www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Friday, May 17, 2013

ဟာသပဒေသာ (အရယ်သန်သူများမဖတ်ရ) 2

မမြင်နိုင်တော့ပါ....

တခါက စိတ်ရောဂါကု ဆရာဝန် တဦးဟာ.....လူနာ တယောက်အားမေးမြန်းနေ၏။

ဆရာဝန်။ ။ ခင်ဗျားရဲ့ လက်ဝဲဘက် နားရွက်ကို ဖြတ်လိုက်ရင် ဘာဖြစ်သွားမလဲ...။

လူနာ။ ။ကျနော် ဘာသံမှ မကြားနိုင်တော့ဖူးပေါ့ဗျာ.......။

ဆရာဝန်။ ။ဒါဆိုရင်......လက်ယာ ဘက်က နားရွက်ကို ထပ်ဖြတ်လိုက်ရင်ကောဗျာ။

လူနာ။ ။ကျနော် ဘာမှ မြင်နိုင်တော့မှာ မဟုတ်ဖူး။

ဆရာဝန် လည်း တအံ့တသြ နှင့်မေးလိုက်သည်။

ဆရာဝန်။ ။အင်.....ဘာဖြစ်လို့လဲဗျ..။

လူနာပြန်ဖြေလိုက်တာက.....

လူနာ။ ။ နားရွက်နှစ်ဖက်မှ မရှိတော့တာ...ကျနော် မျက်မှန် တပ်လို့ ရတော့မှာမှ မဟုတ်တော့တာဗျာ။........တဲ့

တိန်

လက်မှတ်စစ်မယ်......

တခါက....သချာင်္ အဓိကယူသောကျောင်းသားအုပ်စု တစ်စု နှင့် အင်ဂျင်နီယာ ကျောင်းသား အုပ်စုတစ်စု တို့ သည် သိပ္ပံ ပညာရပ်

ဆွေးနွေးပွဲ တခုသို့ တက်ရောက်ရန် ရထားအတူတူစီး၍ ခရီးထွက်လာကြ၏။သချာင်္ ကျောင်းသားများမှာ ရထားလက်မှတ်ကိုယ်စီနှင့်ဖြစ်၏။

သို့သော် အင်ဂျင်နီယာ ကျောင်းသား များမှာ.....လက်မှတ်တစ်စောင်တည်းသာဝယ် ၍ ရထားစီးလာခဲ့ ကြသည်။

လမ်းခရီးတနေရာအရောက်.....အင်ဂျင်နီယာ ကျောင်းသားတဦးက လှမ်းအော်လိုက်သည်။

" လက်မှတ်စစ်လာပြီဟေ့......"

ထိုအခါ အင်ဂျင်နီယာ ကျောင်းသားများက အိမ်သာတခု ထည်းသို့ စုပြုံ ၀င်လိုက်ကြသည်။

လက်မှတ်စစ်မှ အိမ်သာ တံခါးခေါက်ပီး" လက်မှတ်စစ်မယ် "ဟု ပြောလိုက်သည်။

ထိုအခါ တံခါး အောက်မှ လက်မှတ် တစ်စောင် ထုတ်ပေး လိုက်သည်ကို သချာင်္ ကျောင်းသားများ တွေ့ကြလေ၏။

လက်မှတ်စစ်လည်း ထိုတစ်စောင်တည်းသော လက်မှတ်ကို စစ်ပြီး အိမ်သာ တံခါးအောက်မှ ပင်....လက်မှတ်ကိုပြန်ပေးလိုက်သည်။

အပြန်ခရီးတွင် သချာင်္ ကျောင်းသားများ သည် အလာတုန်းက အင်ဂျင်နီယာ ကျောင်းသားများ ကဲ့သို့

လက်မှတ်တစ်စောင်တည်းသာ ၀ယ်၍ ပြန်လာကြသည်။

အင်ဂျင်နီယာ ကျောင်းသားများ မှာမူ တစ်ယောက်မှ လက်မှတ်မ၀ယ်ပေ။

လမ်းခရီးတနေရာအရောက်တွင်.."......လက်မှတ်စစ်လာပြီဟေ့ .".ဟု အချက်ပေးသံတစ်ခု အင်ဂျင်နီယာ ကျောင်းသား တယောက်က အော်လိုက်၏။

အင်ဂျင်နီယာ ကျောင်းသား များသည် အိမ်သာခန်းတခုထဲသို့ အမြန်ပြေးဝင်ကြ သလို....

သချာင်္ ကျောင်းသားများ မှာလည်း အခြားအိမ်သာခန်း တခုအတွင်းသို့ စုပြုံပြေးဝင်ကြ၏။

ထိုသို့ ကျောင်းသားများ အိမ်သာထဲသို့ ၀င်ပီး....ရထားတွဲထဲသို့...လက်မှတ်စစ်ရောက်မလာခင်.....

အင်ဂျင်နီယာ ကျောင်းသား တယောက်သည် ပုန်းနေသော အိမ်သာအတွင်းမှ ထွက်လာ၏။

ထို့နောက် သချာင်္ ကျောင်းသားများ ရှိရာ အိမ်သာ သို့ သွား၍ အိမ်သာတံခါးခေါက်ပီးပြောလိုက်သည်မှာ.......

" လက်မှတ်စစ်မယ်။လက်မှတ်ပြပါ။............".ဟူသတည်း.........တိန်

ရီမောပျော်ရွှင်ပါစေ...

နှစ်ခါ .........

လစဉ် လခထုတ်ရက်တွင် အမျိုးသမီးဝန်ထမ်းတစ်ယောက်သည် ခါတိုင်းရနေကျ လစာ ထက် ပို၍ ရရှိရာ မသိချင်ယောကင်ဆောင်ပိး ထုတ်ယူသွားလေ၏။

နောက်တစ်လ လစာ ထုတ်ရက်တွင်ရနေကျ လစာ ထက်လျော့နဲနေ၍ အထက်လူကြီးထံသွား၍ လစာအပြည့်မရကြောင်း လစာမှားနေကြောင်း တိုင်လေ၏။

ထိုအခါ အုပ်ချုပ်သူအထက်လူကြီး မှ .......

" နေစမ်းပါအုန်း ကွယ်။ခုကျတော့မှ မင်းက ဒီလိုပြောရသလားကွ။ မင်း အရင်ပြီးခဲ့တဲ့လ ... လခ ထုတ်တုန်းက ပိုရတော့ ဘာမှမပြောပါလား။.."

ဟု မေးလိုက်၏။

ထိုအခါ ၀န်ထမ်းအမျိုးသမီးမှ ခပ်အေးအေးပင်ပြန်ဖြေ လိုက်ပုံမှာ.....

" .အမှားဆိုတာ တခါတလေတော့ဘယ်မြင်ပါ့မလဲ ဆရာရယ်။အခု ဒီလမှာပါ ကျမရသင့်တဲ့လစာအမှန်မဟုတ်ပဲ လျော့နေတာကျတော့

နှစ်ခါ မှားတာမဟုတ်ဖူးလား....ဒီတော့ နှစ်ခါဆိုရင်တော့ကျမတွေ့တာပေါ့ ..."...တဲ့

တိန်

ရီမောပျော်ရွှင်ပါစေ....

ဘာသာစကား နှစ်မျိုး တတ်ရမယ်....

တနေ့....ခွေးတကောင်သည် လမ်းလျှောက်ထွက်လာရင်း ကုမ္ပဏီ တခု ရှေ့ သို့ ရောက်သောအခါ ကြော်ငြာတခုကို သွားတွေ့လေသည်။

ထိုကြော်ငြာမှာ.......

စာရေးတယောက်အလိုရှိသည်။လက်နှိပ်စက်ဖြင့်တစ်မိနစ်လျှင် စာလုံးရေ ၁၈၀ ရိုက်နိုင်ပီး ကွန်ပြူတာအား ကျွှမ်းကျင်စွာ သုံးတတ်ရမည်။

မီးပြတ်လျှင် မီးစက်မောင်းနိုင်ရမည်။

အနည်းဆုံး ဘာသာစကား နှစ်မျိုး တတ်ကျွှမ်းရမည်။

အထက်ပါအရည်အချင်းနှင့်ပြည့်စုံပါက မည်သူမဆို လျှောက်ထားနိုင်သည်။ ............ဟူ၍ ဖြစ်၏။

သို့နှင့် ထိုခွေးသည် အလုပ်ဝင်လျှောက်ရာ ကုမ္ပဏီ ပိုင်ရှင်က ခွေးတကောင် ဖြစ်နေသဖြင့် လက်မခံပေ။

ထိုအခါ ခွေးက ကြော်ငြာတွင်ရေးထားသည့် မည်သူမဆို လျှောက်ထားနိုင်သည်.......ဟူသော စာပိုဒ် ကို ညွှန်ပြလိုက်သဖြင့်

အလုပ်ရှင်မှာ ဘာမှမတတ်နိုင်ပဲ .....

" ကဲ ဒါဆိုမင်းလက်နှိပ်စက်ရိုက်တတ်ရဲ့လား..."....ဟု......ထိုခွေးကို မေးလိုက်သည်။

ခွေးသည် ဘာမှပြောမနေပဲ လက်နှိပ်စက်ရှိရာ ဆီသို့သွား၍ စာတဆောင်ကို ( စာလုံးရေ၂၀၀ခန့်) တမိနစ်အတွင်း တွင် အမှားအယွင်းမရှိ ရိုက်ပြ၏။

" အလုပ်ရှင်မှ မင်းတတ်တာဒါအကုန်ပဲလားကွန်ပြူတာရောသုံးတတ်သလား.." .ဟုပြောပြန်ရာ.....

ခွေးသည်..ကွန်ပြူတာရှိရာသို့ပြေးသွားကာ......ကွန်ပြူတာ ပရိုဂရမ် တခုကို ရေးပြ ပြီး ထိုပရိုဂရမ်ကို အသုံးပြုပြလေသည်။

အလုပ်ရှင်က " မီးစက်ရောမောင်းတတ်လား " ဟု မေးပြန်၏။

ထိုအခါ ခွေးသည်...မီးစက်ရှိရာသို့သွားပီး.....မီးစက် နှိုးသည့်.ကြိုးကို ပါးစပ်နှင့်ကိုက်ဆွဲကာ နှိုးပြလေသည်။

အလုပ်ရှင်မှာနောက်ဆုံး ကြံရာမရ ဖြစ်ပီး .......

" ဘာပဲဖြစ်ဖြစ်ကွာ။မင်းလို ခွေးတစ်ကောင်ကိုတော့ အလုပ်မခန့်ချင်ဖူးကွ။မင်းက ဒို့ လိုအပ်တဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံပါတယ်။

ဒါပေမယ့်.....ကြော်ငြာမှာရေးထား တယ်မဟုတ်လား......ဘာသာစကားနှစ်မျိုး တတ်ရမယ်လို့..." ....ဟု...ပြောလိုက်သည်။

ထိုအခါ ခွေး မှ " ညောင် " ဟု...ကြောင်တစ်ကောင်လို အော် ပြလိုက်လေသည်။

တိန်

ရီမောပျော်ရွှင်ပါစေ....

မှတ်ထား

အင်္ဂလန်နိုင်ငံသား လက်ဝှေ့ချန်ပီယံတစ်ယောက်မြန်မာပြည်သို့ အလည်ရောက်စဉ်မြန်မာ့ရိုးရာသိုင်းပြိုင်ပွဲကိုသွားကြည့်၏။

"ကျုပ်တို့ အင်္ဂလန် ကို လာခဲ့စမ်းပါ ၊ကျုပ်တို့ဆီ ကရိုးရာလက်ဝှေ့ နဲ့တွေ့ ရင် ခင်ဗျားတို့လို့ လူမျီုးတွေရဲ့

လည်ပင်းကို မိနစ်ပိုင်းတွင်း ကျိုးအောင် ထိုးသတ်နိုင်တယ် "....လို့ဆိုပါတယ်။

ဒါနဲ့ အင်္ဂလန် လက်ဝှေ့ သမား ရဲ့ ဖိတ်ကြားချက်အရ မြန်မာသိုင်းအဖွဲ့မှလက်ခံပီး

အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့ ရှိ မိုးလုံလေလုံအားကစား ရုံကြီးတခုတွင် အားစမ်းပွဲကို ကျင်းပလေ၏။

အင်္ဂလိပ် လက်ဝှေ့ချန်ပီယံ သမားနှင့် မြန်မာ သိုင်းပညာရှင်တို့ ၏ ပြိုင်ပွဲကို အားကစားရုံပြည့်မျှ လာရောက်အားပေးကြ၏။

အင်္ဂလိပ်..လက်ဝှေ့ ချန်ပီယံ...မှာ အရပ် ၂မီတာ ( ၆ပေ )ကျော်ပီး....ရင်အုပ်အကျယ် ၁မီတာခွဲရှိသောလူထွားကြီးဖြစ်၏။

မြန်မာနှင့် ကား ဆင်နဲ့ဆိတ်လိုဖြစ်နေ၏။

ပြိုင်ပွဲစ သည်နှင့် တဦးနဲ့ တဦး စူးစိုက်စွာကြည့်၏။

ပိရိတ်သတ်မှလည်း အင်္ဂလိပ်ဘက်မှ အားပေး ကာ မြန်မာမည်သို့ရှူံးမည်ကိုစောင့်ကြည့်နေ၏။

စင်ပေါ်တွင် တဦးနဲ့ တဦး မှားကွက်ရှာ ကာတိုက်ခိုက်ရန် မျက်လုံးချင်းဆုံကာ ချောင်းနေ၏။

၁မိနစ်မပြည့်မီမှာပင်....မြန်မာ သိုင်းသမားက လူထွားကြီး၏ ဒူးဘက် အောက်ခြေပိုင်းကို သေချာစိုက်ကြည့်ပီး....

" ကျား.....တချက်ထဲနဲ့ ပွဲပီးသွားပါတယ် " ....ဟု အော် ကာ ခုန်ကန်လိုက်၏။

လက်ဝှေ့ ချန်ပီယံ မှာ လည်ပင်းသို့ ခြေဖျားဖြင့်ခပ်ခံထိကာ ဗိုင်းနဲ လဲကျပီး ကြမ်းပြင်ပေါ်တွင် တုတ်၂မျှ မလှုပ်တာ့ချေ။

တရုံလုံး ငြိမ်ကျသွား၏။

ခဏကြာမှ လူထွားကြီးကို ပြုစုမည့် သူများ အပြေးအလွှားရောက်လာကာ

ရေပက်သူပက်၊မျက်နှာသုတ်ပုဝါဖြင့် ယပ်ခတ်ပေးသူ ခတ်ဖြင့်၊သတိပြန်ရအောင်မနဲလုပ်ကြရ၏။

အင်္ဂလိပ် လက်ဝှေ့ ချန်ပီယံ ၏ မျက်လုံး တဘက် တဖြည်းဖြည်းပွင့်လာ၏။

ထို့နောက် ၄င်းက လေသံတိုးတိုး ဖြင့် သူ့လူများကိုမေး၏။

" မျက်စိစွေ နေတဲ့ ဟို ဂျပု ရှိသေးလား.....".တဲ့

ပြုစုသူများမှလည်း ...."...ရှိနေသေးတယ်.." ....ဟုဖြေ၏။

ထိုအခါ ထပ်ပြောလိုက်တာက...." .အေး..ဒီကောင် ထွက်သွားပီးရင်တော့ မင်းတို့ အားလုံး ငါ့လက်သီးစာ မိပြီ သာမှတ်.." .....တဲ့

တိန်

ရီမောပျော်ရွှင်ပါစေ

ကံမကောင်းသူ

ကျောင်းတစ်ခုတွင် ဖြစ်သည်။

မုန့်စားဆင်းချိန်တွင် ကျောင်းသားများ စူးရှကျယ်လောင်စွာ .အော်ဟစ် ရီမောကြသည်။

ဝမ်းသာလွန်း၍ တချို့ ဆိုလျှင် ကခုန်နေကြ၏။

ကျောင်းသားတစ်ယောက်မှာမူ အခန်းထောင့်တစ်နေရာတွင် တရှုပ်ရှုပ်နှင့် ငိုကြွေးနေ၏။

ထိုအဖြစ်အပျက်ကြောင့် အမှိုက်သိမ်းနေသော ကျောင်းသန့်ရှင်းရေးလုပ်သူက ထိုကျောင်းသားအား မေး၏။

" ဘာဖြစ်လို့ ဒီလောက်တောင် ပျော်နေကြတာလဲ "

" ကျနော်တို့ရဲ့ ကျောင်းအုပ်ကြီး ပြတင်းပေါက်ကပြုတ်ကျလို့ပျော်နေကြတာဗျ "

" ဒါဆို ခင်ဗျားက ဘာလို့ငိုနေရတာလဲဗျ "

" သူပြုတ်ကျတာကို ကျနော် မမြင်လိုက်ရလို့ပါ.......အီး...ဟီး.."..တဲ့

တိန်....

ရီမောပျော်ရွှင်ပါစေ....

~~~~~~~~နားထိုင်းဘယ်သူလဲ ~~~~~~~~

မောင်ဘ ဆေးခန်းကိုလာပြီး ဆရာဝန်နဲ့တိုင်ပင်လေတယ်။

မောင်ဘ ။ ။''ဒေါက်တာ ၊ ကျုပ်မိန်းမ နားထိုင်းနေပြီထင်တယ် ။ စကားပြောရင် ပြန်မထူးဘူး ။အဲဒါ.. ဘယ်လိုလုပ်ရမလဲ ဒေါက်တာ ။''

ဒေါက်တာ ။ ။ ''ခင်ဗျားမိန်းမကို ဘယ်လောက် ထိုင်းနေလဲဆိုတာကို စမ်းသပ်မှု တော့ တစ်ခုလုပ်ရမယ် ။ ''

မောင်ဘ။ ။ ''ဟုတ်ကဲ့ ။ ဘာလုပ်ရမလဲ ပြောပါ ။ ''

ဒေါက်တာ။ ။ ''အခု အိမ်ပြန်ရောက်ပြီ ဆိုတာနဲ့ ခင်ဗျားမိန်းမရဲ့ ၅ ကိုက်( ၁၅ ပေအကွာ )လောက်ကနေ စကားစပြော ကြည့် ။

မကြားရင် ၄ ကိုက်လောက်ကပ်ပြော ။ မကြားရင် ၃ ကိုက်။ မကြားရင် ၂ ကိုက် ၊ ၁ ကိုက် ကပ်ကပ်ပြီးပြောကြည့် ဗျာ ။

ပြီးရင် ဘယ်နှစ်ကိုက် လောက်မှာ စကြားရလဲ လာပြန်ပြောဗျာ ။ ပြီးရင်တော့ ဆေးကုဖို့ စတာပေါ့။ ဟုတ်ပီလား ''

မောင်ဘလဲ ဟုတ်ကဲ့ လို့ ပြောပြီး အိမ်ပြန်လာတယ် ။ အိမ်ရောက်တော့ မိန်းမက ထမင်းချက်နေတယ် ။

မိန်းမ မမြင်အောင် ၅ ကိုက်လောက်က စပြီး................

'' မိန်းမရေ ဒီနေ့ ဘာဟင်းချက် လဲကွ'' လို့ မေးလိုက်ပါ တယ် ။

မိန်းမဆီက ဘာသံမှ ထွက်မလာဘူး ။

ဒါနဲ့ ၄ ကိုက်လောက်က ပြန်မေးတယ် ။ ဘာမှပြန်မထူးဘူး ။

အဲဒါနဲ့ ၃ ကိုက် ၂ ကိုက်မေးတော့လဲ ဘာမှ ပြန် မဖြေဘူး ။

ဒါနဲ့ နောက်ဆုံး ၁ကိုက် ( ၃ပေ )..လောက်ကနေ အနားနားကပ်ပြီး....

နောက်ဆုံး......တော်တော်တင်းလာပီး ( ဂရုဏာသံနဲ့....ရောဂါရှင် ..ဖြစ်နေတာကိုး)

''သဲလေး ဒီနေ့ ဘာဟင်း ချက်လဲ '' လို့ မေးမှ မိန်းမဖြစ်သူက ပြန်ဖြေလိုက်တာပုံက.....

မိန်းမ။ ။ '' ရှင့်နယ်တော် ၅ ကြိမ် ရှိပြီ ဖြေနေတာ ။ ကြက်သားဟင်း တော်ရေ ။ကြက်သားဟင်း... ''.......တဲ့

တိန်

ရီမောပျော်ရွှင်ပါစေ

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်