 4 GB ဖြစ်သွားမှာပါ...ဒါပေ့မယ်...ပြသနာ မရှိပါဘူး...အဲလိုဖြစ်သွားခဲ့ရင် stick ကို format သာရိုက်လိုက်ပါ...နဂို 8GB ပြန်ဖြစ်သွားမှာပါ..)
အားလုံး အဆင်ပြေကြပါစေဗျာ...

ဒေါင်းရန်

by lucky

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်