www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Friday, May 17, 2013

သတို့သမီး မိတ်ကပ်နှင့် ဒေဝီဆံထုံး

(၁) မိတ်ကပ် မလိမ်းမှီ စင်ကြယ်အောင် သန့်စင် ထားသော မျက်နှာပေါ် သို့ မိတ်ကပ်ရည်ကို မနီးမဝေးမှ အစက်ကလေးများ ချပေး ရပါမည်။ ပြီးလျှင် လက်နှင့် သော်၎င်း ဖော့နှင့် သော်၎င်း ညှိပေးရပါမည်။
(၂) ညီအောင်ညှိထားသော မျက်နှာပြင်ပေါ်သို့ပေါင်ဒါရိုက်သည့်အခါ အသာစွာပုတ်၍ ရိုက်ရပါမည်။ ဆွဲ၍မရိုက်မိစေရန် သတိပြုရပါမည်။
(၃) မျက်ခုံးမွှေးပုံဖော်ပြီးသားဖြစ်တဲ့ စံရတီအတွက် Cake ကိုမသုံးဘဲ ပုံပေါ်စေရန် ခဲတံနှင့်ပုံသွင်း၍ဆွဲရပါမည်။
(၄) ဆွဲပြီးသားမျက်ခုံးပေါ်သို့ ပိုမိုပေါ်လွင်စေရန် မျက်ခုံးသုံး mascara အကြည်ရည် ကို သုံးရပါမည်။
(၅) ပန်းရောင်နှင့်ရွှေရောင်စပ်ထားသော အိုင်းရှဲဒိုးကိုသုံးရပါမည်။ (၆) မျက်ခုံးအောက်ကဟိုင်းလိုက်ကိုတော့ ပန်းရောင်ဖျော့ဖျော့လေးကို သုံးထားပါတယ်။
(၇) မျက်တောင်ကို ကော့စက်ဖြင့်ကော့ ပေးရပါမယ်။ (၈) ကော့ပြီးသား မျက်တောင်ကို mascara နှင့် ကော့ပေးရပါမယ်။
(၉) နှာတံပေါ်ပြီးသားဖြစ်တဲ့အတွက် နှာတံကို အစိုနဲ့မဖော်ဘဲ အမှုန့်နှင့်သာShape ဖော်ပေးပါတယ်။
(၁၀) ပါးနီးလိမ်းရာတွင် ညီညာချောမွေ့စေဖို့ သတိထားရပါမည်။ အကွက်လိုက် မဖြစ်စေရပါ။
(၁၁) နှုတ်ခမ်းလှတဲ့ စံရတီအတွက် နှုတ်ခမ်းနီကိုမသုံးဘဲ နှုတ်ခမ်းနီ Straw ကိုပဲ ဆိုးပါမယ်။
(၁) ဒေဝီဆံထုံး,ထုံးပုံအဆင့်ဆင့်ကို စံရတီရဲ့ပင်ကိုယ်ဆံပင်နဲ့ ဒေဝီ ဆံထုံးထုံးမှာဖြစ်ပါတယ်။ နားရဲ့နောက်နဲ့နားရဲ့ထိပ်မှနေ၍ အပိုင်းသုံးပိုင်းခွဲပြီးထိပ်မှာ သရေကွင်းဖြင့်ချည်ရပါမယ်။
(၂) မျက်နှာရှေ့ဘက်ခြမ်းကို အရင်းကနေသိမ်းပြီး ကလစ် ဖြင့် ညှပ်ပေးထားရမည်။
(၃) အပိုင်းသုံးပိုင်း ခွဲ၍ ချည်ထားသော ဆံပင်အရင်းမှ အစာကျွပ်ကိုတင်၍ ဘယ်ဘက်မှဆံပင်ကို ညာ ဘက်သို့သိမ်း၍ ကလစ်ဖြင့်ညှပ်ထားပေးပါ။
(၄) ညာဘက်မှ ဆံပင်ကိုလည်း ဘယ်ဘက် သို့သိမ်း၍ ကလစ်ဖြင့်ညှပ်ပေးပါ။
(၅) ဒေဝီ ဆံထုံးထုံးလျှင် ဗျာဘာဆံ,ဆံတောက် ထည့်ရပါမည်။ နားရဲ့ နောက်မှနေ၍ နားရှေ့သို့ ကပ်၍ ထည့် ပေးရပါမည်။
(၆/၇) ဘယ်ညာ သိမ်းထားသော ဆံပင်အရှည်များကို အစာကျွပ် ပေါ်သို့လိမ်၍တစ်ရစ်စီအောက် ခြေမှစ၍ ပတ်ပေးရပါမည်။
(၈) ဒေဝီဆံထုံးရဲ့ အရစ်သည် အနည်းဆုံး (၃)ရစ် ရှိရပါမည်။
(၃)ရစ်လောက်ရှိမှသာလျှင် ဒေဝီဆံထုံးရဲ့ ပုံစံပေါ်မှာဖြစ် ပါတယ်။
(၉) နောက်ဆုံးအဆင့် အချော သပ်ပြီ ရှေ့မျက်နှာစာမှမြင်ရပုံ
(၁၀) ညာဘက်ဘေးဘက်မှ စိန်ပန်း ခက်ကလေးများ ပန်းထားပြီးပုံ
(၁၁) ဒေဝီဆံထုံးရဲ့ နောက်ဘက်မှ မြင်ရပုံ
(၁၂) ဒေဝီဆံထုံး,ထုံးဖွဲ့ပြီးနောက် သရုပ် ဆောင်စံရတီမိုးမြင့်အား မိတ်ကပ် ဆံပင် သော်သော်မြင့်မိုရ် နှင့်အတူ တွေ့မြင်ရပုံ


By မန္တလေးအာရုဏ်ဦး

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်