www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

ငါးအိုးကပ်

ပါဝင်ပစ္စည်းများ
ငါးသစ်တုံး - ၅ ကျပ်သား
ကြက်သွန်ဖြူ/နီ - အနည်းငယ်
ဆီ - အနည်းငယ်
ဆား/သကြား - အနည်းငယ်
ငရုတ်သီး အခြောက်တောင့် - အနည်းငယ်
ပုစွန်ငါးပိ - အနည်းငယ်
မန်ကျည်းမှည့် - အနည်းငယ်
နံနံပင် - အနည်းငယ်
ပြုလုပ်ပုံအဆင့်ဆင့်
အိုးထဲသို့ ဆီအနည်းငယ်ထည့်၍ တည်ပါ။ ကြက်သွန်ဖြူနှင့် ငရုတ်သီးတောင့် အနည်းငယ် ကို ရောထောင်းထားပါ။ ကြက်သွန်နီ အနည်းငယ်ကို ပါးပါးလှီးထားပါ။ ဆီဆူလာလျှင် ရောထောင်းထားသော ကြက်သွန်ဖြူနှင့် ငရုတ်သီးထည့်ပါ။ ပြီးလျှင် ပါးပါးလှီးထားသော ကြက်သွန်နီများပါ ထည့်၍ ဆီသတ်ပါ။ ဆီနူးနေအောင် သတ်ပြီးလျှင် အိုးထဲသို့ ငါးသစ်တုံး လေးများထည့်၍ မွှေပါ။ မန်ကျည်းရည် အနည်းငယ်ထည့်၍ မွှေပါ။ အပေါ့အငန်အတွက် ဆားနှင့်သကြား ထည့်ပါ။ ခေတ္တကြာလျှင် ချက်ထားသော ငါးအိုးကပ်လေးများပေါ်သို့ နံနံပင် အနည်းငယ်အုပ်၍ ပန်းကန်ပြားထဲသို့ ထည့်ကာ အသင့်သုံးဆောင် နိုင်ပါပြီ။
Ref : Myin Kwin

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်