ပါဝင်သောပစ္စည်းများ
ငါးဖယ်ခြစ် - ၁၅ ကျပ်သား
ငုံးဥ - ၁၀ လုံး
မှို - အနည်းငယ်
မုန်လာဥနီ - ၂ လုံး
တိုဟူးခေါက် - အနည်းငယ်
ပန်းမုန်လာ - အနည်းငယ်
မုန်ညင်းထုပ် - အနည်းငယ်
ဆား - အနည်းငယ်
ဟင်းခတ်မှုန့် - အနည်းငယ်
ငရုတ်ကောင်း - အနည်းငယ်
ရေ - ၁ လီတာခန့်
ပြုလုပ်ပုံအဆင့်ဆင့်
ပထမဦးစွာ ရေကို ဆား၊ ဟင်းခတ်မှုန့်တို့ထည့်ကာ ဆူပွက်အောင်တည်ပါ။ ရေဆူလျှင် ငါးဆုပ်ကို အလုံးသေးသေးလုံးကာ ထည့်ပါ။ ရေဆေးပြီး ပါးပါးလှီးထားသော မှိုကို ထည့်ပြုတ်ပါ။ ငုံးဥကိုလည်း သပ်သပ်ပြုတ်ပြီး အခွံနွှာကာ ထည့်ပြီး ကြော်ထားသော တိုဟူးခေါက်ကို ပိုင်းပြီးထည့်၊ ပန်းမုန်လာ၊ မုန်လာဥနီ၊ မုန်ညင်းတို့ကို အိုးချခါနီးအချိန်တွင် ထည့်ကာ ကျက်လျှင် ဆားအပေါ့အငန် သင့်အောင်ပြင်၍ ငရုတ်ကောင်း အနည်းငယ် ခတ်ကာ ချထားလိုက်ပါ။ ယခုလို အေးတဲ့ရာသီဥတုနဲ့ အလွန်လိုက်ဖက်တဲ့ ဟင်းတစ်ခွက်ပါ။
Ref : Beauty Max

0 comments:
Post a Comment