ပါဝင်ပစ္စည်းများ
ကောက်ညှင်းဆန်မှုန့် အခွံချွတ်ထားသော - ခွက်တစ်ဝက်
ပဲတီစိမ်း - ခွက် ၃ ပုံ၊ ၁ ပုံ
အုန်းနို့ - ၂ ခွက်
ဆား - လက်ဖက်ရည်ဇွန်း ၄ ပုံ၊ ၁ ပုံ
ထန်းလျက် - ခွက်တစ်ဝက်
ရေ - ခွက် ၄ ပုံ၊ ၁ ပုံ
ပြုလုပ်ပုံအဆင့်ဆင့်
ပဲတီစိမ်းကို ရေစင်အောင် ဆေးပါ။ ရေခပ်နွေးနွေးထဲထည့်ပြီး ၃ နာရီခန့် စိမ်ထားပါ။ ပြီးလျှင် ရေစစ်ပြီး ကျက်သည်အထိ ပေါင်းအိုးထဲ ထည့်ပေါင်းပါ။ ပေါင်းပြီးပါက အိုးထဲမှ ထုတ်ပြီး ညက်သွားအောင် ချေပေးပါ။ အိုးတစ်လုံးထဲ အုန်းနို့တစ်ဝက် လောင်းထည့်ပါ။ သကြားနှင့် ဆားထည့်ပြီး မီးဖိုပေါ်တည်ပါ။ အုန်းနို့ရည် ဆူလာသည်အထိ အဆက်မပြတ် မွှေပေးပါ။ ဆူလာလျှင် မီးဖိုပေါ်မှ ချပါ။
ကောက်ညှင်းဆန်မှုန့်နှင့် ချေထားသော ပဲတီစိမ်းကို ရောလိုက်ပါ။ တစ်ကြိမ်လျှင် ရေနည်းနည်းစီခန့် ထည့်ပြီး နယ်ပေးပါ။ အလုံးလေးများ လုံး၍ ရလောက်သည်အထိ နူးညံ့လာသည်အထိ ရေထည့်လိုက်၊ နယ်လိုက်လုပ်ပါ။ လက်မဝက်အချင်းအရွယ်ခန့် အလုံးလေးများလုံးပေးပါ။ ရေပွက်ပွက်ဆူနေသော အိုးထဲ မုန့်လုံးလေးများ ထည့်ပါ။ မုန့်လုံးလေးများ ကျက်လျှင်ရေပေါ် ပေါ်လာပါလိမ့်မယ်။
၎င်းတို့ကို ဇကာပေါက်ပါသော ဇွန်းဖြင့် ဆယ်ယူပြီး ဆူအောင် တည်ထားသော အုန်းနို့အိုးထဲ ပြောင်းထည့်ပါ။ ထည့်ပြီးလျှင် ၎င်းအုန်းနို့အိုးကို မီးဖိုပေါ် တစ်ဖန် ပြန်ဆူအောင် ထပ်တည်ပါ။ ဆူလာလျှင် ကျန်သော အုန်းနို့တစ်ဝက်ထပ်ထည့်ပြီး ဆူအောင် ဆက်တည်ပါ။ ပြီးလျှင် အိုးကို မီးဖိုပေါ်မှ ချပါ။ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။
Ref : Myin Kwin

0 comments:
Post a Comment