www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Friday, May 17, 2013

ဟာသပဒေသာ (အရယ်သန်သူများမဖတ်ရ)1

ဆေးခြောက်.....

တစ်နေ့တွင် မောင်ညိုသည် ရဲစခန်းသို့ ဖုန်းဆက်လိုက်သည်။

"ဟဲလို ရဲစခန်းက ပါလားခင်ဗျာ .. ကျွန်တော့်အိမ်နီးချင်း အကြောင်းကို
တိုင်ချင်လို့ပါ .. သူ့အိမ်ရဲ့ ထင်းစင်ထဲမှာ ဆေးခြောက်တွေ ဖွက်ထားတယ်
ခင်ဗျ"

"အခုလို သတင်းပေးတာ ကျေးဇူး အများကြီးတင်ပါတယ်" ရဲစခန်းမှ ပြန်ပြောသည်။

နောက်နေ့တွင် မောင်ညို၏ ဘေးအိမ်သို့ ရဲများ ရောက်လာသည်။ ရဲများက
ထင်းစင်ရှိရာသို့ သွားကာ ထင်းစများကို တစ်စချင်းကို ပေါက်ဆိန်ဖြင့် ခွဲကာ
ရှာဖွေ ကြတော့သည်။ သို့သော် ဆေးခြောက်များကို မတွေ့ချေ။

ရဲများ ပြန်သွားပြီးနောက် မောင်ညိုသည် သူ၏ အိမ်နီးချင်း မောင်စိမ်း
ဆီသို့ ဖုန်းဆက်လိုက်သည်။

"ဟေ့ကောင် ခုနက ရဲတွေ လာပြီး ထင်းတွေ ခွဲသွားလား"

"အေး ခွဲသွားတယ်ကွ"

"အေး .. ကောင်းတယ် .. အဲ့ဒါဆိုရင် မင်းအလှည့် .. ရဲတွေ ဆီကို
ဖုန်းခေါ်လိုက်.. ငါ့အိမ်က ဥယျာဉ် မြေဆွဖို့ လိုနေတယ်"...တဲ့။.....ဟိဟိ...

ရီမောပျော်ရွှင်ပါစေ..ကိုလုံ...
စာလုံးပေါင်း

တစ်ခါက လူတယောက်သည် သေဆုံးပီးနောက် သူ၏၀ိညာဉ်သည် နတ်ပြည်သို့ရောက်သွား၏။ထို့နောက် တံခါးဝတွင်သိကြားမင်း နှင့်တွေ့ဆုံလေသည်။

်သိကြားမင်း မှ"ကျုပ် သင့်ဘ၀မှတ်တမ်းစာအုပ်ကိုကြည့်ပီးပါပီ..အခုနတ်ပြည်မှကြိုဆိုပါတယ်...ဒါပေမဲ့မ၀င်ခင်တခုမေးမယ်...

အချစ်(love)ကိုစာလုံးပေါင်းပြရမယ်"

သို့နှင့် ထိုသူလည်း စာလုံးပေါင်းပြနိုင်သဖြင့် ၀င်ခွင့်ရရှိသွားသည်။ သို့သော် နတ်ပြည်တွင်းသို့ သူဝင်ခါနီးတွင်သိကြားမင်း မှ

အရေးပေါ် နတ်အစည်းအဝေးရှိသဖြင့် သူ့အားဂိတ်ပေါက်ကိုခဏစောင့်ခိုင်းပီး လာသမျှလူကို ....

"အချစ်" စာလုံးကိုပေါင်းခိုင်းရန်၊ မပေါင်းနိုင်ပါက၀င်ခွင့်မပေးရန်မှာကြားပီး ထွက်သွားလေသည်။

သိကြားမင်း ထွက်သွားပီး မကြာမီ ထိုသူ၏ဇနီးသည်နတ်ပြည်ဝင်ပေါက်ဝ.သို့ရောက်လာသည်။ သူမဘာလာလုပ်လဲဆိုတာကို အံသြနေ၏။

"မင်းဘယ်လိုဖြစ်ပီးရောက်လာတာလဲ"

"ကျမအခုပဲ ကားတိုက်ပီးရောက်လာတာ...ရှင်ရောဘာလုပ်နေတာလဲ"

" သိကြားမင်းကငါ့ကိုခိုင်းထားလို့...ဒီကိုရောက်လာတဲ့သူတွေကို စာလုံးပေါင်းမှန်မှပေးဝင်ရမယ်တဲ့..မင်းဝင်ချင်ရင်စာလုံးပေါင်းပြရမယ်.."

"ဘာစာလုံးလဲ..??"

ထိုအခါ ဂိတ်ဆောင့် တာဝန်ကျ ဖြစ်တဲ့... သူမယောက်ကျားပြောလိုက်တာက.......

"ချက်ကိုဆိုလိုဗားကီးယား(Czechoslovakia)"....................တဲ့

တိန်........

ကျောင်း(သို့)ကြောင်း
တခါက ဘုန်းကြီးကျောင်း တစ်ကျောင်း ရှေ့တွင် ကျောင်းသားလေး နှစ်ယောက် စကားများငြင်းခုန် နေကြလေသည်…ကျောင်းတိုက်ကိုစာလုံးပေါင်း မှားကာ ကျောင်းကို ကြောင်း ဟု ရေးထားသည် ကို ငြင်းနေကြခြင်းပင်
ပထမကျောင်းသား-ကျောင်းက ယပင့်နဲ့ ကျောင်းတာ ကွ ယရစ်နဲ့ဟုတ်ဖူး…
ဒုတိယကျောင်းသား-မဟုတ်ဖူး ယရစ်နဲ့ ကွ
အတန်ငယ်ငြင်းနေကြလေရာ… ကပ္ပိယ ကထွက်လာ၍ ဟေ့ ယပင့်နဲ့ ကျောင်း ကျောင်း ယရစ်နဲ့ ကျောင်း ကျောင်း ဘယ်သူမှ အိမ်လို့ အဖတ်ဘူးဟေ့ ဟု အော်၍ပြောလိုက်တော့ မှ ပြန်ထွက်သွား ကြလေတော့ သည်

အကန်း
ယောက်ျား ။ မင်း ဟိုမျက်ကန်း ဟန်ဆောင်ထားတဲ့ သူတောင်းစားကို ဘာဖြစ်လို့
ပိုက်ဆံ အများကြီးထည့်ခဲ့တာလဲကွ.......

မိန်းမ ။ ရှင် သူပြောတာမကြားဘူးလား?

ယောက်ျား ။ သူဘာပြောတာလဲ ပြောစမ်းပါအုံး.......

မိန်းမ ။ သူက ကျွန်မကို လှတယ် နုလိုက်တာ ခန္တာကိုယ်လည်းကြည့်ကောင်းတယ်..
အသားလေးကဝင်းဝါပြီး အပျိုလေးအတိုင်းပဲတဲ့......

ယောက်ျား ။ အေး သေချာပြီ ဒီသူတောင်းစား တကယ် ကန်းနေတာကွ.......

မျှော်ရှာသူ......

အရက်ဆိုင်တဆိုင်တွင်း သို့ လူတစ်ယောက်သည် အ၇က်သောက်ရန် ၀င်လေ၏။

ထိုအခါ သူငယ်ချင်းဖြစ်သူအား အရက်ခွက်ကို ရှေ့မှာ ချ ၍ ငိုင်တိုင်တိုင်နဲ့ ထိုင်နေသည်ကို အံအားသင့်စွာတွေ့ရလေ၏။

သို့ဖြင့် နုတ်ဆက်မေးရင်း.....

" ဟေ့ ကောင်ကြီး ငိုင်လှချည်လားဟ။ ဘာဖြစ်လို့လဲ ကွ။......." ဟုဆိုလိုက်၏။

သူငယ်ချင်း။ ။ဇူလိုင်လက ငါ့အမေသေတယ်ကွာ။ ငါ့အတွက် ငွေ သိန်း၂၀ ပေးရစ်ခဲ့တယ်ကွ။ နောက်တော့ သြဂုတ်လမှာ အဖေ ဆုံးပြန်ရော။

သူလဲ ငါ့အတွက် ငွေ သိန်း ၂၀ ချန်ထားခဲ့တယ်။

ထိုအခါ ..."..ဟာ......ဒါဆိုရင်။မင်းမိဘ နှစ်ဦး လုံး ရှေ့ဆင့် နောက် ဆင့် ဆုံးကြတာ ပေါ့။ကြားရတာ စိတ်မကောင်းစရာပဲကွာ " ဟု.....

နုတ်ဆက်မေးမြန်းသူက ပြောလေသည်။

ထိုအခါ....သူငယ်ချင်းမှ....

သူငယ်ချင်း။ ။ဒါကဘာဟုတ်သေးလည်း ။ကျန်ခဲ့တဲ့ လ ကလည်း ငါ့ အဒေါ်တစ်ယောက် သေသွားတယ်လေ။သူကလည်း ငါ့ကို ၁၀သိန်းပေးခဲ့ပါတယ်။

မေးမြန်းသူမှလည်း " ဟာာ...၀မ်းနည်းပါတယ်ကွာ " ဟု ဆိုလေ၏။

ထိုအခါ သူငယ်ချင်းဖြစ်သူ က အရက်ခွက်အားဆတ်ကနဲ ကောက်မော့ပီး...ဆက်ပြောလိုက်တာက.....

" ဒါပေါ့ကွာ.........အဲဒီအချိန်ကတည်း က ခုထိ ဘယ်သူမှ မသေသေး ဖူးလေ..."......တဲ့

တိန်

ရီမောပျော်ရွှင်ပါစေ.....

နောက်ဆုံးတော့ဒီဘူတာ......

အမျိုးသားကြီးတစ်ယောက်ဟာ လူနာတွေပြည့်နေတဲ့ အထူးကုဆေးခန်းတစ်ခုသို့ ၀င်လာ၏။

ပီးနောက်...လူနာ လက်ခံသည့် စာရေးမလေးရှေ့ သွားရပ်ကာ.....

" ဦးစာရင်းပေးချင်လို့ပါ။ ဦးရဲ့ ငယ်ပါမှာ ရောဂါရှိနေတယ် ထင်လို့လာခဲ့တာပါ " ဟု ပြောလိုက်သည်။

ထိုအခါ စာရေးမလေး မှ" ဒီလိုစကား မျိုး လူအများရှေ့ မှာ မပြောသင့်ပါဖူး" ဟု ပညာပေးလိုက်၏။

ထိုအမျိုးသားကြီးမှ...." .....ဒါဆေးခန်း ပဲလေ......ဒီလိုမပြောလို့ ကျုပ်...ဘယ်လိုပြောရမှာလဲဗျ.."......ဟု ပြန်ပြော၏။

စာရေးမလေးမှ.....

" ကျမတို့ ဒီနေရာမှာ...ဒီလို စကားလုံးမျိုးတွေ မသုံးပါဖူး.....ဒီတော့ ကျေးဇူးပြုပီး အပြင်ထွက်ပေးပါ။ ခဏနေတော့ ပြန်ဝင်လာပါ။

အဲဒီအခါကျရင်....ဥိးရဲ့ နားရွက် ဒါမှမဟုတ် အခြားတခုခုပေါ့ ဘာဖြစ်မှန်း မသိလို့ပါလို့ ပြောပြပါ။ဟုတ်ပြီ လား...ဦး..".....ဟု ဆို၏။

အမျီုးသားကြီးလည်း စာရေးမလေး ဆိုသည့် တိုင်း ဆေးခန်းပြင်ပ သို့ ထွက်သွာူး၏။

မိနစ် အတော်ကြာသော အခါ ပြန်ဝင် လာ၏။ထိုအခါ လူနာလက်ခံ သည့် ခုန က စာရေးမလေးသည် ပျူငှာစွာ ပြုံးလျက်.....

" ဟုတ်ကဲ့...ဘာ..ကူညီ ရမလဲ ဦး...."....ဟုဆို၏။

အမျီုးသားကြီး မှ..." .....ဦးရဲ့နားရွက် က ဘာဖြစ်နေမှန်းမသိဖူး မိန်းကလေး.."..ဟု.....ပြော၏။

စာရေးမလေးမှ သဘောပေါက်ဟန်ဖြင့် ခေါင်းကလေး ညိတ်ပီး.......

" ဦးနားရွက်က ဘာဖြစ်နေလို့လဲ " ဟု အလေးအနက်ထားဟန်ဖြင့် မေးလိုက်ရာ.....

ကျနော်တို့၏ အမျိုးသားကြီးပြန်ဖြေလိုက်တာက.....

" သေးပေါက်လို့မရဖူးလေ..."....ဟု မဆိုင်းမတွပြန်ဖြေလိုက်လေသတည်း။ ။

တိန်

ရီမောပျော်ရွှင်ပါစေ....

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်