www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

ဝက်အူချောင်း ထမင်းပေါင်း

ပါဝင်ပစ္စည်းများ
ဆန် - ၂ ခွက်
ဝက်အူချောင်း - ၂ ချောင်း
ဝက်မိုးခိုသား - ၁၀၀ ဂရမ်
ပုစွန် - ၂၀၀ ဂရမ်
ရှိတခဲမှို - ၃ ပွင့် (ရေစိမ်ပြီး ပွလာလျှင် လှီးထားပါ)
ဂျင်း (ချင်း) - အနည်းငယ် (ပါးပါးလှီးထားပါ)
ကြက်သွန်မြိတ် - စားပွဲတင်ဇွန်း ၂ ဇွန်းခန့် ရအောင် လှီးထားပါ။
ကြက်သွန်ဖြူ - စားပွဲတင်ဇွန်း ၁ ဇွန်းခွဲစာရအောင် နုတ်နုတ်စင်းထားပါ။
ခရုဆီ - စားပွဲတင်ဇွန်း (၂) ဇွန်း
ပဲငံပြာရည်အကြည် - စားပွဲတင်ဇွန်း (၂) ဇွန်း
ဆီ - စားပွဲတင်ဇွန်း (၄) ဇွန်း
ချက်ပြုတ်နည်းအဆင့်ဆင့်
ဝက်အူချောင်းနှင့် ဝက်သားကို တစ်ကိုက်စာ အရွယ်ရအောင် လှီးပါ။ ပုစွန်ကို ရေဆေးအခွံချွတ်ပြီး အကြောထုတ်ပါ။ ခေါင်းကိုဖယ်ပြီး အမြီးချန်ထားပါ။
ဆန်ဆေးပြီး ရေစစ်ထားပါ။
အိုးထဲဆီထည့်ပြီး အပူပေးပါ။ ဆီပူလာလျှင် ကြက်သွန်ဖြူနှင့် ချင်း (ဂျင်း) ထည့်ပြီး အနံ့မွှေးလာသည်အထိ ကြော်ပါ။ ဝက်အူချောင်း၊ ဝက်သားနှင့် ပုစွန်ထည့်ပါ။ အသားများ ကျက်လျှင် မှိုထည့်ပြီး ကောင်းစွာမွှေပါ။ ဆန်ထည့်ပါ။ ခရုဆီနှင့် ပဲငံပြာရည် ထပ်ထည့်ပြီး သမအောင် မွှေပေးပါ။ ပြီးလျှင် ၎င်းဆန်နှင့် အသားများအားလုံးကို ထမင်းပေါင်းအိုးထဲ ပြောင်းထည့်ပါ။
ရေသန့်ကို ယူပြီး မှိုစိမ်ရာတွင် သုံးထားသော ရေနှင့် ၃ ခွက်စာ ရအောင် ရောပါ။ ၎င်းရေကို ထမင်းပေါင်းအိုးထဲ ထည့်ပြီး ထမင်းကျက်အောင် ချက်ပါ။
ထမင်းကျက်ပြီဆိုက စားမည့်ပန်းကန်ထဲ လိုသလောက် ခူးထည့်ပါ။ အပေါ်မှ ကြက်သွန်မြိတ် အနည်းငယ်ဖြူးပြီး သုံးဆောင်ပါ။
Ref : Myin Kwin

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်