www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

ရို့စ်ပေါ့စ်ဂေါ်ဂွမ်

ပါဝင်ပစ္စည်းများ
ဝက်ပေါင်သား (Pork) - ၆၀ ကျပ်သား
ကြက်သွန်နီ - နှစ်လုံး
ကြက်သွန်ဖြူ - လေးလုံး
တရုတ်နံနံ - နှစ်ပင်
မုန်လာဥနီ - နှစ်လုံး
ချင်း - အနည်းငယ်
ဆီ - ငါးကျပ်သား
ဂါလစ်ဆော့ - လိုအပ်သရွေ့
Cooking Sauce - ဇွန်းကြီး နှစ်ဇွန်း
ပြုလုပ်ပုံအဆင့်ဆင့်
ဝက်သားကို ရေစင်ကြယ်အောင် ဆေးပြီး (Garlie Sauce) ဖြင့် နယ်ပါ။ ပြုလုပ်မည့် အိုးတွင် ဆီအနည်းငယ်ထည့်ပါ။ ဆီကျက်ပါက အထက်ပါ ပြုပြင်ထားသော ဝက်သားကို ထည့်၍ လုံးပါ။ တစ်ဆက်တည်းမှာပင် ဓားပြားရိုက်ထားသော မုန်လာဥနီ၊ ကြက်သွန်နီ/ဖြူ၊ ချင်းတို့နှင့် တရုတ်နံနံ၊ Cooking Sauce တို့ကိုထည့်၍ ရို့စ် (Roast)လုပ်ပါ။
(ရေအနည်းငယ် ထည့်ပါ) အသားနူးနပ်လျှင် အသားတုံးကို ဆယ်ယူ၍ ပါးပါးအလွှာ ကလေးများ လှီးဖြတ်ပြီး စားမည့်ပန်းကန်တွင် ပုံစံကျစွာထည့်ပါ။ ဘေးမှ ဂေါ်ဖီပြုတ်နှင့် အာလူးပြုတ်ကို လှပစွာရံ၍ ဧည့်သည်အား ပေးနိုင်ပါသည်။
မှတ်ချက် - ရို့စ် (Roast) လုပ်ပြီးသားအရည် (Gravy) ကို အသားပေါ်မှ လောင်းပေးရမည်။ အနံ့အရသာမှာ ကြက်သွန်ဖြူ အနံ့အရသာဖြစ်ရမည်။
Ref : The Flower News

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်