့
ပဲပြားလို့ခေါ်ကြတဲ့ တိုဖူးကို ပုဇွန်အသားလေးတွေနဲ့ ပေါင်းမှာ ဖြစ်ပါတယ်။
ဒီဟင်းအတွက် အဓိက လိုအပ်တဲ့ ပဲပြားနဲ့ ပုဇွန်ကို ပြင်ဆင်ပါမယ်နော်..

ပုဇွန်ကို ရေစင်အောင်ဆေး ကျောကအကြောင်းကို ခွာပြီး တောက်တောက်စင်းပါတယ်.. ကြက်သွန်ဖြူ ၂ မွှာလောက်ကိုလည်း တောက်တောက်စင်းပြီး ပုဇွန်အသား၊ ဆား၊ အရသာမှုန့် တို့နဲ့ ရောနယ်ထားပါတယ်။

တိုဖူးများကို ခုလို အနေတော်အရွယ် တုံးပြီး အလယ်က အသားတစ်ချို့ကို ဖယ်ထုတ်ပြီး အခွက်လေးတွေ လုပ်ထားလိုက်ပါတယ်။

ဖယ်ထုတ်လိုက်တဲ့ တိုဖူးအချို့ကို ပုဇွန်အသားနဲ့ ရောလိုက်ပါတယ်။ ထို့နောက် ကြက်ဥ၊ ဂျုံမှုန့် အနည်းငယ်၊ ငရုပ်ကောင်းမှုန့် အနည်းငယ်ထည့်ပြီး နယ်ထားလိုက်ပါတယ်။ ပုဇွန်အစား ငါး၊ ကြက်သား၊ ဝက်သား စသည့်အသားများနဲ့လည်း လုပ်စားနိုင်ပါတယ်။
ပုဇွန်အသားတွေကို တိုဖူးအခွက်လေးတွေထဲ လိုက်ဖြည့်ပါတယ်။

ဒါကတော့ နှမ်းဆီ၊ ပဲငံပြာရည်၊ အသားမှုန့်၊ ဆား တို့ကို ရောမွှေထားတာပါ။ ပဲပြားရဲ့ အနေအထားပေါ်မူတည်ပြီး အပေါ့အငံအတွက် ချင့်ပြီး ထည့်နိုင်ပါတယ်။

၎င်း နှမ်းဆီအရောအနှောကို ပဲပြားများအပေါ် လောင်းချလိုက်ပါတယ်။ သို့မှသာ ပဲပြားထဲ အရသာဝင်ပြီး စားကောင်းမှာဖြစ်ပါတယ်။

ရေနွေးနဲ့ ပေါင်းဖို့အတွက် အိုးတစ်လုံးထဲ ရေထည့်ပြီး တိုဖူးပန်ကန်ကို ရေမထိအောင် တင်လိုက်ပြီး အဖုံးအုပ်က စပြီးပေါင်းပါပြီ။ မိနစ် ၂၀ခန့်ပေါင်းလိုက်ရင် အသားလည်း ကျက်ပြီး အရသာလည်း ကောင်းတဲ့ ပုဇွန်တိုဖူးပေါင်း ရပါပြီ။

ကျက်သွားတဲ့ ပုဇွန်ပဲပြားပေါင်းကို အမြင်လည်း လှအောင် ခုလို ငရုပ်သီးနံနံပင်များ ထည့်လိုက်ပါတယ်

ဆား၊ အသားမှုန့်အရသာတွေ ပဲပြားထဲ ဝင်သွားပြီး နှမ်းဆီနံ့လေး မွှေးနေတဲ့ ပုဇွန်ပဲပြားပေါင်း ရပါပြီ။ လုပ်ရတာ လွယ်ကူမယ်လို့ ထင်ပါတယ်နော်။
by missgreenlady

0 comments:
Post a Comment