ပါဝင်ပစ္စည်းများ
ကြက်အူကိုင်ပြီးသား - ၅၀ ကျပ်သား
ပြုလုပ်ပုံအဆင့်ဆင့်
ကြက်အူကို ချက်ပြုတ်ဖို့အတွက် အရေးကြီးဆုံးက အူကို ဆားနဲ့ သေသေချာချာ ပွတ်သပ်ဆေးကြောဖို့ပါပဲ။ ပြီးရင် ရေနဲ့ အထပ်ထပ်ပွတ်သပ် ဆေးကြော ပေးပါ။ ရေဆေးပြီးလို့ စိတ်တိုင်းကျပြီဆိုရင် အဆင်သင့်ထောင်းထားတဲ့ ကြက်သွန်ဖြူနဲ့ ချင်းကို သန့်စင်ထားတဲ့ အူပေါ်အရည်ညှစ်ချ ပေးရပါမယ်။
နနွင်းမှုန့်အနည်းငယ်၊ ဆားနဲ့ဟင်းခတ်မှုန့်တို့ကို ထည့်ပြီး ခုနက ဆမ်းထားတဲ့ ချင်းရေပါ နှံ့သွားအောင် နယ်ပေးပါ။ အားလုံးနယ်လို့ နှံ့သွားပြီဆိုရင်တော့ ကြက်အူလေးတွေကို လက်နှစ်ချောင်းမှာ ရစ်ပတ်ပြီး တစ်ပတ်ရစ် အထုံးလေးတွေ ထုံးပေးပါ။ အရှည်အတိုပေါ် မူတည်ပြီး အူတစ်ချောင်းကနေ နှစ်ချောင်းအထိ အနေတော်အထုံးလေးရအောင် ထုံးနိုင်ပါတယ်။
အရသာနယ်ထားပြီးဖြစ်တဲ့ ကြက်အူအထုံးလေးတွေရပြီဆိုရင် ကြက်သွန်ဆီသပ်ဖို့ ပထမဆုံး ချင်းနဲ့ ကြက်သွန်ဖြူထောင်း အနည်းငယ်ကို ဆီပူထဲကို နနွင်းမှုန့်အနည်းငယ်နဲ့ အတူ အရင်ထည့်ပြီးမှ ကြက်သွန်နီထောင်းနဲ့ ငရုတ်သီးမှုန့်ကို ထည့်ပါ့မယ်။ ဆီသပ်တာ အနေတော်ရပြီဆိုမှ ဟင်းမွှေးမဆလာကို အနေတော်ထည့်ပြီး မွှေပေးပါ။
နောက်ဆုံးမှာတော့ ခုနကြက်အူထုံးလေးတွေကို ထည့်လိုက်လို့ ရပါပြီ။ ဆီပူပူထဲမှာ ကြက်အူကို ထည့်ပြီး အူအထုံးလေးတွေ မာလာတဲ့အထိ မွှေပေးရပါမယ်။ ကြက်အူလေးတွေ မာပြီး ကြက်သွန်ဆီသပ်နဲ့ သမသွားပြီဆိုမှ ရေထည့်ပါမယ်။ ရေကို အထုံးလေးတွေ မြုပ်ရုံအနည်းငယ်ပဲထည့်ကာ ရေခန်းသွားရင် နောက်တစ်ရေထပ်ထည့် ပြီးမှ ဆီပြန်အောင် စောင့်ပြီး ချလို့ရပါပြီ။
ကြက်အူက ချက်လိုက်ရင် ကျုံ့သွားတာကြောင့် မိသားစုများမယ်ဆိုရင်တော့ ကြက်အူကို ၅၀ ကျပ်သားထက်ပိုချက်ဖို့ အကြံပြုပါရစေ။
Ref : 7 Day News

0 comments:
Post a Comment