www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Friday, May 17, 2013

ဖက်ရှင်နဲ့ အလှအပက လူတိုင်းအတွက် ရာနှုန်းပြည့် အရေးပါတယ် Aroma

Fashion နဲ့အလှအပကို Not For Only Beauty, For Your Personality ဟုခေါင်းစဉ် တပ်ရမှာဖြစ်ပါတယ်။ လူတစ် ယောက်ရဲ့ လှပနေခြင်းသာမဟုတ် ဘဲ ကိုယ်ရည်ကိုယ်သွေးမြင့်မားမှု အတွက် Fashion နှင့် အလှအပ ရေးရာဟာလူတိုင်းအပေါ် 100% သက်ဆိုင်ပါတယ်။
ဒါကြောင့်မို့လို့ အရွယ်သုံးပါးလူသားအားလုံးအတွက် Fashionနှင့်အလှအပဟာ မဖြစ် မနေထိန်းသိမ်းရမယ့်အထဲတွင် ပါဝင်ပါတယ်။ Fashionနဲ့ အလှအပတရား များကို ဂရုစိုက်ခြင်းကြောင့် ရရှိ လာမယ့်ကျန်းမာရေးအထောက်အကူ ပြုမှုများမှာ - အလှအပကို ဂရုစိုက်ခြင်း အားဖြင့် တစ်ကိုယ်ရေသန့်ရှင်း မှုရှိလာမယ်၊ ရောဂါကင်းစင်လာ ပါမယ်။ အလှအပကို ဂရုစိုက်ခြင်းဖြင့် ကျန်းမာရေးအတွက် အထောက် အကူဖြစ်စေမည့်အချက်အလက်များ ကိုပါ လိုက်နာပြီးသားဖြစ်သွားသော ကြောင့် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။ အလှအပအတွက် ဦးတည်ရာ မှ ကျန်းမာရေးအတွက် ကောင်းမွန် စေရန် ဦးတည်သွားစေသော ထိန်း သိမ်းမှုများရှိလာခြင်း (ဥပမာ-Skin လှစေရန် ထိန်းသိမ်းခြင်းဖြင့် အသားအရေကောင်းမွန်အောင် ဆောင်ရွက်ပြီးသားဖြစ်ခြင်း) Fashion ပိုင်းကို ဂရုစိုက်ခြင်း အားဖြင့် သန့်ရှင်းသစ်လွင်သော ဝတ်စားဆင် ယင်မှုမျိုးဖြစ် လာခြင်းက လည်းကျန်းမာရေးအတွက်အထောက် အကူဖြစ်စေပါတယ်။
Aromaရဲ့ လက်ကိုင်ထားတဲ့ ဆောင်ပုဒ်ကတော့ - Aroma (Hair & Beauty Spa) မှာဆိုလျှင် မိမိတို့ရဲ့ Customer တွေကို ထမင်းရှင်ဟုမှတ်ယူ ပြီး အကောင်းဆုံးဝန်ဆောင်မှုပေး ခြင်း ငွေကြေးရလိုမှုကို ဦးမတည် ဘဲ Customer များရဲ့ အကျိုးရှိမှု ကိုသာ ပေးစွမ်းနိုင်ရန်အမြဲလုပ် ဆောင်ပေးခြင်း Aroma (Zulu Studio) ရာသက်ပန်ပေါင်းစေဖို့ Zulu ကိုရွေးချယ်စို့ဟုသည့်အတိုင်း ရာသက်ပန်စိတ်ချမ်းသာစေရန် ဆောင်ရွက်ပေးခြင်း။ Customer များအတွက်ဘဝ တစ်သက်တာမင်္ဂလာကိစ္စရပ်များကို ဝန်ဆောင်မှုပေးရာတွင် Aroma အတွက် တစ်ခဏတာဟုလုံးဝ မှတ် ယူမထားဘဲ Customer များနဲ့ ထပ်တူထပ်မျှခံစားနားလည်ပေးခြင်း။
ဆံပင်ကောက်ရာတွင် ဖြစ် တတ်လေ့ရှိတဲ့ ဆိုးကျိုးများမှာ ဆံပင်သားများပျက်စီး၍ ဖွာထွက် သွားခြင်းကို အဓိကဖြစ်စေပါတယ်။ ထိုသို့အဓိကဆိုးကျိုးကို ထိရောက် စွာကာကွယ်ပြီးကောင်းမွန်သော ဆံသားများဖြင့်သာလှပသော အခွေအလိပ်များဖြင့် ဆံပင် ကောက် လိုပါက Digital စက်ဖြင့် သာကောက်သင့်သည်ဟု Aroma (Hair & Beauty Spa) မှ Customer များကို အကြံပြုပါရစေ။ အဘယ်ကြောင့်ဆိုသော် ၄င်းနည်း စနစ်ဖြင့် ဆံပင်ကောက်ခြင်းသည် ဆံသားကို ထိန်းသိမ်းပေးရာရောက် ပြီး ပျက်စီးမှုကို အထူးလျော့နည်း စေပါတယ်။
၎င်းနည်းမှာ ကောက် ဆေး၏ အားတစ်ခုတည်းဖြင့်ဆံပင် ကိုကောက်စေခြင်းမဟုတ်ဘဲ စက် အားဖြင့်ကောက်စေသည့်အတွက် ပျက်စီးမှုကို အထူးကာကွယ်ပေးပါ သည်။ ဆံပင်မကောက်ခင်ပေါင်း ဆေးတစ်မျိုးကို ဆံပင်သားထဲစိမ့် ဝင်အောင်ပေါင်းပေးခြင်းဖြင့် ဆံပင် ကောက်ရာတွင် အကာအကွယ် တစ်ခုအဖြစ် ရပ်တည်ပေးပါတယ်။ ထို့နောက်မှသာ ကောက်ဆေးကို ဆံပင်တွင် နှံ့အောင်သုတ်လိမ်းပြီး အကြီးဆုံးလိပ်တံများကို ရွေး၍ ကောက်ပေးခြင်းအားဖြင့် ယခု ခေတ်စားနေသော အလိပ်ကြီး သဏ္ဌာန်ရှိသည့် ဆံပင်အကောက် ပုံစံကို ဆံသားမပျက်စီးဘဲ အမှန် တကယ်ရရှိမှာဖြစ်ပါတယ်။


By 8 Days

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်