ပါဝင်ပစ္စည်းများ
ဆိတ်သား - ၂၅ ကျပ်သား၊
ကြက်သွန်နီ - ၂ လုံး
ဆီ - ၁၀ ကျပ်သား
ချင်း - ၂ ကျပ်သား
ပဲမှုန့် - စားပွဲဇွန်း ၂ ဇွန်း
ငံပြာရည် - စားပွဲဇွန်း ၂ ဇွန်း
ဆား - အနည်းငယ်
ပြုလုပ်ပုံအဆင့်ဆင့်
ဆိတ်သားကို သန့်ရှင်းပြီးနောက် ရေဆေးကာ သေးသေးမျှင်မျှင်လှီးပြီး ဆားနှင့်နယ်ပါ။ နယ်သားကျလျှင် ဆီနှင့်ကြော်ပါ။ ကြက်သွန်နီကိုပါးပါးလှီးပါ။ ချင်းနှင့် ဆီသတ်ပြီး နောက်ထည့်ပါ။ အနည်းငယ်မွှေပြီးသောအခါ ဆိတ်သားကြော်ကို ထည့်၍ လုံးပါ။ ဖုံးအုပ်ထားပါ။ ဆိတ်သားမှ ထွက်သော အရည်နှင့် မနူးနပ်သေးမပြည့်သေးလျှင် ရေနွေး သင့်ရုံထည့်ပါ။ နူးနပ်ချိန်တွင် ကော်ရည်ချက်၍ လောင်းပြီး စားနိုင်ပါပြီ။
Ref : The Flower News

0 comments:
Post a Comment