ပါဝင်ပစ္စည်းများ
Caster Sugar အဖြူရောင် သကြားအမှုန့် - 165 g (ခွက် ၂/၃)
ရေ - 125ml (ခွက် ၁ ဝက်)
Fresh Orange Juice – 180 ml
(ခွက် ၃/၄)
ကျောက်ကျောရွက် (Leaf gelatine sheet) - 7.5 g ( ၁ ခွက်နှင့် ၁ ပိုင်း)
သရက်သီး - အနေတော်အရွယ် ၁ လုံး (400 g) အတုံးသေးသေးတုံးပါ
Strawberry Salad အတွက်
စတော်ဘယ်ရီသီး - 250 g (၂ ပိုင်း (သို့) ၄ ပိုင်းစီ ပိုင်းထားပါ)
လိမ္မော်သီး - အနေတော်အရွယ် ၁လုံး (240 g) အခွံနွှာပြီး ခပ်ပါးပါးစိတ်ပါ
သကြား (Caster Suger) - စားပွဲတင်ဇွန်း ၁ဇွန်း
Lemon Juice - စားပွဲတင်ဇွန်း ၁ဇွန်း
Pistachios - စာပွဲတင်ဇွန်း ၂ ဇွန်း
ပူစီနံရွက် - စားပွဲတင်ဇွန်း ၂ ဇွန်း စာခန့်
ပြုလုပ်ပုံအဆင့်ဆင့်
၁။ သကြား၊ ရေနှင့် juice များကို ဒယ်အိုးအသေးထဲ လောင်းထည့်ပြီး မီးအေးအေးဖြင့် အပူပေးပြီး သကြားများ အရည်ပျော်သွားသည်အထိ မွှေပေးပါ။ သကြားများ အရည်ပျော်သွားလျှင် ဆူအောင် ဆက်တည်ပါ။
၂။ တစ်ချိန်တည်းမှာပဲ gelatin ကျောက်ကျောရွက်ကို ရေအေးထဲထည့်စိမ်ပါ။ ကျော်ကျောရွက် ပျော့လာလျှင် ရေသွန်ပြီး ရေများ ကုန်စင်သွားအောင် ကျောက်ကျောရွက်ကို ညှစ်ပေးပါ။ တည်ထားသော သကြားရည်အိုး ဆူလာလျှင် မီးဖိုပေါ်မှ ချပြီး ကျောက်ကျောရွက် ထည့်မွှေပါ။ ပြီးလျှင် ခရား (သို့မဟုတ်) ခွက်တစ်ခုထဲ လောင်းထည့်ထားပါ။
၃။ ဆီအနည်းငယ် သုတ်ထားသော ခွက် သို့မဟုတ် ပုံသွင်းထားသော မှုန့်ခွက် ၄ ခွက်ထဲသို့ သရက်သီးများ ခွဲထည့်ပါ။ ပြီးလျှင် ကျောက်ကျောရည် အရောအနှောကို လည်းကောင်း ခွက်ထဲသို့ ခွဲပြီး လောင်းထည့်ပါ။ ၎င်းခွက်များကို ဗန်းထဲထည့်ပြီး ရေခဲသေတ္တာထဲ လေးနာရီခန့် (သို့မဟုတ်) တစ်ည သိပ်ပြီး အေးခဲထားပါ။
စတော်ဘယ်ရီဆလတ် ပြုလုပ်ရန်
အနေတော်အရွယ် ပန်းကန်လုံး တစ်ခုထဲ ပစ္စည်းများ အားလုံးပေါင်းထည့်ပါ။ ဂျယ်လီ စားသုံးရန်အတွက် ခွက်များကို ရေခဲသေတ္တာထဲမှ ထုတ်ပြီး ရေနွေးထဲ စက္ကန့် အနည်းငယ်ခန့် စိမ်ပါ။ ဆားခပ်ပါးပါးဖြင့် ခွက်ဘေး နှုတ်ခမ်းပတ်လည်ကို အသာတို့ပေးပါ။ ၎င်း ခွက်ကို စားမည့်ပန်းကန်ထဲ မှောက်ထည့်ပြီး jelly များ ထုတ်ပါ။ စတော်ဘယ်ရီ ဆလတ်ဖြင့် တွဲဖက် သုံးဆောင်ပါ။
မှတ်ချက်။ ။ ကျောက်ကျောရွက်အစား ကျောက်ကျောမှုန့်ကို အသုံးပြုမည်ဆိုပါက ပန်းကန်လုံး တစ်ခုထဲ ကျောက်ကျောမှုန့် လက်ဖက်ရည်ဇွန်း ၃ ဇွန်းနှင့် ရေအေးခွက် ၄ ပုံ ၁ ပုံခန့် ရောထည့်ပါ။ ဒယ်အိုးတစ်ခုထဲ ရေထည့်ပြီး မီးခပ်နွေးနွေးဖြင့် တည်ပါ။ ၎င်းရေနွေးအိုးထဲသို့ ကျောက်ကျောမှုန့်နှင့် ရေထည့်ထားသော ပန်းကန်လုံး ထည့်ပါ။ အမှုန့်များ အရည်ပျော်သွားသည်အထိ မွှေပေးပါ။ ပြီးမှ ၎င်းအရည်ကို လိမ္မော်နှင့် သကြားရည်ထဲ လောင်းထည့်ပါ။
Ref : Myin Kwin

0 comments:
Post a Comment