ပါဝင်ပစ္စည်းများ
ဝက်သား၊
ရှမ်းတိုဟူး၊
ကြက်သွန်ဖြူ/နီ၊
ချင်း၊
ခရမ်းချဉ်သီး
ပြုလုပ်ပုံအဆင့်ဆင့်
သန့်စင်ထားတဲ့ ဝက်သားကို အနေတော် အတုံးလေးတွေတုံးပြီး အချို အငန်နယ်ထားပါ။ ခရမ်းချဉ်သီးကို ပါးပါးလှီးပါ။ ကြက်သွန်ဖြူကို ချင်းနဲ့ရောထောင်းပြီး ဆီပူပူမှာ ဆီသတ်ပါ။ ပြီးရင် ပါးပါးလှီးထားတဲ့ ခရမ်းချဉ်သီးကိုထည့်၊ ခရမ်းချဉ်သီးနူးပြီး ကြေသွားရင် ဝက်သား ထည့်ပါ။
ရေအနည်းငယ်ထည့်ပြီး အဖုံးအုပ် ထားပါ။ ရှမ်းတိုဟူးကို အရွယ်တော်လေးတွေ တုံးပြီး အရမ်းမကြွပ်အောင်ကြော်ပါ။ ဝက်သားကျက်လို့ အချိုအငန် အနေတော်ဖြစ်ပြီဆိုရင် တိုဟူးကို ထည့်ပါ။
တိုဟူးနဲ့ ဝက်သား အရသာရောပြီး အရသာပိုရှိသွားအောင် မွှေပြီး ခဏထားလိုက်ပါ။ အရသာ စိတ်ကြိုက် ဖြစ်ပြီဆိုရင် ဟင်းအိုးကို ချလို့ရပါပြီ။
Ref: The Myanmar Times

0 comments:
Post a Comment