www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

ပဲပြားအုန်းနို့

ပါဝင်ပစ္စည်းများ
ပဲပြား - ၂ တုံး
အုန်းသီး - ၁ လုံး
ဆီ - အနည်းငယ်
ကြက်သွန်ဖြူ - အနည်းငယ်
ကြက်သွန်နီ - အနည်းငယ်
နနွင်းမှုန့် - အနည်းငယ်
အရောင်တင်မှုန့် - အနည်းငယ်
ဆား - အနည်းငယ်
သကြား - အနည်းငယ်
ချင်း (ဂျင်း) - အနည်းငယ်
ငရုတ်သီးအခြောက်တောင့် - အနည်းငယ်
ပဲငံပြာရည် - အနည်းငယ်
ပြုလုပ်ပုံအဆင့်ဆင့်
ပဲပြား ၂တုံးကို အရွယ်တော်လေးများရအောင်လှီးပြီး ပဲငံပြာရည်နှင့် နယ်ကာ ခဏနှပ်ထားပါ။ အိုးထဲသို့ ဆီအနည်းငယ်ထည့်ပါ။ ဆီဆူလာလျှင် ပဲပြားတုံးလေးများ ထည့်၍ ကြော်ပါ။ ငရုတ်သီး အနည်းငယ်နှင့် ကြက်သွန်ဖြူ ရောထောင်းထားပါ။ ပါးပါးလှီးထားသော ကြက်သွန်နီအနည်းငယ်နှင့် အရောင်တင်မှုန့် ရော၍ ဆီသတ်ပါ။ ထောင်းထားသော ငရုတ်သီးနှင့် ကြက်သွန်ဖြူ ဆက်ထည့်ပါ။ အရောင်ရဲလာလျှင် ကြော်ထားသော ပဲပြားတုံးလေးများ ထည့်ချက်ပါ။
ပြီးနောက် အုန်းနို့ရည်ထည့်၍ ပွက်လာသည်အထိ အုပ်ထားလိုက်ပါ။ အပေါ့အငန်အတွက် ဆားနှင့်သကြား ထည့်ပါ။ အနံ့မွှေးရန် ချင်းအနည်းငယ် ထည့်ပါ။ ချက်ထားသော ပဲပြားအုန်းနို့ဟင်း ပွက်လာလျှင် ပန်းကန်ထဲသို့ ထည့်၍ အသင့်သုံးဆောင်နိုင်ပါပြီ။
Ref : Myin Kwin

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်